Baekhyun ရဲ့ No.1 fan boy လို့ဆိုရမဲ့ NCT Dream အဖွဲ့ဝင် Haechan လေး…

EXO အဖွဲ့ဟာ Kpop 3rd Generation ရဲ့ Kpop kings တွေလို့ သမိုင်းမှာ တင်စားခံရတဲ့ အဖွဲ့ဖြစ်ပါတယ်။ အရမ်းအောင်မြင်သလောက် Fan တွေလည်း အရမ်းများတဲ့ EXO fan တွေထဲမှာ Kpop idol တွေလည်း ပါဝင်ပါတယ်။ ထိုထဲကမှ entertainment တူတဲ့ Junior အဖွဲ့ဖြစ်တဲ့ NCT အဖွဲ့ဝင်တွေကတော့ ပိုအားပေးအကြမ်းဆုံးဖြစ်ပါတယ်။

မကြာသေးမီက NCT DREAM အဖွဲ့ဟာ “7llin’ In The Dream” ဆိုတဲ့ variety show အစီအစဉ်ကို ရိုက်ကူးခဲ့ပါတယ်။ ထိုအစီအစဉ်မှာဆိုရင် အဖွဲ့ဝင်တွေဟာ တနေ့လုံးဆော့ကစားပြီးတဲ့နောက်မှာ အပန်းဖြေအိမ်ရာမှာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ အားလုံးဟာ ချက်ပြုတ်တာ နဲ့ အလုပ်ရှုပ်နေကြပေမဲ့ Baekhyun ရဲ့ Candy သီချင်း ဖွင့်လိုက်တဲ့အခါမှာတော့ NCT dream အဖွဲ့ဝင်တွေအကုန်လုံး သီချင်းနဲ့ စီးမျောသွားကြပါတယ်။

Haechan ကတော့ ဆိုလည်းဆို ကလည်းကနဲ့ အရမ်းပျော်နေခဲ့ပါတယ်။ ဒါ့အပြင် 6နာရီထိုးမှာကိုစောင့်နေတာဖြစ်ကြောင်း Baekhyun sunbae ရဲ့ သီချင်းအသစ်”Bambi” ထွက်မှာဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိကြောင်း Renjun ကို ပြောပြခဲ့ပါတယ်။

တကယ်တမ်း 6 နာရီထိုးလို့ Bambi သီချင်းထွက်လာတဲ့အချိန်မှာ Haechan ဟာ ခုမှနားထောင်တယ်ဆိုပေမဲ့ Chorus အပိုဒ်ကို လိုက်ဆိုနေတဲ့အပြင် Baekhyun ရဲ့ vocal နဲ့ ပက်သက်ပြီး
အံ့ချီးမကုန်ဖြစ်ကာ ချီးကျူးနေခဲ့ပါတယ်။

ဒါ့အပြင် bubble မှာပါ သူ့fan တွေကို bambi သီချင်းကို နားထောင်ကြည့်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ EXO fan တွေကတော့ No.1 fan boy ဘဲဆိုပြီး Haechan ကို မှတ်ချက်ကောင်းတွေပေးခဲ့ကြပါတယ်။

Source: Koreaboo
Written: Violet

Share