အေဂျင်စီနဲ့ လမ်းခွဲပြီး ကိုယ်ပိုင်လမ်းသစ်ကိုလျှောက်လမ်းကြတော့မယ်ဆိုတဲ့ G Friend

KPop လောကရဲ့ ထူးခြားဆန်းပြားတဲ့ ကကွက်တွေ၊ တင်ဆက်မှုတွေကြောင့် ကျော်ကြားတဲ့ GFriend ကတော့ အေဂျင်စီ Source Music နဲ့ လမ်းခွဲလိုက်ပီဖြစ်ပါတယ်။ အေဂျင်စီ Source Music မှ Gfriend အဖွဲ့နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုမှာ မအောင်မြင်ခဲ့ပဲ အဖွဲ့နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Source Music မှာ သတင်းမီဒီယာများကိာ ပြောကြားခဲ့တာကတော့… “မင်္ဂလာပါ။ Source Music ပဲဖြစ်ပါတယ်။ Gfriend နဲ့ Source Music တို့ရဲ့ တရားဝင်စာချုပ်ဟာ ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်မှာကုန်ဆုံးသွားမှာပဲ ဖြစ်ပါတယ်။ Gfriend နဲ့ Source Music တို့ အပြန်အလှန် ဂရုတစိုက် ဆွေးနွေးခဲ့ကြပီးနဲ့နောက်မှာတော့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး နှစ်ဖက်လုံးမှလည်း ပိုမိုကောင်းမွန်တဲ့ ပဲ့ရိပ်တွေကို ချပြနိုင်ဖို့ ကြိုးစားသွားမှာပါ။

ပီးခဲ့ ၆ နှစ်အတွင်းမှာ Gfriend အဖွဲ့ဟာ များပြားစွားသော သီချင်းပုံစံ၊ တင်ဆက်မှုပုံစံတွေနဲ့ အကပုံစံများစွာ ချပြနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်များစွာ၊ အားပေးမှုများစွာကိုလည်း ရရှိခဲ့ပြီး အမျိုးသမီးအဖွဲ့တစ်ခုအနေနဲ့ Generation အသစ်တစ်ခုအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒီလို Gfriend ရဲ့ ခရီးစဉ်တစ်လျှောက်မှာ Source Music အနေနဲ့ အတူတကွ လျှောက်လှမ်းခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Gfriend တို့ကို ချစ်ခင်အားပေးခဲ့ကြတဲ့ BUDDY လေးတို့ကိုလည်း များစွာကျေးဇူးတင်မိပါတယ်။ ဆက်လက်ပြီးလည်း လမ်းသစ်တွေကို လျှောက်လှမ်းပြီး စိန်ခေါ်သွားမယ့် Gfriend ရဲ့ အဖွဲ့ဝင်အားလုံးကိုလည်း အားပေးဖို့ တောင်းဆိုလိုပါတယ်။ Source Music မှလည်း အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ခြေလှမ်းသစ်ကို အားပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောလိုပါတယ်။” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Gfriend အဖွဲ့ အဖွဲ့အနေနဲ့ဆက်ရှိမလား၊ အဖွဲ့ရုပ်သိမ်းတော့ မလားဆိုတာကိုတော့ Source Music အနေနဲ့ တိတိကျကျ မကြေညာသွားခဲ့ပါဘူး။ ကနဦးသတင်းတွေအရတော့ Gfriend အဖွဲ့ဝင်တွေဟာ လမ်းခွဲပြီး တစ်ဦးချင်းစီ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ Gfriend အဖွဲ့ ရုပ်သိမ်းမလား၊ အဖွဲ့အနေနဲ့ပဲ ဆက်လက်ရှိနေမလားဆိုတာ ဆက်လက် နားစွင့်နေကြရမှာပဲ ဖြစ်ပါတယ်။

Source: Koreaboo
Photo: Source Music
Written: 비

Share