ကိုရီးယားရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်​ဆောင်ချင်ပါတယ်လို့ ဖွင့်ဟ​ပြောဆိုခဲ့တဲ့ မင်းသမီးကြီး Angelina Jolie

ကမ္ဘာက​ေျာ် မင်းသမီးကြီး Angelina Jolie ဟာ ကိုရီးယားက သူ့အတွက် အထူးတလည် ​နေရာဖြစ်တယ်လို့ ​ပြောပြပြီး ​တောင်ကိုရီးယားနဲ့ ပတ်သက်တဲ့ သူမရဲ့ ချစ်ခြင်း​မေတ္တာကို ​ဖော်ပြခဲ့ပါတယ်။ Jolie ဟာ ‘Those Who Wish Me Dead’ ရုပ်ရှင်ဇာတ်ကားအတွက် ပြုလုပ်ခဲ့တဲ့ ဗီဒီယို သတင်းစာရှင်းလင်းပွဲမှာ “ကျွန်မ ကိုရီးယားကို ​နောက်တစ်ခါ ထပ်သွားနိုင်မယ့်​​နေ့ကို ​စောင့်​မျှော်​နေပါတယ်။

အခွင့်အ​ရေးသာရှိမယ်ဆိုရင် ကိုရီးယား ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်​ဆောင်ချင်ပါတယ်” လို့ ဖွင့်ဟ​ပြောဆိုခဲ့ပါတယ်။ တကယ်​တော့ Angelina Jolie ဟာ သူမရဲ့ ရုပ်ရှင်ဇာတ်ကား​တွေကို ပရိုမိုးရှင်းဆင်းဖို့အတွက် ကိုရီးယားကို ​ရောက်ဖူးသလို သူမရဲ့ သား Maddox က Yonsei University မှာ တက်​ရောက်​နေတဲ့အတွက် မိဘအုပ်ထိန်းသူတစ်ဦးအ​နေနဲ့လည်း ကိုရီးယားကို သွား​ရောက်လည်ပတ်ဖူးပါတယ်။

ထို့အပြင် Marvel ဟီးရိုးရုပ်ရှင်ကား ‘The Eternals’ မှာ မင်းသားကြီး Ma Dong Seok နဲ့ အလုပ်အတူတွဲလုပ်ဖူးတဲ့အတွက် သူမဟာ ကိုရီးယားနဲ့ ထူးခြားတဲ့ ​ရေစက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သတင်း​​ထောက်တစ်ဦးက “ကိုရီးယားဟာ သင့်အတွက် ဘယ်လိုနိုင်ငံမျိုးလဲ” လို့ ​မေးမြန်းခဲ့တဲ့အခါမှာ​တော့ ​တွေ​ဝေခြင်းအလျဉ်းမရှိပဲ အထူးနိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

သူမဟာ “ကျွန်မ ကိုရီးယားမှာ ​ပျော်ရွှင်စရာအချိန်​တွေရှိခဲ့တယ်။ ပြီး​တော့ အနာဂတ်မှာလည်း ကိုရီးယားမှာ ပိုများတဲ့ အချိန်​တွေကို ကုန်ဆုံးချင်တယ်” လို့ ​ပြောခဲ့ပါတယ်။ The actress further explained, “COVID-19 ကပ်​ရောဂါဖြစ်​နေ​ပေမဲ့ Maddox က ကိုရီးယားစာကို ဆက်ပြီး ကြိုးစားသင်ယူ​နေသလို တစ်ခါတစ်​လေ ကျွန်မကို​တောင် ပြန်သင်​ပေး​သေးတယ်” လို့ Yonsei University က​နေ ခွင့်ယူပြီး အိမ်မှာ ပြန်​​နေ​နေတဲ့ သူမရဲ့ သားအ​ကြောင်းကိုလည်း အနည်းငယ် ​ဝေမျှ​ပေးခဲ့ပါတယ်။

ထို့​နောက် Angelina Jolie ကို “ဒါရိုက်တာတစ်ဦးအ​နေနဲ့ အတူအလုပ်တွဲလုပ်ချင်တဲ့ ကိုရီးယားသရုပ်​ဆောင်များ ရှိပါသလား” လို့ ​မေးမြန်းခဲ့ရာမှာ​တော့ “အများကြီးရှိပါတယ်။ တစ်​ယောက်တည်းကို ​ရွေးဖို့ အင်မတန်ခက်ခဲပါတယ်” လို့ ​ဖြေကြားခဲ့ပါတယ်။

မင်းသားကြီး Ma Dong Seok နဲ့ ပတ်သက်လို့ “ကျွန်မတို့ အလုပ်အတူလုပ်ခဲ့ကြတယ်။ သူဟာ အရည်အချင်းရှိပြီး ထူးချွန်တဲ့ သရုပ်​ဆောင်တစ်​ယောက်ဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးအတွက်တစ်ဦး မိတ်​ဆွေ​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​​ကောင်း​တွေ ဖြစ်လာခဲ့ပါပြီ” လို့ ​ပြောကြားခဲ့ပါတယ်။

ထို့အပြင် Jolie က “ကိုရီးယား ဇာတ်ကား ဒါမှမဟုတ် ကိုရီးယား ဒါရိုက်တာကရိုက်တဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရရင် ​သိပ်ကောင်းမှာပဲ။ အနာဂတ်မှာ ကိုရီးယားရုပ်ရှင်​လောကနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်ချင်ပါတယ်” လို့ ​ပြောကြားပြီး အဆုံးသတ်ခဲ့ပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL

Share