Disband ဖြစ်သွားတဲ့ Kpop အဖွဲ့တွေ ဘယ်အချိန်မှာ ပွဲဦးထွက်ပြီး ဘယ်ချိန်မှာ ပြိုကွဲသွားကြသလည်းဆိုတော့…

Kpop အဖွဲ့တွေဟာCompany တွေနဲ့ များသောအားဖြင့် ၇နှစ်လောက်ထိတော့ စာချုပ်ချုပ်ဆိုထားကြရပါတယ်။ စာချုပ်ပြည့်သွားတဲ့အချိန်မှာ အဖွဲ့လိုက် တခြား Company တွေနဲ့ စာချုပ် ထပ်ချုပ်ဆိုတာလည်းရှိသလို သီးခြား ရပ်တည်ကြတာလည်းရှိပါတယ်။

Company က ထွက်ရပြီး member တွေဟာ တခြား Label အသီးသီးနဲ့ ချုပ်ဆိုထားပေမဲ့လည်း Disband မဖြစ်ဘဲ အဖွဲ့နာမည်ဆက်ရှိနေတာမျိုးလည်း ရှိပါတယ်။ ဥပမာ ပြောပြရရင် GOT7 လို အဖွဲ့မျိုးပါ။ မကြာသေးခင်ကဘဲ GOT7 အဖွဲ့ဝင်တွေအားလုံး JYP entertainment ကနေ ထွက်ခဲ့ကြပေမဲ့ သူတို့ရဲ့ အဖွဲ့ကတော့ မကွဲသေးပါဖူး။

Member တွေအားလုံး တစ်ယောက်တနေရာစီ Label အသီးသီးမှာ ရှိနေကြပေမဲ့ GOT7 အဖွဲ့နာမည်ကတော့ ဆက်ရှိနေမှာဘဲ ဖြစ်ပါတယ်။ Disband ဖြစ်သွားတဲ့ အဖွဲ့တွေဆိုတာ စာချုပ်ပြည့်လို့ ဖျက်ရတာမျိုးအပြင် Company နဲ့ နားလည်မှုလွဲလို့ ဖျက်ရတာမျိုးတို့ member အချင်းချင်းကြား ပြဿနာတက်လို့ အဖွဲ့ဝင်တွေ လျော့သွားတာမျိုးလည်းရှိပါတယ်။

ပရိသတ်တွေအဖို့တော့ ကိုယ်ချစ်ရတဲ့ Kpop အဖွဲ့ကို ဘယ်တော့မှ ပြိုကွဲစေချင်ကြမှာမဟုတ်ပါဖူး။ ကြေကွဲစရာကောင်းပေမဲ့လည်း ပျက်ချိန်တန်တော့ ပျက်ကြရတာပါဘဲ။ ခု ပွဲဦးစထွက်ထဲက အောင်မြင်ခဲ့သလို အဖွဲ့ပျက်သိမ်းသွားတော့လည်း ပရိသတ်တွေရင်ထဲ ရှိနေဆဲဖြစ်တဲ့ Kpop အဖွဲ့တွေကို ဖော်ပြပေးလိုက်ပါတယ်။

2NE1

Kpop Queens တွေဖြစ်တဲ့ 2NE1 အဖွဲ့ကတော့ “Fire” နဲ့ 2009 ခုနှစ်မှာ Debut ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးဖျော်ဖြေမှုကိုတော့ 2015 ခုနှစ် MAMA ပွဲမှာ ပြုလုပ်ခဲ့ပါတယ်။

B.A.P

B.A.P အဖွဲ့ကတော့ “Warrior” album နဲ့ 2012 မှာ ပွဲဦးထွက်ခဲ့ပြီး သူတို့ရဲ့ နောက်ဆုံး album ကတော့ 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 3 ခွေ​မြောက် Japan album “Massive” ဖြစ်ပါတယ်။

4miniute

“Hot Issue” နဲ့ပေါက်ခဲ့တဲ့ 4minute အဖွဲ့ကတော့ 2009 မှာ debut ခဲ့တာဖြစ်ပြီး 2016 ခုနှစ်မှာ “ACT7” album နောက်ဆုံးထွက်ရှိပြီး အဖွဲ့ဖျက်သိမ်းခဲ့ပါတယ်။

After School

ကမ္ဘာ့မျက်နှာအလှဆုံး title ခဏခဏ ရခဲ့တဲ့ Na Na ပါရှိတဲ့ “After School” အဖွဲ့ကတော့ “New School Girl” သီချင်းနဲ့ 2009 မှာ debut ခဲ့တာ ဖြစ်ပြီး 2015 ခုနှစ်မှာ “Best” ဆိုတဲ့ album နောက်ဆုံးထုတ်ခဲ့ပါတယ်။

F(x)

2009 ခုနှစ်မှာ SM entertainment ကနေ Debut ခဲ့တဲ့ F(x) အဖွဲ့က တော့ 2018 ခုနှစ်မှာ “Cowboy” ဆိုတဲ့ Japan album ကို ထုတ်လုပ်ပေးခဲ့ပြီး အဖွဲ့ပြိုကွဲခဲ့ပါပြီ။

Sister

နွေဆို “Sister” အဖွဲ့ရဲ့ သီချင်းတွေမပါရင် မပြည့်စုံတဲ့ သူတို့အဖွဲ့ကတော့ “Push Push” နဲ့ 2010 မှာ debut ခဲ့တာ ဖြစ်ပြီး 2017 မှာ “Lonely” album နဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်သွားခဲ့ပါပြီ။

T-ARA

တခေတ်တခါက လျှမ်းလျှမ်းတောက် အရမ်းကျော်ကြားခဲ့တဲ့ T-ARA အဖွဲ့ဟာ 2009 ခုနှစ်မှာ စ debut ခဲ့တာ ဖြစ်သလို နောက်ပိုင်း အခက်အခဲများစွာလည်းကြုံခဲ့ရပေမဲ့ 2017 ခုနှစ်ထိတော့ အဖွဲ့မပြိုကွဲခဲ့ပါဖူး။

Miss A

Miss A အဖွဲ့ကတော့ 2009 ခုနှစ်မှာ debut ခဲ့တာ ဖြစ်ပြီး 2017 ခုနှစ်မှာ နောက်ဆုံးသီချင်း ထုတ်ပေးခဲ့ပါတယ်။

KARA

KARA အဖွဲ့ကတော့ 2007 မှာ ပွဲဦးထွက်ခဲ့တာ ဖြစ်ပြီး 2015 မှာ အဖွဲ့ဖျက်သိမ်းခဲ့ပါတယ်။

MBLAQ

MBLAQ အဖွဲ့ က 2009 မှာ debut ခဲ့ပြီး 2014 မှာ အဖွဲ့ပြိုကွဲခဲ့ပါတယ်။

Wonder Girls

Wonder Girls အဖွဲ့ဟာလည်း 2007 ခုနှစ်မှာ ပွဲဦး စ ထွက်ခဲ့ပြီး 2016 မှာ နောက်ဆုံး album ထွက်ရှိခဲ့ပါတယ်။

Source : Allkpop
Written: Violet

Share