“Hotel Transylvania 4” ရဲ့ teaser မှာ BLACKPINK သီချင်းကို သုံးဖို့ အကြံ​ပြုခဲ့တဲ့ Selena Gomez

​မေလ ၁၇ ရက်​နေ့မှာ Sony Pictures Animation က​နေ နာမည်ကြီး အ​မေရိကန် ကာတွန်းကားဖြစ်တဲ့ “Hotel Transylvania: Transformania” ရဲ့ teaser ကို ထုတ်​ဖော်ပြသခဲ့ပါတယ်။ ထို video ထဲမှာ ပ​ရော်ဖက်ဆာ Van Helsing တီထွင်​နေတဲ့ “The Monsterfication Ray” ဆိုတဲ့ လူသားဘဝနဲ့ မ​ကောင်းဆိုးဝါးဘဝကို အ​ပြန်အလှန်​ပြောင်းလဲလို့ ရတဲ့ စက်​ကြောင့်ဖြစ်​ပေါ်လာတဲ့ ဗရုတ်သုတ်ခဖြစ်ပုံ​တွေကို ပြသထားပါတယ်။

ထို teaser ရဲ့ ​နောက်ခံသီချင်းအဖြစ် ပရိသတ်​တွေနဲ့ ရင်းနှီးကျွမ်းဝင်​နေတဲ့ ​ပေါ့ပ်သီချင်းတစ်ပုဒ်ကို အသုံးပြုထားပြီး teaser ကို ပိုပြီး အသက်ဝင်​စေခဲ့ပါတယ်။ ထိုသီချင်းဟာ လက်ရှိ ကမ္ဘာ​ပေါ်မှာ နာမည်အကြီးဆုံး မိန်းက​လေးအဖွဲ့​တွေထဲက တစ်ဖွဲ့ရဲ့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

K-Pop ပရိသတ်တိုင်းသိကြတဲ့ အဲ့ဒီသီချင်းက​တော့ BLACKPINK အဖွဲ့ရဲ့ “How You Like That” ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ​အောက်တိုဘာလမှာ ထုတ်​ဝေဖြန့်ချီခဲ့တဲ့ “THE ALBUM” လို့ အမည်ရတဲ့ full album ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

K-pop ဟာ ​ဖျော်​ဖြေ​ရေးနယ်ပယ်ရဲ့ မတူညီတဲ့ ဧရိယာ​တွေမှာ ပိုမို​နေရာရလာတာနဲ့အမျှ ဒီလိုရုပ်ရှင်ဇာတ်ကားနဲ့ ကာတွန်းကား​တွေမှာ ကိုရီးယား အနုပညာလက်ရာ​တွေ ပါဝင်လာတာ မဆန်းပါဘူး။ ထို့အပြင် “Hotel Transylvania” စီးရီး​တွေထဲမှာ ဒရယ်ကူလာရဲ့ သမီး Mavis ဇာတ်​ကောင်ရဲ့ အသံသရုပ်​ဆောင်ဖြစ်တဲ့ Selena Gomez က​နေ ဒီ BLACKPINK ရဲ့ “How You Like That” သီချင်းကို ​နောက်ခံသီချင်းအဖြစ် အသုံးပြုဖို့ ထုတ်လုပ်သူ​တွေကို ​​​အကြံ​ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် SCREEN RANT နဲ့ အင်တာဗျူးလုပ်ရာမှာ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ​တွေဖြစ်တဲ့ Derek Drymon နဲ့ Jennifer Kluska ကို ​နောက်ခံသီချင်း ​ရွေးချယ်ရာမှ ပါဝင်မှုရှိမရှိနဲ့ ဘာ​ကြောင့် BLACKPINK ရဲ့ သီချင်းက teaser ရဲ့ ​နောက်ခံသီချင်းအဖြစ် ပြီးပြည့်စုံမှု အရှိဆုံး သီချင်းလို့ ထင်တာလဲလို့ ​မေးမြန်းခဲ့ပါတယ်။

ထိုအခါ Jennifer က BLACKPINK သီချင်းဟာ “Hotel Transylvania” ဇာတ်ကားရဲ့ teaser အတွက် လိုက်ဖက်မှု အရှိဆုံးသီချင်းဖြစ်တယ်လို့ ​ဖြေကြားခဲ့ပါတယ်။ သူမက “How You Like That” သီချင်းကို ​နောက်ခံသီချင်းအဖြစ် သုံးလိုက်တဲ့အခါ သူမတို့အားလုံး “အရမ်း​ကောင်းတာပဲ” “အံ့အားသင့်စရာ​ကောင်း​လောက်​အောင် လိုက်ဖက်တယ်” စတဲ့ စကားကိုသာ ​ပြောထွက်ခဲ့တယ်လို့ ​ပြောပြခဲ့ပါတယ်။ ထို့အပြင် ဒီ K-pop သီချင်းဟာ “အံ့အားသင့်ဖွယ်​ကောင်းတယ်” ဆိုတဲ့ အားအင်ကို ယူ​ဆောင်လာနိုင်တယ်လို့လည်း ထပ်ဖြည့်ပြီး ​ပြောထားပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL

Share