YG Entertainment နဲ့ ၁၇ နှစ်ကြာ ရေစက်ကုန်ဆုံးသွားပြီးနောက် စာတစ်စောင်နဲ့နှုတ်ဆက်ခဲ့တဲ့ Sandara Park

မေလ ၁၇ ရက်နေ့မှာတော့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း Sandara Park ကတော့ ၁၇ နှစ်ကြာလက်တွဲခဲ့တဲ့ YG Entertainment ကိုနှုတ်ဆက်ခွဲခွာခဲ့ခြင်းနဲ့ပတ်သက်ပြီး ခံစားရတာတွေကို စာလေးတစ်စောင်ရကာ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ စာချုပ်သက်တမ်းပြည့်သွားပြီးနောက် Sandara Park နဲ့ YG Entertainment ဟာ လက်တွဲဖြုတ်တော့မယ့်အကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Sandara Park ဟာ ၂၀၀၄ ခုနှစ်ကတည်းက YG Entertainment ကို ရောက်ရှိလာသူဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာပဲ 2NE1 အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။ Kpop လောကမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်ခဲ့တဲ့အဖွဲ့ဖြစ်ပေမဲ့လည်း ၂၀၁၆ ခုနှစ်မှာပဲ အဖွဲ့ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမျိုး ငယ်ဘဝတစ်လျ​ှောက်လုံးကို YG Entertainment မှာပဲ ကုန်ဆုံးခဲ့သူလေး Dara ကတော့ Instagram မှာ စာတင်ရင်း နှုတ်ဆက်ခွဲခွာခဲ့ပါပြီ။

စာထဲမှာဆိုရင် Sandara Park က “၂၀၀၄ ခုနှစ်ကတည်းက ကျွန်မနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ တောင်ကိုရီးယားနိုင်ငံကို ရောက်လာခဲ့တယ်။ ဘယ်သူ့ကိုမှ မှီခိုစရာမရှိတဲ့အပြင် ဒီနိုင်ငံနဲ့ပတ်သက်ပြီး သေသေချာချာသိထားတာမျိုး မရှိဘဲ ရောက်လာခဲ့တာပါ။ YG ဆိုတာက ကျွန်မအတွက် လုံခြုံမှုပေးရာ အိမ်လေးတစ်လုံး၊ ဂရုစိုက်မှုသင်ကြားပြသပေးရာ မိသားစုလို ဖြစ်တည်ခဲ့ပါတယ်။

အခုချိန်မှာတော့ အရာရာကိုထားခဲ့ပြီး ကျွန်မရဲ့ ခြေလှမ်းအသစ်စဖို့၊ စိတ်ပါဝင်စားရာကို ဖန်တီးနိုင်ဖို့ လုပ်ကိုင်ရပါတော့မယ်။ “YG family” မှာ ရှိနေတဲ့ ခပ်မိုက်မိုက် စီနီယာတိုင်းကို သဘောကျမိတယ်။ ပြောရရင် မိတ်ဆွေလိုမျိုးတင်မကဘဲ မိသားစုဝင်ဖြစ်လာတဲ့ခံစားချက်မျိုးကို ကြိုက်မိတယ်။ ဒီလိုနဲ့ ဒီကုမ္ပဏီမှာပဲ ၁၇ နှစ်ကြာအခြေကျနေခဲ့ပြီးတော့ ကြီးပြင်းရင့်ကျက်လာခဲ့ပါပြီ။

တော်ပြီအရည်းအချင်းရှိတဲ့အဖွဲ့ဝင်တွေနဲ့အတူ စင်မြင့်ထက်မှာအတူတူဖျော်ဖြေရတာတွေ၊ အတွေ့အကြုံသစ်တွေနဲ့ မြောက်မြားစွာသော ချစ်ခင်မြတ်နိုးပေးမှုတွေကို ရရှိခဲ့တာဟာ အိပ်မက်ဆန်လွန်းလှပါတယ်။ ဒါပေမယ့် 2NE1 အဖွဲ့ဖျက်သိမ်းပြီးတဲ့နောက်မှာတော့ အရာရာတိုင်းဟာ တစ်ဆစီကွဲထွက်သွားသလိုမျိုးခံစားခဲ့ရတယ်။

၅ နှစ်လောက်ကြာပြီးမှပဲ ‘အစကနေ ပြန်စကြစို့!’ လို့ စိတ်တင်းရင်း မတူညီတဲ့အရာတွေကို ကြိုးစားလုပ်ကိုင်ကြည့်ခဲ့ရပါတယ်။ ပြောရရင်တော့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလဟာ လွန်စွာမှတန်ဖိုးရှိလှပါတယ်။ အကြောင်းကတော့ လက်ရှိအချိန်မှာ ဘယ်ဟာကိုမဆို အကောင်းဖက်ကတွေးတတ်လာတာပေါ့။ တစ်ခုလေးပါပဲ…ကျွန်မအဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကတော့ နောက်တစ်ကြိမ် စင်မြင့်ထက်မှာ ပြန်လည်ရပ်တည်ချင်မိပါတယ်။

Blackjacks [2NE1’s fandom name] လေးတွေနဲ့ ကျွန်မကို အားပေးမပြတ်တဲ့ပရိသတ်တွေအတွက် ကျွန်မကိုယ်တိုင် စင်မြင့်ထက်မှာရပ်နိုင်နေတဲ့ပုံရိပ်ကို ပြသချင်ပါတယ်။ ပြောရရင်တော့ အရင်ကတည်းကဖြစ်တည်နေတဲ့ ဆန္ဒလေးတစ်ခုဖြစ်ပြီး ဘယ်တုန်းကမှလည်း မပြောင်းလဲခဲ့ဖူးပါဘူး။ အခုချိန်ဟာ ကျွန်မဘဝအတွက် တတိယမြောက်အဆင့်မှာပါ။

တည်တည်ငြိမ်ငြိမိနေဖို့ထက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ့်ကာလပါပဲ။ ဒါကြောင့်မို့လို့ အရင်ကထက်ပိုပြီး စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်မနဲ့ရင်းနှီးခဲ့သမျှလူတွေ၊ သံယောဇဥ်တွေနဲ့ ကုန်ဆုံးခဲ့သမ​ျှအချိန်တွေဟာ အရာရာတိုင်းထက် တန်ဖိုးရှိပါတယ်။ နှုတ်ဆက်စကားပြောရတာဟာ တကယ့်လုပ်တွေ့မှာလုပ်ဆောင်ဖို့ အခက်ခဲဆုံးအရာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဒီလိုမျိုးကြီးမားတဲ့ဆုံးဖြတ်ချက်ချရတာဟာ..ကျွန်မဖြစ်ချင်မိတဲ့အိပ်မက်တွေ အထမြောက်ဖို့ကော..ကျွန်မအိပ်မက်တွေကို လက်တွေ့ဖြစ်မြောက်စေချင်နေတဲ့သူတွေအတွက်ပါ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့တော့.. ကျွန်မချစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်းတွေနဲ့ တွေ့ရဖို့မျှော်လင့်နေပါတယ်။

ကျွန်မ အများကြီးလွမ်းနေရတဲ့သူတွေဖြစ်သလို.. နယ်ပယ်စုံမှာ အလုပ်ကြိုးစားပြီးအောင်မြင်နေတဲ့ သူတို့ ၃ ယောက်ကို တွေ့ချင်နေတာမို့လို့ ပြန်ဆုံမယ့်နေ့ကို ရေတွက်နေပါပြီ။ Congratulations on our 12th anniversary together!” ဆိုပြီး ရေးသားထားပါတယ်။ Sandara ပြောသလိုပဲ နှုတ်ဆက်ခွဲခွာရခြင်းဟာ မလွယ်ကူတာမို့လို့ သူမရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လေးစားရမှာဖြစ်သလို ရှေ့ဆက်ပြီး သူမရဲ့အိပ်မက်တွေကို ပုံဖော်ဖန်တီးတဲ့အခါမှာလည်း အားပေးရမှာဖြစ်ပါတယ်။

Source: Soompi
Photos: Official Instagram
Written: Nay Chi

Share