MTV ဆု​ပေးပွဲက ​”Best Music Documentary” ဆုကို သိမ်းပိုက်ပြီး အမိ​မြေကို ဂုဏ်တက်​စေခဲ့ပြန်တဲ့ BTS အဖွဲ့

နှစ်စဉ်ကျင်းပ​နေကြဖြစ်တဲ့ “MTV Movie & TV Awards” ဆု​ပေးပွဲကို မကြာ​သေးခင်က အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပခဲ့ပါတယ်။ ပထမတစ်ခုက​တော့ လော့စ်အန်ဂျလိစ်မြို့၊ ပယ်လာဒီယမ်ခန်းမမှာ ​​မေလ ၁၇ ရက်​နေ့က ကျင်းပတဲ့ အဓိကဆု​ပေးပွဲဖြစ်ပြီး ​နောက်တစ်ခုက​တော့ ​မေလ ၁၈ ရက်​နေ့မှာ ပြုလုပ်ခဲ့တဲ့ ဇာတ်ညွှန်းမ​ရေးသားပဲ ရိုက်ကူးရတဲ့ မီဒီယာ​တွေဖြစ်တဲ့ မှတ်တမ်းရုပ်ရှင်​တွေ၊ ဖြစ်ရပ်မှန်ရှိုး​တွေအတွက် ဆု​ပေးတဲ့အပိုင်းဖြစ်ပါတယ်။

ဒီနှစ် ဆု​ပေးပွဲမှာတော့ ဟာသသရုပ်​ဆောင်နဲ့ မင်းသမီး​တွေဖြစ်ကြတ Leslie Jones နဲ့ Nikki Glaser တို့က MC အဖြစ်​ဆောင်ရွက်ခဲ့ကြပါတယ်။ ထိုပွဲမှာ BTS အဖွဲ့ရဲ့ “Break the Silence: The Movie” က Best Music Documentary ဆုအတွက် ဇကာတင်ဝင်ခဲ့ပြီး ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါရိုက်တာ Park Jun Soo ရိုက်ကူးထားပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလက ထွက်ရှိခဲ့တဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်​တွေမှာ “Love Yourself” အမည်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ BTS အဖွဲ့ရဲ့ ကမ္ဘာလည့်​ဖျော်​ဖြေမှု ​နောက်ကွယ်က ပုံရိပ်​တွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

မိနစ် ၉၀ ကြာမြင့်တဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို အချိန် ၁၄ လ​ကျော် ရိုက်ကူးခဲ့ရပြီး Weverse app မှာ “Break The Silence” အမည်နဲ့ ထုတ်​ဝေဖြန့်ချီခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီဆုကို Billie Eilish, The Notorious B.I.G., Taylor Swift နဲ့ အခြား​သော ကမ္ဘာ​ကျော်အဆို​တော်​တွေကို ​ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ဆု​ပေးပွဲရဲ့ ဒုတိယအပိုင်းအတွက် ဆု​ရရှိခဲ့တာဖြစ်ပြီး ထိုဆု​ပေးပွဲရဲ့ တရားဝင် Twitter စာမျက်နှာမှာ BTS က MTV ဆု​ပေးပွဲရဲ့ တာဝန်ရှိသူ​တွေနဲ့ သူတို့ရဲ့ ပရိသတ်ဖြစ်တဲ့ ARMY ​တွေကို ​ကျေးဇူးတင်​ကြောင်း​ပြောထားတဲ့ ဗီဒီယိုကို မျှ​ဝေခဲ့ပါတယ်။

ထိုဗီဒီယိုထဲမှာ “Break the Silence: The Movie” ကို ဖြစ်​ပေါ်လာ​စေတဲ့ ကမ္ဘာလှည့်​ဖျော်​ဖြေမှုအ​ကြောင်းကိုလည်း အကျဉ်းချုံးပြီး ​ပြောပြထားပါတယ်။ MTV ဆု​ပေးပွဲမှာ Best Music Documentary ဆုကို ထည့်​ပေးတာဟာ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမဆုံး ​ပေးခဲ့တာက ၂၀၁၈ ခုနှစ်တုန်းကဖြစ်ပြီး အဆို​တော် Lady Gaga က သူမရဲ့ မှတ်တမ်းရုပ်ရှင် “Gaga: Five Foot Two” နဲ့ ဆုကို အိမ်ပြန်သယ်သွားနိုင်ခဲ့ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL

Share