Lee Jong Suk နဲ့ Yoona တို့ကို တွဲဖက်မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲသစ်အကြောင်း

ကဲ.. Visual Couple ရဲ့ ဇာတ်လမ်းတွဲသစ်လာပါပီ။ Lee Jong Suk ကတော့ စစ်မှုထမ်းပြီးနောက် ပထမဆုံး Drama စီးရီးအနေနဲ့ tvN ရုပ်သံလိုင်းရဲ့ “Big Mouth” မှာ ပါဝင်သွားမယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ယခုဆိုရင်တော့ Ilgan Sports ရဲ့ သတင်းအရ Girls Generation ရဲ့ အလှပဂေး Yoona ကလည််း Lee Jong Suk ရဲ့ တွဲဖက်နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Yoona ဟာ Lee Jong Suk ပုံဖော်သွားမယ့် ဇာတ်ကောင်ဖြစ်တဲ့ ရှေ့နေ Park Chang Ho ရဲ့ အမျိုးသမီး Go Min Ho အဖြစ် သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ Park Chang Ho ကတော့ အမှုယှဉ်ပြိုင်မှုတွေမှာ အမြဲရှုံးနိမ့်မှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ ရှေ့နေတစ်ယောက်ပါ။

ပတ်ဝန်းကျင်ကလူတွေကတော့ လေလုံးထွားပြီး အောင်မြင်မှုမပြနိုင်တဲ့သူတစ်ယောက်လို့ ဝေဖန်ကြပြီး “Big Mouth”လို့ အမည်ပေးထားကြပါတယ်။ Yoona ရဲ့ ဇာတ်ကောင် Go Min Ho ကတော့ Confidence အပြည့်နဲ့ အလှပ​ဂေး တစ်ယောက်ဖြစ်ပြီး Park Chang Ho ကိုရှေ့နေဖြစ်အောင် ခွန်အားပေးခဲ့တဲ့ ဘဝလက်တွဲဖော်ဖြစ်ပါတယ်။

“Big Mouth” ကတော့ အမှုနိုင်နှုန်း 10 % သာရှိတဲ့ ရှေ့နေတစ်ယောက်က လူသတ်မှုတစ်ခုကို ကိုင်တွယ်ရတဲ့ ဇာတ်ကို ပုံဖော်သွားမှာပါ။ ဒီအမှုအတွင်းမှာ မယုံကြည်နိုင်တဲ့ ကိစ္စများစွာ ဖြစ်ခဲ့ပြီး အဆုံးမှာတော့ တရားမျှတမှုက အနိုင်ရသွားမလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

“Big Mouth” drama ကို Haram နဲ့အတူ Jang Young Chul, Jung Kyung Soon တို့မှ ဇာတ်ညွှန်းရေးသားသွားမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ While You Were Sleeping, Hotel del Luna, နဲ့ Start-Up စတဲ့ နာမည်ကျော်ဇာတ်ကားများရဲ့ ပဲ့ကိုင်ရှင် Oh Chung Hwan မှာ ရိုက်ကူးသွားမှာဖြစ်တဲ့အတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

Source: Ilgan Sports and My Drama List
Photo: Naver
Written: 비

Share