ဖက်ရှင်ဘုရင်မကြီးတွေအဖြစ် နာမည်ကြီးတဲ့ ထိုင်းအမျိုးသမီးအနုပညာရှင် ၇ ဦး

အနုပညာရှင်တွေထဲမှာလည်း ရိုးရိုးယဥ်ယဥ်လေးဝတ်ရတာကိုသဘောကျပြီး လှပတင့်တယ်နေတဲ့သူတွေရှိသလို Fashion ကျကျဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဖော်ပြပေးမယ့် ထိုင်းအမျိုးသမီးအနုပညာရှင် ၇ ဦးကတော့ ဖက်ရှင်ဘုရင်မကြီးတွေအဖြစ် နာမည်ကြီးတဲ့သူတွေပါပဲ။

Chompoo Araya

ထိုင်းအနုပညာနယ်ပယ်ထဲမှာ fashionista (ဖက်ရှင်ကျနလှပသူ) အဖြစ် နာမည်ကြီးသူကတော့ Chompoo Araya ပါပဲ။ အိမ်မှာ ရိုးရိုးတန်းတန်းဝတ်စားနေထိုင်တာဖြစ်စေ..ပွဲအခမ်းအနားတက်ရောက်ဖို့ ပြင်ပြင်ဆင်ဆင်ဝတ်ဆင်တာဖြစ်စေ.. တင့်တယ်ပြီးကျက်သရေရှိနေတာကြောင့် ဖက်ရှင်ဘုရင်မကြီးတစ်ယောက်အဖြစ်နာမည်ကြီးလှပါတယ်။

Ploi Horwang

Ploi Horwang ကတော့ Cris Horwang ရဲ့ ညီမငယ်ဖြစ်ပါတယ်။ ထိုင်းအနုပညာနယ်ပယ်ရဲ့ fashionista တွေအဖြစ် ညီအစ်မနှစ်ယောက်စလုံးက ကျော်ကြားလှပါတယ်။

Cris Horwang

ဆွဲဆောင်မှုရှိသူအဖြစ် နာမည်ကြီးတဲ့ Cris Horwang မှာတော့ ထူးခြားဆန်းပြားတဲ့ ဖက်ရှင်စတိုင်လ်ရှိပြီး ဘာဝတ်ဝတ် လိုက်ဖက်လှပနေသူလေးလည်းဖြစ်ပါတယ်။

Mai Davika

သူမတူတဲ့ဆွဲဆောင်မှုပိုင်ရှင် Mai Davika ကလည်းပဲ ဖက်ရှင်ကျသူတစ်ယောက်အဖြစ်နာမည်ကြီးလှသူပါ။ ထိုင်းနိုင်ငံတွင်သာမက တခြားနိုင်ငံရပ်ခြားတွေအထိပါ ပွဲအခမ်းအနားတွေကို တက်ရောက်ရသူလေးမို့လို့ သူမဝတ်ဆင်သမျှဝတ်စုံလေးတွေဟာ ပရိသတ်ကြားမှာ လူပြောများစမြဲပါပဲ။

Yaya Urassaya

Louis Vuitton ရဲ့ ပင်တိုင်အနုပညာရှင်လေးတစ်ဦးဖြစ်သူမို့လို့ ဖက်ရှင်ကျတဲ့နေရာမှာ အထူးပြောစရာမလိုသူလေးက Yaya Urassaya လေးပါပဲ။ နိုင်ငံတကာက Brand တွေကို မကြာခဏဝတ်ဆင်ပြီး စျေးကြီးတဲ့ဝတ်စုံတွေကိုလည်း ဖက်ရှင်ကျကျ ဝတ်ဆင်လေ့ရှိတာကြောင့် ပရိသတ်တွေက ဖက်ရှင်ဘုရင်မတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတော့တယ်။

Bella Ranee

Bella Ranee ကလည်း ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ သူမတက်ရောက်သမျှပွဲတိုင်းမှာ ဝတ်ဆင်သမျှဝတ်စုံကလည်း အလှပဆုံးဝတ်စုံဆိုပြီး သတ်မှတ်ခံရတဲ့အထိ ဖက်ရှင်ကျလှပသူတစ်ဦးဖြစ်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share