လူ​ရွေးပွဲကို အကြိမ်​ပေါင်းများစွာ ကျရှုံးပြီးမှ အိပ်မက်ကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ K-Pop Idol ၄ ဦး

K-Pop Idol တစ်​ယောက်ဖြစ်ဖို့ ​လျှောက်လှမ်းရတဲ့ လမ်းဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ အခု K-Pop Idol အဖြစ် မြင်​တွေ့​နေရတဲ့သူ​တွေဟာလည်း လူ​ရွေးပွဲကို တစ်ခါတည်းနဲ့ လွယ်လွယ်ကူကူ ​အောင်မြင်လာတယ်ဆိုတာ အင်မတန်ရှားပါတယ်။ တစ်ချို့ဆိုရင် လူ​ရွေးပွဲကို အကြိမ်​ပေါင်းများစွာ ​ဖြေခဲ့ရပါတယ်။ အဲ့လိုမျိုး လူ​ရွေးပွဲ​ကို မ​ရေမတွက်နိုင်​အောင် ​ဖြေပြီးမှ ခက်ခက်ခဲခဲ Idol ဖြစ်လာတဲ့သူ ၄ ဦးရှိပါတယ်။ သူတို့က​တော့ ..

1. Yeonjun (TXT)

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ TXT အဖွဲ့ဝင် Yeonjun က လူ​ရွေးပွဲများစွာကို ကျရှုံးခဲ့ပြီး ဘယ်အရာ​ကြောင့် ​အောင်မြင်သွားခဲ့လဲဆိုတာကို ​ပြောပြခဲ့ပါတယ်။ Yeonjun အလယ်တန်း​ကျောင်းသားဘဝက လူ​ရွေးပွဲ​တွေ သွား​ဖြေတဲ့အခါ ​မျက်မှန်တပ်ပြီး ​ကျောင်းဝတ်စုံဝတ်ကာ ​ဖြေခဲ့ပါတယ်။

ထို့​ကြောင့် ​လူ​ရွေးပွဲများစွာကို မ​အောင်မြင်ခဲ့ပဲ တစ်​​နေ့မှာ​တော့ သူဟာ လူ​ရွေးပွဲသွား​ဖြေတဲ့အခါ မျက်မှန်မတပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ လူ​ရွေးပွဲ​တွေကို သွားရင် မျက်မှန်မတပ်ပဲ မျက်ကပ်မှန်သာ တပ်ပါတယ်။ အဲ့လိုလုပ်ပြီး​နောက်ပိုင်းမှာ လူ​ရွေးပွဲများစွာကို ​အောင်မြင်ခဲ့ပြီး Big Hit နဲ့ လက်တွဲကာ TXT အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

2. JooE (MOMOLAND)

MOMOLAND အဖွဲ့ဝင် JooE ဟာလည်း Idol တစ်​ယောက်ဖြစ်ဖို့ သူမရဲ့ လမ်းခရီးက ဘယ်​လောက်ထိ ခက်ခဲကြမ်းတမ်းခဲ့လဲဆိုတာကို ​ပြောပြခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက အဆို​တော်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အလယ်တန်း​ကျောင်းသူဘဝမှာ သီချင်းဆိုသင်တန်းနဲ့ အကသင်တန်း​တွေကို တက်ခဲ့ပါတယ်။ သင်တန်း​တွေက အိမ်နဲ့​ဝေး​ပေမဲ့လည်း ​နေ့တိုင်းကြိုးစားတက်​ရောက်ခဲ့ပါတယ်။

ထို့​နောက် လူ​ရွေးပွဲများစွာကို ဝင်​ရောက်​ဖြေဆိုခဲ့ပြီး ​တော်​တော်များများရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။သူမဟာ အလယ်တန်းနဲ့ အထက်တန်း​ကျောင်းသူဘဝမှာတင် လူ​ရွေးပွဲ ၅၀ ခုရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာပါ။ ​နောက်ပိုင်းအထက်တန်း​ကျောင်းသူဘဝမှာပဲ MLD Entertainment ရဲ့ လူ​ရွေးပွဲကို ယှဉ်ပြိုင်​ဖြေဆိုခဲ့ပြီး ဒိုင်​တွေက သူမရဲ့ အရည်အချင်းကို ​တွေ့မြင်ကာ လက်ခံခဲ့ပါတယ်။

3. IU

IU ဟာ K-Pop ​လောကမှာ နာမည်အကြီးဆုံး အဆို​တော်​တွေထဲကတစ်ဦးဖြစ်​ပေမဲ့ ပွဲဦးမထွက်ခင်ထိ အခက်အခဲများစွာကို ​ကျော်ဖြတ်ခဲ့ရပါတယ်။ IU ငယ်စဉ်တုန်းက သူမရဲ့ မိသားစုဟာ အ​ကြွေးနွံထဲ နစ်​နေခဲ့ပြီး သူမနဲ့ သူမရဲ့ ​မောင်​လေးက အဘွားအိမ်မှာ​နေခဲ့ရပါတယ်။ သူမရဲ့ အဘွားဟာ ​သူမတို့ကို ​ထောက်ပံ့ဖို့ ကြိုးစားရုန်းကန်​ပေမဲ့လည်း အစားအစာ​ကို​တောင် ဝဝလင်လင်​ကျွေးဖို့​တောင် မလွယ်ကူခဲ့ပါဘူး။

​နောက်ပိုင်း IU က အဆို​တော်ဖြစ်ဖို့ အိပ်မက်ရှိလာ​ပေမဲ့ လူ​ရွေးပွဲ အခု ၂၀ ကို ကျရှုံးခဲ့ပါတယ်။ IU ဟာ တစ်ခါက လူ​ရွေးပွဲ​ဖြေတဲ့ ကုမ္ပဏီတစ်ခုက​ လိမ်လည်တာကို​တောင် ခံခဲ့ရဖူးပါတယ်။ ဒါ​ပေမဲ့ IU ဟာ အရှုံးမ​ပေးပဲ ကြိုးစားရာက LOEN Entertainment က သူမကို လက်ခံခဲ့ပြီး K-Pop စတားတစ်​ယောက်ဖြစ်လာခဲ့ပါတယ်။

4. Choa (AOA အဖွဲ့ဝင်​ဟောင်း)

Choa ဟာ JYP Entertainment နဲ့ SM Entertainment တို့မှာ လူ​ရွေးပွဲ​ဖြေခဲ့ဖူးပြီး ကုမ္ပဏီ ၂ ခုလုံးက သူမကို ငြင်းပယ်ခဲ့ပါတယ်။ အထူးသဖြင့် SM Entertainment က သူမကို ၁၅ ကြိမ်တိတိ ငြင်းပယ်ခဲ့တဲ့အတွက် အရမ်းကို ခက်ခဲပင်ပန်းခဲ့ပါတယ်။ ​နောက်​တော့ Choa ဟာ FNC Entertainment နဲ့အတူ အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ လမ်းရှာ​တွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ AOA အဖွဲ့ဝင်​အ​နေနဲ့ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share