နာမည်ကေ​ျာ် Luxury Brand TOD’S ရဲ့ Brand Ambassador အသစ်ဖြစ်လာတဲ့ Xiao Zhan

အီတလီနိုင်ငံအခြေစိုက် နာမည်ကျော် Luxury Band တစ်ခုဖြစ်တဲ့ TOD’S အမှတ်တံဆိပ်ရဲ့ အီတလီနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက စီးပွားရေးကို ရေရှည်အကောင်အထည်ဖော်နိုင်ရေးအတွက် Brand Ambassador အသစ်တစ်ယောက်ကိုခန့်အပ်လိုက်တယ်ဆိုတဲ့အကြောင်းကို မေလ(၁၉)ရက်နေ့ကကြေညာခဲ့တာဖြစ်ပါတယ်။

သူကတော့ ‘The Untamed’ ဇာတ်လမ်းတွဲနဲ့အတူ တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံးသရုပ်ဆောင်စာရင်းမှာပါဝင်လာခဲ့တဲ့ မင်းသားချော Xiao Zhan ပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ Xiao Zhan ဟာ တရုတ်နိုင်ငံတွင်းမှာကျယ်ပြန့်စွာအသုံးပြုနေကြတဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Weibo မှာ Follower သန်း(၃၀)နီးပါးရရှိထားသူဖြစ်ပါတယ်။

ဒီသတင်းကိုစတင်ကြေညာလိုက်ချိန်ကနေစပြီး လက်ရှိအချိန်အထိ Xiao Zhan နဲ့ပတ်သက်ပြီး Hashtag များနဲ့ စိတ်ဝင်စားရှာဖွေခံရတဲ့ အကြိမ်ပေါင်း (၄၁၀)မီလီယံကျော်ထိရှိခဲ့ပြီး ကုန်ပစ္စည်းရဲ့တရားဝင် Website တွေမှာလည်း ဝင်ရောက်အတည်ပြုမှုတွေဟာ (၁)နာရီကို အကြိမ်ရေ (၂)သန်းနီးပါးအထိရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

TOD’S ရဲ့ပြောကြားချက်အရ မတ်လ ၃၁ ရက်ကုန်ဆုံးတဲ့သုံးလပတ်မှာ တရုတ်ရဲ့ရောင်းအားက ၁၃၆.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယူရို ၆၂.၈ သန်း (ဒေါ်လာ ၇၂.၇ သန်း) ကိုရောက်ရှိခဲ့ပြီး ယူရို ၁၇၈ သန်း (ဒေါ်လာ ၂၁၇.၃၈ သန်း) အထိ (၁၉)ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။

Ruder Finn ကထုတ်ပြန်တဲ့ China Luxury Report ရဲ့အဆိုပြုချက်အရ တရုတ်နိုင်ငံတွင်းက ဇိမ်ခံပစ္စည်းများနဲ့ပတ်သက်တဲ့ ဝယ်သူ(၈၀)ရာခိုင်နှုန်းဟာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ကြော်ညာရဲ့နာမည်ကြီးအနုပညာရှင်များအပေါ်မှာအခြေပြုထားတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအချက်ကိုဆွဲကိုင်ပြီး TOD’S အနေနဲ့ အကောင်းဆုံး Brand Ambassador ကိုရွေးချယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Written: Nair Nair
Source: BOF
Photos: Tod’s

Share