တရုတ်နိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်များက သူတို့ရဲ့ပရိတ်သတ်တွေအတွက် သတ်မှတ်ပေးထားတဲ့ Fandom အမည်များ – Part(1)

ဖျော်ဖြေရေးလောကမှာ ရပ်တည်နေကြတဲ့ အနုပညာရှင်များအတွက် အမာခံပရိတ်သတ်ဆိုတာ တကယ်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့အမာခံပရိတ်သတ်များကို သီးသန့်နာမည်များပေးပြီး သတ်မှတ်ပေးထားတဲ့ Fandom အမည်များကိုရေးသားဖော်ပြပေးလိုက်ပါတယ်။ ကျန်ရှိနေသေးတဲ့ Fandom အမည်များကိုလည်း နောက်ရက်နောက်ရက်တွေမှာ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

1.Angelababy (Yang Ying)
Fandom Name – yang jia jiang

Angelababy ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော​့ Yang Jia Jiang လို့အမည်ပေးထားပါတယ်။ Yang မိသားစုရဲ့စစ်သည်တော်များဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဂုဏ်ကျက်သရေရှိပြီး စွမ်းအားပြည့်ဝတဲ့ သူမရဲ့စစ်သည်တော်တွေအနေနဲ့ ပုံဖော်အမည်ပေးထားတာပဲဖြစ်ပါတယ်။ သူမရဲ့မိသားစုမျိုးရိုး Yang ကိုလည်းကိုယ်စားပြုထားပါတယ်။

2.Bai Jingting
Fandom Name – bai ge

Bai Jingting ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Bai Ge လို့အမည်ပေးထားပြီး အဖြူရောင်ချိုးငှက်လို့အဓိပ္ပာယ်ရပါတယ်။ ပရိတ်သတ်တချို့က သူ့ကို (白哥)Bai Ge(အကိုပိုင်) လို့ခေါ်ကြတာကြောင့် သံတူကြောင်းကွဲစကားလုံးဖြစ်တဲ့ အဖြူရောင်ချိုးငှက်ဆိုတဲ့ Bai Ge ကိုပြန်လည်သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ချိုးငှက်ဟာ မျှော်လင့်ချက်ကိုကိုယ်စားပြုတယ်လို့လည်းသိရပါတယ်။ သူ့ပရိတ်သတ်တွေဟာ သူ့ရဲ့မျှော်လင့်ချက်တွေဖြစ်တယ်ဆိုတာကို ဖော်ပြနေတဲ့အမည်လေးပဲ ဖြစ်ပါတယ်။

3.Deng Lun
Fandom Name – deng xin

Deng Lun ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Deng Xin လို့အမည်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့မိသားစုမျိုးရိုးနာမည်ဖြစ်တဲ့ Deng ကိုပါထည့်သွင်းထားပြီး မီးအိမ်ထဲကမီးစာကိုဆိုလိုခြင်းဖြစ်ပါတယ်။ မီးအိမ်ကလေးမီးလင်းဖို့ မီးစာလိုအပ်သလို သူ့ဘဝလေးတောက်ပနေဖို့ကလည်း သူ့ပရိတ်သတ်တွေကအရေးပါနေတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။

4.Dilireba
Fandom Name – ai li si

Dilireba ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Ai Li Si လို့အမည်ပေးထားတာဖြစ်ပါတယ်။ “ချစ်တဲ့ Dilireba ရဲ့ပရိတ်သတ်များ” လို့အဓိပ္ပာယ်ရတဲ့ တရုတ်စကားလုံးများရဲ့အတိုကောက်ဖြစ်ပါတယ်။ ရိုးရှင်းပြီးသိသာထင်ရှားတဲ့ နာမည်လေးဖြစ်ပါတယ်။

5.Ding Yuxi
Fandom Name – hai tang

Ding Yuxi ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Hai Tang လို့အမည်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ထဲက Yu ဆိုတဲ့စကားလုံးနဲ့ သံတူကြောင်းကွဲဖြစ်တဲ့ ငါးဆိုတဲ့ Yu ကိုယူပြီး “ငါးကြီးရဲ့ချယ်ရီသီးလေးတွေ” ဆိုတဲ့စာကြောင်းရဲ့ ချယ်ရီသီးလေးတွေနေရာမှာ သူ့ပရိတ်သတ်တွေကိုဖော်ကျူးထားခြင်းဖြစ်ပါတယ်။ အရောင်လည်းလှ၊ အနံ့လည်းမွှေး၊ ချိုလည်းချိူတဲ့ သူနှစ်သက်မြတ်နိုးရတဲ့ ပရိတ်သတ်များဆိုပြီး တင်စားထားတာဖြစ်ပါတယ်။

6.Dylan Wang Hedi
Fandom Name – xiong di huo

Dylan Wang Hedi ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Xiong Di Huo လို့အမည်ပေးထားတာဖြစ်ပါတယ်။ ညီအစ်ကိုများဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး သူရဲ့နာမည်မှာပါတဲ့ Di ဆိုတဲ့စကားလုံးနဲ့တူတဲ့ Xiong Di ရဲ့ Di ကိုအခြေခံပြီး အမည်ပေးထားတာဖြစ်ပါတယ်။ ဆိုးတူကောင်းဖက်ဆိုတဲ့အသွင်ကို ဖော်ကျူးထားတယ်လို့ ယူဆလို့ရပါတယ်။

7.Esther Yu Shuxin
Fandom Name – xiao shi liu

THE9 အဖွဲ့ဝင် Esther Yu ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Xiao Shi Liu လို့အမည်ပေးထားတာဖြစ်ပါတယ်။ သလဲသီးလေးလို့ အဓိပ္ပာယ်ရပြီး သူမရဲ့အကဖျော်ဖြေမှုတစ်ခုမှာ သတ်မှတ်ခံရဖူးတဲ့ Ni shi liu xiao jie ဆိုတာရဲ့ သံတူကြောင်းကွဲစကားလုံးနဲ့ တင်စားထားတာဖြစ်ပါတယ်။ ချိုမြိန်တဲ့အသွင်ကို ဖော်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။

8.Feng Shaofeng
Fandom Name- feng ling (or) feng ye

Feng Shaofeng ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Feng Lin ဒါမှမဟုတ် Feng Ye ဆိုပြီးအမည်(၂)ခုပေးထားပါတယ်။ သူ့ရဲ့မိသားစုမျိုးရိုးနာမည်ဖြစ်တဲ့ Feng ကိုအဓိကထားပြီး သူ့ရဲ့မိသားစုဝင်များနဲ့တန်းတူ အမည်ပေးထားတာပဲဖြစ်ပါတယ်။

9.Fan Bingbing
Fandom Name – bing bang

Fan Bingbing ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Bing Bang လို့အမည်ပေးထားတာဖြစ်ပါတယ်။ Bing အတွက်အထောက်အပံ့လို့ အဓိပ္ပာယ်ရပြီး သူမရဲ့အသက်သွေးကြောဆိုတဲ့အသွင်ကိုယူဆောင်ထားတယ်လို့သိရပါတယ်။ သူမအတွက် အရေးပါတဲ့သူတွေဆိုတာကိုတော့ ပေါ်လွင်အောင်ဖော်ကျူးထားနိုင်ပါတယ်။

10.Fan Chengcheng
Fandom Name – cheng xing

Fan Chengcheng ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Cheng Xing လို့အမည်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့နာမည် Cheng ကိုယူပြီး ကြယ်ပွင့်ဆိုတဲ့စကားလုံးကိုပေါင်းထည့်ကာ သူ့အတွက်လင်းလက်ပေးကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ထားတာပဲဖြစ်ပါတယ်။

11.Gao Weiguang
Fandom Name – tian tian quan

Gao Weiguang ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Tian Tian Quan လို့အမည်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ပရိတ်သတ်တွေက သူ့ကိုချစ်စနိုးနဲ့ခေါ်တဲ့ Tian Tian ဆိုတဲ့နာမည်ပြောင်ကို အခြေခံပြီး ဒိုးနတ်မုန့်ဆိုတဲ့ အဓိပ္ပာယ်နဲ့အမည်ပေးထားတာဖြစ်ပါတယ်။

12.Gong Jun
Fandom Name – jun wei xian

Gong Jun ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Jun Wei Xian လို့အမည်ပေးထားတာဖြစ်ပါတယ်။ ဒီနာမည်လေးကတော့ သူအရမ်းကြိုက်တဲ့ မုန့်မျိုးစုံပါတဲ့မုန့်ပွဲနာမည် Lang Wei Xian ရဲ့ Lang နေရာမှာ သူ့နာမည် Jun ကိုထည့်သုံးပြီး အမည်ပေးထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အတွေးအခေါ်လေးကို အခြေခံထားတယ်ဆိုတာ သိနိုင်ပါတယ်။

13.Guan Xiaotong
Fandom Name – tian tong

Guan Xiaotong ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Tian Tong လို့အမည်ပေးထားတာဖြစ်ပါတယ်။ ရေခဲမုန့်တစ်မျိုးရဲ့နာမည်မှာ သူမရဲ့နာမည် Tong ကိုပေါင်းထည့်ထားတယ်လို့သိရပါတယ်။ ချိုမြိန်အေးချမ်းစေတဲ့အသွင်ကိုယူပြီး အမည်ပေးထားတာဖြစ်ပါတယ်။

14.Han Geng
Fandom Name – geng fan

Han Geng ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Geng Fan လို့အမည်ပေးထားတာဖြစ်ပါတယ်။ Han Geng ရဲ့ Fan ဆိုတဲ့ အင်္ဂလိပ်လိုတိုက်ရိုက်ခေါ်ဆိုမှုကို တရုတ်လိုအသွင်ပြောင်းပြီး အမည်ပေးထားပဲဖြစ်ပါတယ်။

15.Hu Yitian
Fandom Name – ma jiang

Hu Yitian ရဲ့အမာခံပရိတ်သတ်များအတွက် Fandom နာမည်ကတော့ Ma Jiang လို့အမည်ပေးထားတာဖြစ်ပါတယ်။ တရုတ်လူမျိုးတွေကြားမှာရေပန်းစားပြီး မြန်မာလို မာကျောက်လို့ခေါ်တဲ့ကစားနည်းပဲဖြစ်ပါတယ်။ မာကျောက်ကစားနည်းမှာ အနိုင်ရတဲ့အခါမှာ “Hu” ဆိုတဲ့စကားလုံးကိုအသုံးပြုတယ်လို့ သိရပါတယ်။ သူနာမည်ရဲ့ ပထမဆုံးစကားလုံးကလည်း “Hu” ဖြစ်ပါတယ်။ သူ့နာမည်ရဲ့ “Yitian” ဆိုတဲ့စကားလုံးကတော့ “တစ်နေ့တာ” လို့အဓိပ္ပာယ်ရပါတယ်။ သူ့ရဲ့ Fan တွေဟာ သူ့ရဲ့တနေ့တာတိုင်းကိုအနိုင်ရထားသူတွေပါဆိုတဲ့အဓိပ္ပာယ်ကို ပြောင်မြောက်စွာ ဖော်ကျူးထားတာပဲဖြစ်ပါတယ်။

Written: Nair Nair
Source: Potatoe
Photos: Weibo

Share