Lee Kwang Soo အစား Running Man ရဲ့ အဖွဲ့ဝင်အသစ် ဖြစ်လာ​နိုင်​ခြေရှိတဲ့ အနုပညာရှင် ၂ ဦး

SBS ရုပ်သံလိုင်းရဲ့ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်​တွေရဲ့ တစ်ခဲနက်အား​ပေးမှုကို ရရှိ​နေဆဲဖြစ်တဲ့ Running Man ဟာ မကြာ​သေးခင်က အဖွဲ့ဝင် Lee Kwang Soo ကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

Lee Kwang Soo ဟာ သူ့ရဲ့ ကျန်းမာ​ရေးကို ဦးစား​ပေးဖို့ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ ၁၁ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ဒီအစီအစဉ်နဲ့ လမ်းခွဲပြီး မ​မျှော်လင့်ပဲ ရုတ်တရက်ထွက်​ပေါ်လာတဲ့ ဒီသတင်း​ကြောင့် ပရိသတ်​​တွေဟာ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။ ထို့အပြင် Lee Kwang Soo ရဲ့ ​နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာ ပရိသတ်​တွေအတွက် အာရုံစိုက်စရာ ​မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

Lee Kwang Soo တစ်​ယောက် Running Man က ထွက်ခွာမယ့်သတင်း ထွက်​ပေါ်ပြီး တစ်လအကြာမှာ​တော့ အင်တာနက်အသုံးပြုသူတစ်​ယောက်ဟာ “Running Man ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်လာနိုင်​ခြေရှိတဲ့ အနုပညာရှင် ၂ ဦး” ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

Lee Kwang Soo ရဲ့ လစ်လပ်​နေရာဟာ ကြီးမားလွန်းတာ​ကြောင့် ဒီအ​ကြောင်းအရာဟာ လူ​တွေရဲ့ တစ်ခဲနက် စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ပရိသတ်​တွေအ​နေနဲ့ ပထမဆုံး ခန့်မှန်းထားတဲ့တစ်​ယောက်က​တော့ မင်းသား Kim Ji Suk ပဲ ဖြစ်ပါတယ်။

အချိန်နဲ့အမျှ တိုးတက်လာတဲ့ သရုပ်​ဆောင်စွမ်းရည်​တွေနဲ့ ပရိသတ်​တွေရဲ့ အထင်ကြီး​လေးစားမှုကို ရရှိ​နေတဲ့ မင်းသားဟာ variety show အရည်အချင်း​တွေနဲ့လည်း ပရိသတ်​တွေကို သ​​ဘောကျနှစ်ခြိုက်​စေခဲ့ပါတယ်။ ထိုပို့စ်အရဆိုရင်​တော့ Lee Kwang Soo နုတ်ထွက်မယ့် သတင်း​တွေထွက်​ပေါ်လာပြီး​နောက် Kim Ji Suk ကို အဖွဲ့ဝင်အသစ်အဖြစ် ​တော်​တော်များများက ခန့်မှန်းထားခဲ့ကြတယ်လို့ ဆိုပါတယ်။

Lee Kwang Soo ​နေရာကို အစားထိုး ဝင်​ရောက်နိုင်​ခြေရှိတဲ့ ဒုတိယတစ်​ယောက်က​တော့ Record of Youth, Start-Up နဲ့ မကြာခင်ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအသစ် My Roommate Is A Gumiho တို့မှာ ပါဝင်ပြီး အသိအမှတ်ပြုခံထားရတဲ့ သရုပ်​ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Kang Han Na ပဲ ဖြစ်ပါတယ်။

Kang Han Na ဟာ Running Man မှာ အကြိမ်​ပေါင်းများစွာ ပါဝင်ခဲ့ဖူးပြီး ​သူမရဲ မွေးရာပါ ဟာသစွမ်းရည်​ကြောင့် ကြည့်ရှုသူ​တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။ Running Man ပရိသတ်အချို့က သူမကို အဖွဲ့ဝင်အသစ်ဖြစ်ဖို့ ​မျှော်လင့်​နေကြ​ပေမဲ့ သူမရဲ့ အချိန်ဇယားက ပြည့်​နေတာ​ကြောင့် ဖြစ်နိုင်​ခြေနည်းပါးတယ်လို့လည်း ပို့စ်တင်တဲ့သူက ​ပြောထားပါတယ်။

ဒီမင်းသားမင်းသမီး ၂ ​ယောက်လုံးဟာ Running Man မှာ ပါဝင်ခဲ့ဖူးပြီး ကြည့်ရှုသူတွေကို အထင်ကြီး​လောက်တဲ့ ဟာသစွမ်းရည်ကို ပြသနိုင်ခဲ့ကာ ပရိသတ်​တွေရဲ့ ​အ​ကောင်းမြင်မှုကို ရရှိထားပါတယ်။ ဒီ​ကောလဟာလဟာ Running Man ပရိသတ်​တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်နိုင်​ပေမဲ့ SBS က​ရော Running Man ရဲ့ ထုတ်လုပ်​ရေးအဖွဲ့က​ရော ဒီ​ကောလဟာလနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြုထားခြင်း မရှိ​​သေးပါဘူး။

Source : Koreaboo
Photo : Naver
Written : ZL

Share