Penthouse ရဲ့ မူလဇာတ်ညွှန်းထဲမှာ သူ့ရဲ့ဇာတ်​ကောင်ဟာ လိင်တူချစ်သူဖြစ်​ကြောင်း ​ဖော်ထုတ်ခဲ့တဲ့ Lee Tae Bin

SBS ရုပ်သံလိုင်းရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ “The Penthouse” ထဲမှာ Lee Min Hyuk အဖြစ် ပါဝင်သရုပ်​ဆောင်ထားတဲ့ တက်သစ်စမင်းသား​လေး Lee Tae Bin ဟာ ​မေလ ၁၈ ရက်​နေ့က MBC every1 ရဲ့“Video Star” အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ထိုအစီအစဉ်မှာ သူဟာ Lee Min Hyuk ဇာတ်​ကောင်ရဲ့ ​နောက်ကွယ်က လူမသိ​သေးတဲ့ အ​ကြောင်းအရာတစ်ခုကို ​ဖော်ထုတ်​​ခဲ့ပါတယ်။ သူသရုပ်​ဆောင်ခဲ့တဲ့၊ ပရိသတ်​တွေ အခု မြင်​တွေ့​နေရတဲ့ Lee Min Hyuk ဇာတ်​ကောင်​ဟာ မူလဇာတ်ညွှန်းနဲ့ အများကြီး ကွာခြားမှုရှိတယ်လို့ သူက ​​ပြောပါတယ်။

ဘာလို့လဲဆို​တော့ မူလဇာတ်ညွှန်းထဲမှာ Min Hyuk က Joo Seok Hoon ကို တစ်ဖက်သတ်ချစ်​နေတဲ့ လိင်တူချစ်သူတစ်​ယောက်ဖြစ်​နေလို့ပါပဲ။ အစီအစဉ်တင်ဆက်သူ​တွေလည်း ထိုအ​ကြောင်းကို ကြားသိပြီး အရမ်းအံ့သြသွားခဲ့ပါတယ်။

Lee Tae Bin က “ဒီအ​ကြောင်းကို ဒီ​နေ့မှ ပထမဆုံး ​ပြောပြဖူးတာပါ။ မူလဇာတ်ညွှန်းထဲမှာ Min Hyuk က Seok Hoon ကို ကြိုက်ပြီး Seok Hoon က Ro Na ကို ကြိုက်​နေတဲ့အတွက်​ကြောင့် Min Hyuk ဟာ Ro Na ကို ပိုပြီး အနိုင်ကျင့်ဖို့ လုပ်မယ်။ ဒါ​​ပေမဲ့ Min Hyuk မျက်စိကျ​နေတဲ့ သူက​တော့ Seok Hoon ပဲဖြစ်တယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။

သို့​သော်လည်း ဇာတ်လမ်းရိုက်ကူးတဲ့အခါမှာ Lee Min Hyuk က Joo Seok Hoon ကို တစ်ဖက်သတ်ကြိုက်​နေတဲ့အ​ကြောင်းက ပါမလာ​တော့ပဲ Yoo Je Ni ကို တိတ်တခိုး စိတ်ဝင်စား​နေတဲ့ ဇာတ်​ကောင်အဖြစ်​ပြောင်းလဲခဲ့တယ်လို့လည်း သူက ​ပြောပြခဲ့ပါတယ်။

ထို့​နောက် အစီအစဉ်တင်ဆက်သူ​တွေက Season 3 နဲ့ ပတ်သက်ပြီး​​ရော Logan Lee ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး​ရော အနည်းငယ် ​​​ပြောပြဖို့ Lee Tae Bin ကို ​တောင်းဆိုခဲ့ပါတယ်။ ထိုအခါ သူက “အမှန်​တော့ ကျွန်​တော်က သိထားပြီးသားပါ။

ဘာဆက်ဖြစ်သွားလဲဆိုတာကို တကယ်​ပြောပြ​စေချင်တာလား?” ဆိုပြီး ​နောက်​ပြောင်ခဲ့ပါတယ်။ ဆက်လက်ပြီး Lee Tae Bin က “ကျွန်​တော် ဇာတ်ညွှန်းကို စစရချင်းမှာ အရမ်းအံ့သြမှင်သက်သွားခဲ့တယ်။ ပရိသတ်​တွေ ဘယ်လိုပဲ ​ခန့်မှန်းထားပါ​စေ Season 3 က Season 1 နဲ့ 2 ထက် အများကြီး ပိုအံ့သြရလိမ့်မယ်” လို့ Season 3 နဲ့ ပတ်သက်ပြီး အရိပ်အမြွက်​​ပေးခဲ့ပါတယ်။

Source : Soompi
Photo : Naver
Written : ZL

Share