Album အသစ်ထွက်ရှိဖို့ကြိုးစားခဲ့ရပုံနှင့် Lay ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုများ

EXO အဖွဲ့ဝင် Lay Zhang ကတော့ သူ့ရဲ့နောက်ထပ် Album အသစ် “PRODUCER” ကို မတ်လပိုင်းတုန်းကထုတ်ဝေပေးခဲ့ပြီး စံချိန်သစ်တွေတင်ထားပါသေးတယ်။ ဒီ Album သစ်ကိုပြင်ဆင်ချိန်တုန်းက သူ့ရဲ့ခံယူချက်ကိုလည်း အင်တာဗျူးမှာပြောပြလာခဲ့ပါသေးတယ်။

သူ့အနေနဲ့ EXO အဖွဲ့ဝင်တစ်ယောက်အနေနဲ့ကော၊ တရုတ်မှာ အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ Solo artist အပြင် Chromosome Entertainment Group ရဲ့ အကြီးအကဲအနေနဲ့ပါ အနုပညာအလုပ်ကို နက်နက်နဲနဲအခြေချလုပ်ကိုင်နေတာကြောင့် သူ့အတွက် ကိုယ်ရည်ကိုယ်သွေးမြင့်တက်လာအောင်ပံ့ပိုးပေးတဲ့ အထောက်အပံ့တွေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

Lay က “Album အသစ်ဖြစ်တဲ့ “PRODUCER” ကို ထုတ်လုပ်ရတာဟာ မလွယ်ကူခဲ့ပါဘူး။ ပြင်ဆင်နေတုန်းတလျှောက်လည်း အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအများကြီးကြုံတွေ့ခဲ့ရတယ်။ အခက်အခဲဆုံးအပိုင်းကတော့ ဒီ Album သစ်ထဲမှာပါမယ့်သီချင်းတွေကို ပိုပြီးကောင်းအောင် ဆန်းသစ်တီထွင်ရတာဟာ အခက်ခဲဆုံးပါပဲ။

ကျွန်တော့်ရဲ့သီချင်းသစ်တွေကိုနားဆင်မိတဲ့သူတိုင်း ခံစားချက်အသစ်လေးတွေရသွားစေချင်တာကြောင့် တော်တော်လေးပြင်ဆင်အားထုတ်ခဲ့ရပါတယ်။ “LIT” ကို ပြင်ဆင်တုန်းက ကျွန်တော့်ရဲ့စိတ်ထဲမှာ တက်ကြွပြီးဆုလာဒ်ကြီးတစ်ခုလိုခံစားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်ဖြစ်တဲ့ ကုမ္ပဏီတည်ထောင်ဖို့က အထမြောက်အောင်မြင်ခဲ့လို့ပါပဲ။

Chromosome Entertainment Group ရဲ့အကြီးအကဲအနေနဲ့ဦးဆောင်ရင်း ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာဟာ မလွယ်ကူကြောင်းသဘောပေါက်လာခဲ့တယ်။ ကုမ္ပဏီအတွက်အကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ချရတာတွေဟာ တခါတရံမှာတော့ တော်တော်လေးဦးနှောက်ချရတယ်။

တစ်ဖက်မှာလည်း အနုပညာရှင်တစ်ယောက်ဖြစ်နေပြန်တော့ အဖက်ဖက်ကလေ့ကျင့်ရင်း Studio ထဲမှာပဲ အချိန်ကုန်ဆုံးမိနေတော့တာပါ။ ဒါ့အပြင် စိတ်ကူးဉာဏ်အသစ်တွေနဲ့ ဆန်းသစ်တာတွေတီထွင်ဖို့ ကိုယ့်ဘာသာတွန်းအားပေးမိနေပြန်ပါတယ်။

ပရိသတ်တွေအတွက် အသစ်အသစ်သောအရာတွေကို ချပြချင်ပါတယ်။ ဒီနှစ် ၂၀၂၁ မှာတော့ ကိုယ့်ကိုယ်ကိုနဲ့ ကျွန်တော့်ကုမ္ပဏီက Trainee တွေကို ပိုပြီးအာရုံစိုက်ဖြစ်မှာပါ။ သူတို့နဲ့အတူတူ project အသစ်တွေလုပ်နေတာလည်းရှိတယ်လေ..ဒါကြောင့် ပိုပြီးအာရုံစိုက်ရမယ့်အရာတွေ ရှိလာပြီ။

အခုလောလောဆယ်တော့ ကွဲပြားတဲ့ဂီတသံစဥ်တွေနဲ့ စိတ်ကူးဉာဏ်တွေရဖို့ လေ့လာနေပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။ Lay ကတော့ သူ့ရဲ့ပရိသတ်တွေအတွက်ဆိုရင် အမြဲတမ်း တစ်ခုမဟုတ်တစ်ခုတော့ ပြင်ဆင်နေတော့တာပါပဲ။ April 19 ရက်နေ့မှာတော့ Lay ဟာ “LIT” သီချင်းရဲ့ Physical Album ကို ထုတ်ပေးခဲ့ပြီး ၆ စက္ကန့်အတွင်းမှာပဲ အချပ်ရေအားလုံး ရောင်းထွက်သွားခဲ့ပါတော့တယ်။

မတ်လမှာထွက်ခဲ့တဲ့ “Producer” Album ကလည်းပဲ C-pop နယ်ပယ်ရဲ့ စံချိန်ပေါင်းများစွာချိုးနိုင်ခဲ့တဲ့ album ဖြစ်လာခဲ့တာပါ။ ပရိသတ်အားလုံးကတော့ Lay ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ချီးမွမ်းခဲ့ကြပြီး အဖက်ဖက်ကနေလည်း အပြည့်အဝကို ထောက်ပံ့နေပါတော့တယ်။

Source: kpopstarz
Photos: official Weibo
Written: Nay Chi

Share