Weibo Starlight Award မှာ ဆုရခဲ့သလို Twitter မှာလည်း iKON နဲ့တွဲပြီး Trending 1 ဖြစ်နေတဲ့ Lisa

BLACKPINK အဖွဲ့ရဲ့ Lisa လေးကတော့ Weibo Starlight Award မှာ “Popular Artist Of the year” ဆုကိုရရှိခဲ့ပါတယ်။ သူမကို “Popular Artist Of the year” ကိုပေးအပ်လို့ ကျေးဇူးတင်ကြောင်းနဲ့ အမြဲအားပေးပံ့ပိုးနေတဲ့ blink တွေကိုလည်း ကျေးဇူးလည်းတင်မိသလို သတိလည်းရနေကြောင်း Award acceptance speech video မှာ ပြောသွားခဲ့ပါတယ်။

Lisa လေးဟာ ဒီ ဆုကြီးအပြင် Singapore, Malaysia, Thailand တို့မှာ နာမည် ဂုဏ်သတင်းကျော်ကြားတဲ့ အနုပညာရှင် “Weibo Starlight Hall of Frame” အနေနဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒါတွေမကသေးပါဖူး Lisa လေးဟာ Twitter မှာ #iKONxLISAonKINGDOM ဆိုတဲ့ hashtag နဲ့ Trending No.1 လည်း ဖြစ်နေပါသေးတယ်။

ဘာလို့ hit ဖြစ်နေလည်းဆိုတော့ Mnet ကနေ ကျင်းပပေးတဲ့ Mnet’s Kingdom: Legendary War အစီအစဉ်ရဲ့ ဒီအပတ် round မှာ Lisa ဟာ Entertainment တူ Senior ဖြစ်တဲ့ iKON အဖွဲ့နဲ့ ပူးပေါင်းဖျော်ဖြေပေးခဲ့လို့ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ B side track ဖြစ်တဲ့ “Pretty Savage” သီချင်းကို “Classy Savage” ဆိုပြီး remake ပြန်ဆိုပြီး တခြားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

Stray Kids အဖွဲ့ကတော့ သူတို့ရဲ့ သီချင်း “God’s Menu”နဲ့ “BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” ကို mash-up လုပ်ပြီး ယှဉ်ပြိုင်ထားကြပါတယ်။ One အဖွဲ့ရဲ့ vocal unit ကတော့ Taeyeon ရဲ့ “Spark” သီချင်းကို cover သီဆို ယှဉ်ပြိုင်ခဲ့ကြပြီး Mayfly ရဲ့ Vocal unit ကတော့ IU ရဲ့ “Love Poem” ကို သူတို့ရဲ့ own style နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီ တပတ်က Boy Group တွေ အကြိတ်အနယ် ယှဉ်ပြိုင်ကြထားကြသလို သီချင်းတွေကလည်း အမိုက်အစားဖျော်ဖြေထားကြတာမို့ ဘယ်အဖွဲ့က အနိုင်ရသွားမလည်းဆိုတာ နောက်တပတ်မှာ သိရမှာပါ။ လောလောဆယ်တော့ Lisa featuring ပါဝင်ထားတဲ့ iKON အဖွဲ့ ဖျော်ဖြေမှုက Internet သုံးစွဲသူတွေကြားမှာ ရေပန်းစားနေသလို မှတ်ချက်ကောင်းတွေလည်း ပလူပျံနေကြပါတယ်။

Source: Koreaboo, Weibo
Written: Violet
Photo Credit: Lisa IG update

Share