စစ်မှုထမ်းနေရပေမဲ့ မျက်နှာကြည်ကြည်လင်လင်နဲ့ ကျန်းမာအဆင်ပြေနေပုံရတဲ့ Baekhyun

EXO အဖွဲ့ဝင် Baekhyun ဟာ May လ ၆ ရက်နေ့မှာ စစ်မှုထမ်းစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အခြေခံစစ်သင်တန်းမှာ training ဆင်းလျှက်ရှိပါတယ်။ Baekhyun ရဲ့ အမှတ်စဉ်ဟာ 141 ဖြစ်ပြီး တပ်စု 3, ခြေလျင်တပ်ခွဲ 3, တပ်ရင်း 23 မှာ တာဝန်ထမ်းဆောင်နေပါတယ်။

ပထမတစ်ပတ်အတွင်းမှာဘဲ ပြန်ကြားရတဲ့ Baekhyun သတင်းတွေကတော့ မွှေးနေလျှက်ရှိပါတယ်။ Baekhyun ဟာ အမိန့်တွေကို ကောင်းကောင်းနာခံသလို တခြား သင်တန်းသားတွေနဲ့လည်း ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ရှိကြောင်းကို သင်တန်းနည်းပြလက်ထောက်ဖြစ်သူက သူ့အမ Baekhyun Fan girl ကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

Baekhyun တစ်ယောက် တကယ်ဘဲ အဆင်ပြေပျော်ရွှင်ကျန်းမာလျက် ရှိကြောင်းကို May လ 18 ရက်နေ့မှာ တက်လာတဲ့ Baekhyun တပ်ရင်း အဖွဲ့လိုက်ပုံက သက်သေပါဘဲ။ အကုန်လုံးက V sign လေးတွေ နဲ့ pose ပေးထားသလို Baekhyun မျက်နှာလေးကလည်း ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ကြည်လင်လျက်ရှိပါတယ်။

Fan တွေကတော့ Baekhyun ခုလို အဆင်ပြေနေတာကို ဝမ်းသာလျက်ရှိပြီး Baekhyun ဟာ ကတုံးဆံပင်ပေါက်ကေနဲ့တောင် ငယ်ရွယ်ပြီး ကြည့်ကောင်းနေဆဲဘဲ ဆိုပြီး ချီးကျူးနေကြပါတယ်။ Baekhyun ဟာ training ဆင်းသွားတာ တစ်ပတ်ပြည့်သွားပြီမို့ ခု နှစ်ပတ်မြောက်မှာ ပိုခက်ခဲကြမ်းတာတွေ သင်ယူရတော့မှာလို့လည်း သိရပါတယ်။ ဒီ အခြေခံစစ်သင်တန်းပြီးမြောက်သွားရင်တော့ Public Service Worker အဖြစ် 2023 ခုနှစ် February 5 ရက်နေ့အထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Share