Deadpool မင်းသား Ryan Reynolds က Stray Kids အဖွဲ့ကို ဘယ်လိုသတိထားမိသွားခဲ့သလည်းဆိုရင်…

May လ 20 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Mnet ရဲ့ Kingdom အစီအစဉ်မှာ Stray kids အဖွဲ့ဟာ Deadpool character ကို တုပပြီး အမိုက်စားဖျော်ဖြေမှု တွေနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ Deadpool ပုံစံကိုတော့ Stray kid အဖွဲ့ဝင် Filex က ဝတ်ဆင်ခဲ့ပြီး Deadpool မင်းသားရဲ့ Dialogue တွေကို သူ့ရဲ့ ဩရှရှသံသံနဲ့ ပြောနေတဲ့ဟန်နဲ့ သူတို့ရဲ့ Performance ကို အစပြုခဲ့ပါတယ်။

ပြီးနောက်မှာတော့ BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” နဲ့ သူတို့ရဲ့ သီချင်း “God’s Menu” ကို mash up လုပ်ပြီး ကပြသီဆိုဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေမှုအပြီးမှာတော့ Fan တစ်ယောက်ဟာ Deadpool ရုပ်ရှင်ထဲက မင်းသား စကားပြောနေတဲ့ scene နဲ့ “Filex” Deadpool ပုံစံပြောသွားတဲ့ performance ကို ပေါင်းပြီး Deadpool အစစ်နဲ့ Filex တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စကားပြောနေဟန် edit လုပ်ပြီး Twitter ပေါ်တင်ခဲ့ပါတယ်။

Edit ထားတာ မိုက်ချက်ကတော့ Fan တွေအချင်းချင်းကြားမှာ ရေပန်းစားသွားခဲ့ပြီး tweet တွေ အရမ်းများလွန်းလို့ Deadpool မင်းသား “Ryan Reynolds” ကပါ သတိထားမိခဲ့ပါတယ်။ အစကတော့ Ryan ဟာ “⚔️” ဓားပုံစံ emoji လေးသာ မန့်ခဲ့ပါတယ်။ Ryan သတိထားမိသွားတာကို သိသွားတဲ့ Fan တွေဟာ ဒီ edit video ထဲက သူဟာ Kpop အဖွဲ့ Straykids ဖြစ်ကြောင်း သိရအောင် mention ခဲ့ကြပါတယ်။

Ryan ကလည်း နည်းနည်းထပ် လေ့လာလိုက်ပုံပါဘဲ။ “Oh hello @stray_kids.” ဆိုပြီး ထပ် tweet ပေးခဲ့ပါတယ်။ ခု Twitter မှာ ဒီအကြောင်းက trend ဖြစ်လျှက်ရှိသလို Straykids အဖွဲ့ကို လူပိုသိလာကြပြီး fan တွေပါ တိုးလာပါတယ်။ Stray kids အဖွဲ့လည်း ဒီကိစ္စကြောင့် စိတ်လှုပ်ရှားနေပုံပါဘဲ။Deadpool fan အကြီးစား “Straykids” အဖွဲ့ Leader ဖြစ်သူ Bang Chan ဆိုရင် သူ့ရဲ့ Bubble chat Bio မှာ “From now on I am, Chris Reynolds” ဆိုပြီး ပြောင်းခဲ့ပါတယ်။

Bang Chan ရဲ့ English name က “Chris” ဖြစ်ပြီး Reynolds ကတော့ Deadpool မင်းသား “Ryan Reynolds” ရဲ့ နောက်စာလုံးက ယူထားတာ ဖြစ်ပါတယ်။ “Straykids”Fan လေးတွေကတော့ သူတို့ရဲ့ idol အကြိုက် Deadpool မင်းသား သတိထားမိသွားအောင် လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေကြပါတယ်။

Source: Koreaboo
Written: Violet

Share