အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Margie နဲ့ Yaya အကြောင်း ဖောက်သည်ချခဲ့တဲ့ Kimmy

Kimmy Kimberley, Yaya Urassaya နဲ့ Margie Rasri တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေမှန်း အားလုံးလည်းသိပြီးသားပါ။ အတွင်းသိအစင်းသိ…ပြောမနာ.ဆိုမနာသူငယ်ချင်းတွေမို့လို့ အားကျစရာ friendship လည်း ရှိနေပြန်ပါတယ်။

‘သူငယ်ချင်းလောက် ကိုယ့်အကြောင်းကိုသိတဲ့သူမရှိဘူး’ ဆိုတဲ့အတိုင်း အနီးကပ်ပေါင်းသင်းရတဲ့ Kimmy ဟာ Margie Rasri နဲ့ Yaya Urassaya ရဲ့အကြောင်းကို Instagram ရဲ့ stroy section မှာ ဖောက်သည်ချခဲ့ပါတယ်။

ချစ်ရတဲ့သူငယ်ချင်းဖြစ်သူ Margie ကိုတော့ Kimmy က “Margie ကျွန်မအတွက်အကောင်းဆုံးသူငယ်ချင်းပါ။ ပျော်ပျော်နေတတ်တယ်..ရီစရာပြောတတ်တယ်.. စိတ်ထားရိုးဖြောင့်သလို သူနဲ့ပေါင်းသမျှသူငယ်ချင်းတိုင်းကိုလည်း စိတ်ထဲကို ထိုးဖောက်မြင်နေရတဲ့အလား နားလည်နိုင်စွမ်းရှိပါတယ်။

အဖွဲ့ထဲမှာဆိုရင် Margie က ဦးဆောင်သူပဲ။ အချင်းချင်းဆုံကြဖို့ အမြဲတမ်းပြောလေ့ရှိသူပါ။ အတူတူစုပြီးစျေးဝယ်ထွက်ရတာကိုလည်း ကြိုက်ပြန်ရော.. Margie နဲ့သာဆို အကြာကြီးလည်း ဖုန်းပြောနိုင်တယ်။ ကလေးနှစ်ယောက်ရှိနေတာတောင်မှ သူမမှာ သူငယ်ချင်းတွေအတွက် အချိန်ပေးနိုင်သေးတယ်။ Margie Rasri ဆိုတာ ဒီလိုမျိုးမိန်းမသားပါပဲ” လို့ ပြောလာပါတယ်။

​နောက်မှာတော့ Kimmy က Yaya နဲ့ပတ်သက်ပြီး “Yaya Urassaya ဆိုတာကတော့ ကျွန်မအချစ်ရဆုံးသူငယ်ချင်းပဲ။ အောင်မြင်တဲ့အချိန်မှာကော.. အခက်အခဲတွေရှိတဲ့အချိန်မှာကော.. ကျွန်မဘေးနားမှာ ရှိနေပေးတဲ့သူက Yaya ပါ။

သူကကျတော့ သူခံစားရတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ အရိုးသားဆုံးဆက်ဆံတယ်။ သူမရဲ့သူငယ်ချင်းတွေကိုလည်း တအားချစ်တတ်တဲ့ကောင်မလေးပါပဲ။  ပြီးတော့ Yaya က ရွှင်လန်းတက်ကြွစွာနေတတ်တော့ သူနဲ့နေရတဲ့အချိန်တိုင်း အပျော်တွေကိုခံစားရပါတယ်။

ပါတီတွေမှာဆိုရင် Yaya က အခရာပဲ..သူမရှိနေရင် ပြီးပြည့်စုံသွားပြီ.. ဟုတ်ပါတယ်..Yaya ဆိုတာ အဲ့လိုမျိုးကောင်မလေးပါပဲ” ဆိုပြီး အရွှန်းဖောက်ခဲ့ပါတော့တယ်။ Kimmy အတွက်တော့ Margie နဲ့ Yaya ဟာ တကယ့်ကို အရေးပါတဲ့တွဲဖက်တွေဖြစ်တယ်ဆိုတာ သူမရဲ့စကားလုံးလေးတွေကနေတဆင့် ဖော်ပြနေပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share