အေဂျင်စီကို စွဲချက်တင်ဆိုဖို့ ပြင်ဆင်​နေတဲ့ မင်းသား Kim Jung Hyun

မင်းသား Kim Jung Hyun ရဲ့ အကြံ​ပေးက ​​မေလ ၁၂ ရက်​နေ့မှာ ​ကြေငြာချက်တစ်​စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါက​တော့ Kim Jung Hyun နဲ့ သူ့ရဲ့ ​အေဂျင်စီဖြစ်တဲ့ O& Entertainment တို့ရဲ့ကြားက စာချုပ်ဟာ ​မေလ ၁၂ ရက်​နေ့မှာ သက်တမ်းကုန်ဆုံးသွားပြီဆိုတဲ့အ​ကြောင်းပဲဖြစ်ပါတယ်။

ထို့အပြင် ​အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်​တွေ၊ Kim Jung Hyun ရဲ့ မမှန်မကန်သတင်းတွေကို တာဝန်ယူပြီး ​ဖြေရှင်း​ပေးမှုမရှိတာ​တွေ၊ မျှတမှု မရှိဘူးလို့ ယူဆရတဲ့ ဆက်ဆံမှု​တွေ​နဲ့ ပတ်သက်လို့​အေဂျင်စီကို တာဝန်ယူဖို့ ​ဆွေး​နွေးခဲ့​သော်လည်း ​အေဂျင်စီဘက်က ​ဆွေး​နွေးချင်တဲ့ ပုံမ​ပေါ်တာ​ကြောင့် ​O& Entertainment ကို စွဲဆိုသွားမှာဖြစ်​ကြောင်း ​ပြောကြားလိုက်ပါတယ်။

‘Time’ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး Kim Jung Hyun နှုတ်ဆိတ်​နေတာဟာ သူ့အ​နေနဲ့ သရုပ်​ဆောင်တစ်​ယောက်ရဲ့ တာဝန်ကို ထမ်း​ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အပြစ်ရှိသလို ခံစားရတာ​ကြောင့်ဖြစ်ပြီး ထိုအဖြစ်အပျက်​တွေအတွက် ​တောင်းပန်ဖို့ကို ဦးစား​ပေးစဉ်းစားခဲ့​ကြောင်း၊ ​အေဂျင်စီအတွက် စဉ်းစား​ပေးရင်း ​​တောင်းပန်ဖို့ ​နောက်ကျလာတာနဲ့အမျှ အဖြစ်မှန်ထက်ပိုတဲ့ သတင်း​တွေ ပျံ့နှံ့လာခဲ့ပြီး ထိုကိစ္စ​တွေအတွက် ​အေဂျင်စီဘက်က တာဝန်ယူမှုမရှိခဲ့ဘူးလို့ အကြံ​ပေးက ​ပြောပါတယ်။

မင်းသား Kim Jung Hyun ဟာ ‘Time’ ဇာတ်လမ်းတွဲမရိုက်ကူးမီတည်းက ကျန်းမာ​ရေးမ​ကောင်း​ကြောင်း ​အေဂျင်စီကို ​ပြောခဲ့ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်တဲ့​နေ့မှာလည်း အန်ပြီး ​နေမ​ကောင်းဖြစ်​နေခဲ့​ပေမဲ့ ​အေဂျင်စီက အတင်းတက်​ရောက်​စေခဲ့တယ်လို့ ဆိုပါတယ်။

‘Time’ ဇာတ်လမ်းတွဲက နုတ်ထွက်တာဟာလည်း မင်းသမီး Seo Ye Ji ​ကြောင့် မဟုတ်ပဲ ကျန်းမာ​ရေး​ကြောင့်သာဖြစ်တယ်လို့ ​​ပြောထားပါတယ်။ ထို့​ကြောင့် ​အေဂျင်စီက သူတို့ရဲ့ အနုပညာရှင်ကို ကာကွယ်​စောင့်​ရှောက်ဖို့ တာဝန်ပျက်ကွက်ခဲ့ပြီး ​ရှေ့​လျှောက် Kim Jung Hyun နဲ့ ပတ်သက်ပြီး ပေါကရတွေဖြန့်တာ​တွေ၊ စာချုပ်သက်တမ်းနဲ့ ပတ်သက်တာ​တွေအတွက် ​ဖြေရှင်းသွား​တော့မယ်လို့ သူက ဆက်​ပြောထားပါတယ်။

တစ်ဖက်မှာလည်း O& Entertainment ဟာ နှစ်စဉ်အရှုံး​ပေါ်​နေတာ​ကြောင့် လာမယ့် ​မေလ ၃၁ ရက်​နေ့မှာ ​​အေဂျင်စီကို ဖျက်သိမ်း​တော့မှာဖြစ်​ကြောင်း ဝန်ထမ်း​တွေကို အသိ​ပေးထားပြီးဖြစ်တယ်လို့ YTN သတင်းဌာနက​ ​ပြောပါတယ်။ ဒါဟာ မင်းသား Kim Jung Hyun ရဲ့ ပြဿနာ​တွေ မ​ပေါ်​ပေါက်ခင်တည်းက ​အေဂျင်စီဖျက်သိမ်းဖို့ ​ကြေငြာထားတာဖြစ်ပါတယ်။

O& Entertainment ရဲ့ မူလကုမ္ပဏီက ထုတ်လုပ်​ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ​ဖျော်​ဖြေ​ရေးလုပ်ငန်းမှာ အ​တွေ့အကြုံမရှိတဲ့အတွက် ​စီမံခန့်ခွဲမှု မ​ကောင်းခဲ့တာဖြစ်ပြီး Kim Jung Hyun ဟာ သူတို့အတွက် ဝင်​ငွေရစရာ တစ်ခုတည်း​သော အရင်းအမြစ်ဖြစ်ပါတယ်။

​အေဂျင်စီဖျက်သိမ်း​​တော့မှာဖြစ်တာကြောင့် Kim Jung Hyun က မင်းသမီး Seo Ji Hye ရှိတဲ့ Culture Depot ​အေဂျင်စီနဲ့ စာချုပ်ချုပ်ဖို့ ​ဆွေး​နွေး​နေခဲ့တာဖြစ်ပြီး လူ​တွေက Kim Jung Hyun ကို စာချုပ်​ဖောက်ဖျက်တယ်လို့ အထင်လွဲခဲ့ကြတာ ဖြစ်ပါတယ်။ ထို့အပြင် မင်းသား Kim Jung Hyun ဟာ ၂၀၁၉ က စပြီး စိတ်ဖိစီးတွေအတွက်ကုသမှု ခံယူခဲ့ရ​ကြောင်း YTN သတင်းက ​ဖော်ပြထားပါတယ်။

Kim Jung Hyun ဟာ မကြာ​သေးမီက ‘Time’ ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်​ရေးအဖွဲ့နဲ့ ​တွေ့ဆုံခဲ့ပြီး ဇာတ်လမ်းတွဲက​နေ နုတ်ထွက်ခဲ့မှုအ​ပေါ် ​တောင်းပန်ခဲ့တယ်လို့ SPOTV သတင်းဌာနက ​ပြောထားပါတယ်။ Jang Joon Ho PD က​​တောင် Kim Jung Hyun ဆက်ပြီးသရုပ်​ဆောင်ဖို့ စိတ်ပြန်ရှိလာတဲ့အခါ သူ့ရဲ့ ဇာတ်ကား​တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့​သေးတယ်လို့ ဆိုပါတယ်။

ယခင်က Kim Jung Hyun ဟာ ‘Time’ ဇာတ်လမ်းတွဲက သရုပ်​ဆောင်​တွေ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း​ရေးဆရာနဲ့ ထုတ်လုပ်​ရေးအဖွဲ့​တွေကို ​တွေ့ဆုံပြီး ​တောင်းပန်သွားမယ်လို့ လက်​ရေးစာတစ်​​စောင် ထုတ်ပြန်ခဲ့ပြီး ခု​တော့ ထိုကတိကို တည်ခဲ့ပြီ ဖြစ်ပါတယ်။ မင်းသား Kim Jung Hyun အ​နေနဲ့ သရုပ်​ဆောင်ဆက်လုပ်ပြီး ဇာတ်ကား​တွေ ဆက်လက်ရိုက်ကူးဖို့ ဆန္ဒရှိ​နေ​ကြောင်းလည်း သူ့ရဲ့ အကြံ​ပေးက ​ပြောထားပါတယ်။

Source : Koreaboo
Photo : Naver
Written : ZL

Share