မကြာခင်ထွတ်လွှင့်ပြသတော့မယ့် မင်းသားချော Jin Han နဲ့ မင်းသမီး Pen Xiaoran တို့ပါဝင်တဲ့ Jin Jiuling ဇာတ်လမ်းတွဲ

Jin Jiuling လို့အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Xie Je ကတာဝန်ယူရိုက်ကူးမှာဖြစ်ပြီး Li Ming Chao ရေးသားထားတဲ့ ဇာတ်ညွှန်းကို အသက်သွင်းပုံဖော်မှာဖြစ်ပါတယ်။ Youku ထုတ်လုပ်ကနေ မကြာခင်ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး ထုတ်လွှင့်ပြသမယ့်ရက်အတိအကျကိုတော့ ဆက်လက်ကြေညာသွားမယ်လို့သိရပါတယ်။

အပိုင်း(၄၀)ပါဝင်မယ့် Historical, Mystery, Romance, Ancient ဇာတ်လမ်းတွဲဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ကတော့ Jin Han, Peng Xiaoran, Du Ya Fei, Wang You Shou, Zhou Zhan, Chen Fangtong, Liu Jun, Juan Zi တို့ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲရဲ့ပုံစံကတော့ Chu Jiuling (ဘုရင်ဟောင်းရဲ့သမီးတော်) ရဲ့မင်္ဂလာဆောင်နေ့မှာ သူမရဲ့ဖခင်ကိုသတ်ခဲ့တဲ့သူဟာ သူမရဲ့ဦးလေး(လက်ရှိထီးနန်းစံဘုရင်)ဖြစ်ကြောင်းသိရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ သူမဟာ လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအကြံအစည်ကိုလက်ရှိဘုရင်ရဲ့သက်တော်စောင့်တစ်ယောက်ဖြစ်သူ သူမရဲ့ခင်ပွန်းကရိပ်မိသွားခဲ့ပြီး သူမကိုပါသတ်ဖြတ်ရန်ကြံစည်ပါတော့တယ်။

သို့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူမကို နန်းတွင်းသမားတော် Zhang Qingshan ကယ်တင်ခဲ့တာကြောင့် အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Chu Jiuling ဟာ Jun Zhenzhen နှင့်အတူပြန်လည်ရောက်ရှိလာပြီး လက်ရှိဘုရင်ရဲ့အကြံအစည်တွေကိုဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြီး Fang မိသားစုရဲ့အကူအညီကိုရယူခဲ့ပါတယ်။

သူမဟာထူးချွန်တဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနဲ့ထူးကဲကောင်းမွန်မှုကြောင့် သူမရဲ့နာမည်ကို Jun Jiuling လို့ပြောင်းလဲလိုက်ပြီး နန်းတွင်းသမားတော်တစ်ယောက်ဖြစ်လာရန် မြို့တော်ကိုသွားခဲ့ပါတယ်။ လုပ်ပိုင်ခွင့်တွေအပေါ်မှာအခြေခံပြီး လိုအပ်သည်များကိုစီမံခန့်ခွဲပြီးတဲ့နောက် နိုင်ငံရေးတရားရုံးရဲ့နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကိုဖော်ထုတ်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ သူမဟာ ပြည်သူတွေရဲ့နှလုံးသားကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ဖခင်သေဆုံးခဲ့ရတဲ့အမှန်တရားကိုရှာဖွေတွေ့ရှိခဲ့ပြီး တရားမျှတမှုကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အစီအစဉ်တကျလက်စားချေခြင်းရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းနဲ့အတူ Chen Zhu Zan ၊ Ning Yunzhao နဲ့ သူမရဲ့ခင်ပွန်းဟောင်း Lu Yunqi တို့ကြားက သူမကိုအခြေတည်နေတဲ့ ကွဲပြားခြားနားရှုပ်ထွေးပွေလီရင်ခုန်စရာသံယောဇဉ်နှောင်ကြိုးတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Written: Nair Nair
Source: Weibo
Photos: Dramacools

Share