Song Joong Ki နဲ့ Suzy တို့ JTBC ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်သရုပ်​ဆောင်မယ်လို့ သတင်းများထွက်​ပေါ်​နေ

မင်းသား Song Joong Ki နဲ့ အဆို​တော်/မင်းသမီး Bae Suzy တို့ဟာ JTBC ရုပ်သံလိုင်းရဲ့ “The Youngest Son of Chaebol Family” ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်​ဆောင်သွားမှာဖြစ်တယ်လို့ သတင်​းတွေထွက်​ပေါ်​လျက်ရှိပါတယ်။

Social Media account တစ်ခုက​နေ ၂၀၂၁ ခုနှစ်ထဲမှာ JTBC က ထုတ်လွှင့်ဖို့ ဖြစ်နိုင်​ချေရှိတဲ့ ဇာတ်လမ်းတွဲ​တွေရဲ့ စာရင်းကို အွန်လိုင်းမှာ တင်ခဲ့ပြီး​နောက် ခုလို သတင်း​တွေထွက်​​ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထိုစာရင်းထဲမှာ မင်းသား Song Joong Ki ကို ​ထိုဇာတ်လမ်းတွဲရဲ့ ခေါင်း​ဆောင်မင်းသားအ​နေနဲ့ ထည့်သွင်း​ဖော်ပြထားပါတယ်။

ဒီအ​ကြောင်းအရာနဲ့ ဆက်စပ်ပြီး ပရိသတ်​​​တွေဟာ Song Joong Ki နဲ့အတူ တွဲဖက်သရုပ်​ဆောင်မယ့် မင်းသမီးဟာ Bae Suzy ဖြစ်နိုင်တယ်လို့ ထင်​ကြေး​ပေး​နေကြပါတယ်။ သူတို့ ၂ ဦးရဲ့ ​အေဂျင်စီ​တွေက ဘာမှအတည်ပြု​ပြောကြားထားတာမရှိ​ပေမဲ့လည်း ပရိသတ်​​တွေဟာ ဒီတွဲဖက်မှုအတွက် ကြိုတင်ပြီး ရင်ခုန်စိတ်လှုပ်ရှား​နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ​အောက်တိုဘာလတုန်းက JTBC က​နေ Samkyung ရဲ့ နာမည်ကြီး အွန်လိုင်းဝတ္ထု “The Youngest Son of Chaebol Family” ကို ပြန်လည်ရိုက်ကူးသွားမယ်လို့​ ​ကြေငြာခဲ့ပါတယ်။ “Youngest Son of a Conglomerate” လို့လည်း လူသိများကြတဲ့ ဒီဇာတ်လမ်းတွဲကို “I am Not a Robot” နဲ့ “W” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jeong Dae Yun က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲဟာ သူ​ဌေးမိသားစုတစ်စုပေါ်မှာ မျိုးရိုးစဉ်ဆက် သစ္စာ​စောင့်သိခဲ့​ပေမယ့် ပိုက်ဆံ​တွေကို အလွဲသုံးစားလုပ်တယ်လို့ မှားယွင်းစွပ်စွဲခံရပြီး ရက်စက်စွာ လုပ်ကြံခံခဲ့ရတဲ့ ​ယောကျ်ားတစ်​ယောက်အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ထို့​နောက် သူဟာ အံ့သြစရာ​ကောင်းစွာပဲ ထိုသူ​ဌေးမိသားစုရဲ့ အငယ်​ဆုံးသားအဖြစ် ပြန်လည်ဝင်စားပြီး သူ​ဌေးမိသားစု ပိုင်ဆိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ ယခုအခါမှာ​တော့ ပရိသတ်​တွေဟာ Song Joong Ki အပြင် “It’s Okay to Not be Okay” ဇာတ်လမ်းတွဲရဲ့ မင်းသား Kim Soo Hyun, “Seobok” ဇာတ်လမ်းရဲ့ မင်းသား Park Bo Gum, မင်းသား Kim Woo Bin နဲ့ မင်းသား Kwak Dong Yeon တို့ကိုလည်း ထိုဇာတ်လမ်းတွဲရဲ့ ​ခေါင်း​ဆောင်မင်းသားအဖြစ် ခန့်မှန်းထားကြပါတယ်။

ပါဝင်မယ့် သရုပ်​ဆောင်​တွေကို ​သေချာမသိရ​သေး​ပေမဲ့ “The Youngest Son of Chaebol Family” ဇာတ်လမ်းတွဲကို ဒီနှစ်ထဲမှာ JTBC ရုပ်သံလိုင်း တည်​ထောင်တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အ​နေနဲ့ ထုတ်လွှင့်သွားမယ်လို့လည်း သိရှိရပါတယ်။

Source : Kpopstarz
Photo : Pinterest
Written : ZL

Share