တစ်နှစ်ကို တစ်ကားနှုန်းဖြင့်သာ ဇာတ်လမ်းရိုက်ကူးလေ့ရှိတဲ့ Thai TV3 မှ ထိပ်တန်းအနုပညာရှင် ၇ ဦး

လက်ရှိမှာ ထိုင်းဇာတ်လမ်းတွဲတွေကလည်းအများအပြားထွက်ရှိလာနေတာဖြစ်ပါတယ်။ သို့ပေမဲ့ များပြားလှသော အလုပ်အချိန်ဇယားတွေကြောင့် တစ်နှစ်ကို ဇာတ်လမ်းတွဲတစ်ခုနှုန်းဖြင့်သာ လက်ခံရိုက်ကူးကြတဲ့ Thai TV3 မှ ထိပ်တန်းအနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Pope Thanawat

မင်းသား Pope Thanawat ဟာ များသောအားဖြင့် လက်ရှိရိုက်ကူးနေတဲ့ဇာတ်လမ်းကိုအပြီးသတ်ပြီးမှသာ ဇာတ်လမ်းသစ်နောက်တစ်ခုကို ထပ်မံရိုက်ကူးလေ့ရှိသူပါ။ ဇာတ်လမ်းတစ်ခုရိုက်ကူးမယ်ဆိုရင် ပျမ်းမျှအားဖြင့် အနည်းဆုံး အချိန် ၈ လ မှ တစ်နှစ်ထိကြာမြင့်တာကြောင့် တစ်ခုပြီးစီးမှ တစ်ခုရိုက်ကူးတတ်တဲ့ Pope ကတော့ တစ်နှစ်မှာ တစ်ကားနှုန်းသာ ရိုက်ကူးလေ့ရှိတဲ့မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။

Yaya Urassaya

ပြီးခဲ့တဲ့ ၃ နှစ်အထိ Yaya Urassaya ဟာ တစ်နှစ်ကို တစ်ကားနှုန်းသာရိုက်ကူးခဲ့ပါတယ်။ Yaya လေးကို အားပေးချင်တဲ့ပရိသတ်ကြီးကတော့ ဇာတ်လမ်းသစ်ထွက်လာဖို့ ကြာမြင့်စွာစောင့်ရသလို ဒီနှစ်အတွက်တော့ Anne Thongprasom ကိုယ်တိုင်ထုတ်လုပ်ပေးမယ့် Yaya နဲ့ Mario တို့ရဲ့ “Bad Romeo” ဇာတ်လမ်းကိုတော့ ကြည့်ရှုဖို့သိပ်မလိုတော့ပါဘူး။

Kimmy Kimberley

နာမည်ကြီးလာတာနဲ့အမျှ Kimmy Kimberley ဟာလည်း တစ်နှစ်ကို ဇာတ်လမ်းတွဲတစ်ခုကိုသာ လက်ခံရိုက်ကူးနိုင်ပါတော့တယ်။ လက်ရှိမှာတော့ Kimmy ရဲ့ “Song Sanaeha” ဇာတ်လမ်းတွဲကို Thai TV3 မှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပြီး အားပေးမှုတွေရရှိနေပါတော့တယ်။ မကြာခင်မှာတော့ Kimmy ဟာ “Thong Aek Mor Yah Tah Chalong: Season 2” ကို လက်ခံရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။

Mario Maurer

၂၀၁၀ ကတည်းက Thai TV3 နဲ့ လက်တွဲပြီး အလုပ်လုပ်လာခဲ့တဲ့ Mario Maurer ကတော့ လက်ရှိအချိန်ထိ ဇာတ်လမ်းတွဲ ၁၀ ခုကိုသာ ရိုက်ကူးထားပါတယ်။ ဒီနှစ် ၂၀၂၁ မှာတော့ Mario ဟာ Yaya Urassaya နဲ့အတူ “Bad Romeo” ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။

Taew Natapohn

များပြားလှတဲ့အလုပ်အချိန်ဇယားကြောင့် နောက်ပိုင်းကာလတွေမှာ မင်းသမီး Taew Natapohn ဟာ တစ်နှစ်ကို တစ်ကားသာ လက်ခံရိုက်ကူးပါတော့တယ်။ ၂၀၁၉ တုန်းက Ter Chantavit နဲ့အတူ “Ruk Jung Aoey” ကို ရိုက်ကူးခဲ့ပြီး ၂၀၂၀ မှာတော့ “Leh Bunpakarn” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးနေပါတယ်။ ဒါ့အပြင် “Game Lah Torrachon” ဆိုတဲ့ Remak အက်ရှင်ဇာတ်လမ်းမှာလည်း Mark Prin နဲ့အတူရိုက်ကူးနေတာလည်းဖြစ်ပါတယ်။

Mew Nittha

နာမည်ကျော်မင်းသမီးလေး Mew Nittha ကတော့ လက်ရှိမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သမီးဦးလေးဖြစ်တာကြောင့် ဇာတ်လမ်းရိုက်ကူးမှုတွေကနေ ခေတ္တအနားယူထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး Mew ဟာလည်းပဲ တစ်နှစ်တစ်ကားနှုန်းသာ လက်ခံရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဇာတ်လမ်းသစ် “Duang Tah Tee Sarm” ကတော့ ရိုက်ကူးမှုပြီးစီးသွားတာဖြစ်ပြီး မကြာခင်ထုတ်လွှင့်ပြသတော့မှာပါ။

Nadech Kugimiya

နာမည်ကြီးမင်းသား Nadech Kugimiya ကလည်းပဲ အလုပ်အချိန်ဇယားပြည့်နှက်နေသူဖြစ်တာကြောင့် ဇာတ်လမ်းအများကြီး လက်ခံရိုက်ကူးမှုတွေ မပြုလုပ်တော့ပါဘူး။ တစ်နှစ်တစ်ကားနှုန်းဆိုတဲ့အတိုင်း အစီအစဥ်ဆွဲလာရာက ဒီနှစ်အတွက်တော့ “Mon Ruk Nong Pak Ka Yaeng” ဇာတ်လမ်းတွဲကို ကြည့်ရှုအားပေးရမှာပါ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share