Baeksang ဆု​ပေးပွဲမှာ Yoo Jae Suk ကို မ​လေးမစား ဆက်ဆံခဲ့လို့ မင်းသားမင်းသမီးအချို့ ​ဝေဖန်ခံ​နေရ

၅၇ ကြိမ်​မြောက် Baeksang Arts Awards ဆု​ပေးပွဲကို ပြီးခဲ့တဲ့ ​မေလ ၁၃ ရက်​နေ့ညက ပြုလုပ်ကျင်းပခဲ့ပြီး အရည်အချင်းပြည့်ဝပြီး ဝါရင့် အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Yoo Jae Suk ဟာ Daesang (Grand Prize) ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သို့​သော်လည်း အင်တာနက် သုံးစွဲသူတစ်ဦးဟာ Yoo Jae Suk ဆုရရှိချိန်မှာ တချို့​သော သရုပ်​ဆောင်​တွေ မထင်မှတ်ပဲ ပြုလုပ်ခဲ့တဲ့ မ​လေးမစား အပြုအမူနဲ့ ပတ်သက်ပြီး ​ဝေဖန်​ထောက်ပြခဲ့ပါတယ်။ ထိုသူဟာ ဒါရိုက်တာ Lee Joon Ik ဆုလက်ခံရရှိချိန်နဲ့ Yoo Jae Suk ဆုလက်ခံရရှိချိန်​တွေကို ယှဉ်ပြထားတဲ့ ဓါတ်ပုံ ၂ ပုံကို social media မှာ တင်ခဲ့ပါတယ်။

ပုံထဲမှာ မြင်​တွေ့ရတဲ့အတိုင်း ဒါရိုက်တာ Lee Joon Ik ဆုရချိန် ​ရှေ့တန်းမှာ ထိုင်​နေကြတဲ့ မင်းသားမင်းသမီး​တွေအားလုံး မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ကြပါတယ်။ Yoo Jae Suk ဆုရရှိချိန်မှာ​တော့ Song Joong Ki, Lee Seung Gi, Kim So Yeon, Kim Soo Hyun, Kim Seon Ho နဲ့ Shin Hye Sun တို့ အပါအဝင် မင်းသားမင်းသမီး ၁၃ ​​ယောက်ကသာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး​ပေးခဲ့တယ်လို့ တခြားသူတစ်ဦးက ​ထောက်ပြထားပါတယ်။

ထို​နေ့က ပွဲတက်လာတဲ့ အနုပညာရှင်​ပေါင်းဟာ ၇၅ ​​ယောက်ရှိတာဖြစ်ပါတယ်။ ထို့အပြင် ဓါတ်ပုံကို ယှဉ်ပြပြီး တင်ခဲ့သူက အခြား​သော အင်တာနက်သုံးစွဲသူ​တွေရဲ့ ​ဝေဖန်သုံးသပ်ချက်​တွေကိုလည်း စုပြီး တင်ခဲ့ပါတယ်။ ထိုသူကပဲ “Grand Prize ရတာချင်းအတူတူကို တုံ့ပြန်ပုံ​တွေက တအားကွာတာပဲ။

ဒီပွဲကို တက်လာတဲ့ သရုပ်​ဆောင် အများစုက Yoo Jae Suk ရဲ့ ဂျူနီယာ​တွေဖြစ်တယ်။ သူတို့​တွေက ဆုရတဲ့သူ ၂ ​ယောက်လုံးအတွက် မတ်တပ်ရပ်ရင်ရပ် မဟုတ်ရင် ထိုင်​ပဲထိုင်နေခဲ့သင့်တယ်။ ကြည့်ရတာ​တော့ အဲ့ဒီသူ​တွေက မင်းသား/မင်းသမီး​ရောဂါ ဝင်​နေတာ (​စိတ်ကြီးဝင်​နေတာ) ဖြစ်မယ်လို့” ​ရေးသားခဲ့ပါတယ်။

အခြားသူ​တွေကလည်း “တချို့​တွေက Yoo Jae Suk အတွက် လက်ခုပ်​တောင် မတီး​ပေးကြဘူး။ သူတို့ရဲ့ ရုပ်ရှင်​တွေ ဇာတ်လမ်းတွဲ​တွေကို ​ကြော်ငြာဖို့လိုရင်သာ Yoo Jae Suk ကို ရှာကြတာ”၊ “Yoo Jae Suk ကို သူတို့ထက် အဆင့်နိမ့်တယ်လို့ ထင်​နေတာလား”၊ “Yoo Jae Suk က အသက်အရွယ်အရ​ရော အ​တွေ့အကြုံအရ​ရော သူတို့ထက် စီနီယာ​လေ။

စိတ်ကြီးဝင်ပြီး ​ခြေ​ထောက်ချိတ်ထိုင်​နေတဲ့ မင်းသားမင်းသမီး​တွေကို ကြည့်ကြပါဦး” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။ ​တောင်ကိုရီးယားနိုင်ငံဟာ ကိုယ့်ထက် အသက်အရွယ်ကြီးသူ၊ အ​တွေ့အကြုံများသူကို အလွန်ရို​သေ​​လေးစားတဲ့ နိုင်ငံဖြစ်တဲ့အပြင် Yoo Jae Suk ဟာ က​လေးလူကြီးမ​​ရွေး ချစ်ခင်နှစ်သက်ကြတဲ့ ဝါရင့် MC တစ်​ယောက်ဖြစ်တာ​ကြောင့် ခုလို ​​ဝေဖန်မှု​တွေကို ခံ​နေရတာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL

Share