“Doom at Your Service” Drama အတွက် ost ဇာတ်ဝင်တေးသီချင်းများ သီဆိုထားတဲ့ Baekhyun, TXT, Alice ….etc

နာမည်ကြီး Goblin ဇာတ်ကားဟာ tvN က နေ ရိုက်ကူးထားတာဖြစ်ပါတယ်နော်။ ခုလည်း Goblin လိုမျိုး ထူးထူးဆန်းဆန်း ဇာတ်အိမ်လေးနဲ့ ရိုက်ကူးထားတဲ့ “Doom at Your Service” Drama ဟာ အပတ်စဉ် တနင်္လာနဲ့ င်္အဂါနေ့တိုင်း tvN ကနေ ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေး Park Bo Young ဟာ ဦးနှောက်ကင်ဆာ ခံစားနေရတဲ့ Webtoon အယ်ဒီတာ အဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Seo In Guk ကတော့ လူသားတွေနဲ့နတ်ဘုရားကြားက ဆက်သွယ်သူ ဂြိုလ်ဆိုး အဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် သွေးစုပ်ဖုတ်ကောင် မင်းကြီးဆိုပြီး မြန်မာပရိသတ်တွေ အသိများတဲ့ Lee Soo Hyuk နဲ့ SF9 အဖွဲ့ဝင် Daewon တို့လည်း ပါဝင်တာမို့ ကြည့်ရမှာ အတော်မိုက်နေပါပြီ။ Kpop သီချင်းတွေ အရမ်းခေတ်စားသလို Kdrama တွေရဲ့ ost ဇာတ်ဝင်တေးသီချင်းတွေဟာလည်း တကားပြီးရင် ပြီးသွားသလို ပရိသတ်တွေရဲ့ ရင်ထဲမှာစွဲကျန်ရစ်နေခဲ့တာပါ။

ခု ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းတွေကလည်း အထင်ကရ အဆိုတော်တွေ သီဆိုထားတာမို့ ပေါက်အုံးမယ်ထင်ပါတယ်။ Company က ထုတ်ပြန်ခဲ့တဲ့ ဒီ ဇတ်ကားမှာ ပါဝင်သီဆိုသွားမဲ့ အဆိုတော်တွေကတော့…

  • Korea ကိုယ်စားပြု တေးသံရှင် “Gummy”

  • Double million Seller ဖြစ်တဲ့ EXO အဖွဲ့ဝင် Baekhyun

  • Best Vocal Duo “Davichi”

  • Korea ဘီယွန်းဆေးလို့ တင်စားရမဲ့ “Ailee”

  • ခုတလောရေပန်းစားနေတဲ့ Boy Group အသစ်လေး TXT

  • ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်မင်းသား Seo In Guk

Source: Koreaboo
Written: Violet
Photo Credit: tvN

Share