အားလပ်ချိန်ရတိုင်း Thai TV3 မှ ထိပ်တန်းသရုပ်​ဆောင်မင်းသမီး (၇) ဦး လုပ်လေ့ရှိတဲ့ ဝါသနာများ

တစ်ခါတရံမှာ ကိုယ်အားပေးရတဲ့အနုပညာရှင်တွေဟာ အားလပ်ချိန်ရတဲ့အခါမှာ ဘာတွေလုပ်နေမလဲဆိုတာကို တွေးမိကြမယ်ထင်ပါတယ်။ အလုပ်ချိန်တွေနဲ့မအားလပ်အောင်ဖြစ်နေတဲ့ Thai TV3 မှ ထိပ်တန်းမင်းသမီး ၇ ဦးမှာလည်း အနားယူချိန်ရတဲ့အခါ သူတို့သဘောကျတဲ့ဝါသနာတွေကိုလုပ်ကိုင်လေ့ရှိကြပါတယ်။

Yaya Urassaya Sperbund

ဆုများစွာပိုင်ရှင် Yaya Urassaya ကတော့ ကြိုက်နှစ်သက်တဲ့ဝါသနာကတောင် အနုပညာဖန်တီးမှုနဲ့ သက်ဆိုင်နေပါတယ်။ Yaya ဟာ ကခုန်ခြင်း၊ သီချင်းဆိုခြင်းအပြင် ပန်းချီရေးဆွဲခြင်းနဲ့ သစ်ပင်လေးတွေကိုပြုစုပျိုးထောင်ခြင်းတို့ကိုလည်း အားလပ်ချိန်ရတိုင်း လုပ်လေ့ရှိပါတယ်။

Mew Nittha

မိန်းကလေးတော်တော်များများရဲ့ ဝါသနာတွေလိုပဲ ထိပ်တန်းမင်းသမီးလေး Mew Nittha ရဲ့ဝါသနာကလည်း ရိုးရှင်းလှပါတယ်။ Mew ဟာ ရုပ်ရှင်ကြည့်ခြင်းကို နှစ်သက်သလို shopping ထွက်ခြင်း၊ အဝတ်အစားဒီဇိုင်းဖန်တီးခြင်း၊ ပုံဆွဲခြင်းအပြင် အိပ်စက်ခြင်းကိုလည်း ဝါသနာပါပါတယ်တဲ့။

Taew Natapohn

ထိပ်တန်းမင်းသမီးဖြစ်သူ Taew Natapohn ကတော့ အားလပ်ချိန်ရရင် သူမဝါသနာပါရာအလုပ်တွေဖြစ်တဲ့ သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ပုံတူဆွဲခြင်းနဲ့ ဒီဖိုင်းထုတ်လုပ်ခြင်းတွေကို ပြုလုပ်လေ့ရှိပါတယ်။

Bella Ranee

အနေအေးဆေးတဲ့ Bella Ranee ရဲ့ ဝါသနာကလည်း အေးဆေးလှပါတယ်။ အားလပ်ချိန်ရတဲ့အခါမှာ စာအုပ်ကောင်းတစ်အုပ်ဖတ်နေတတ်သလို ရုပ်ရှင်ကောင်းတစ်ကားကို သိတ်လိုလက်ရနဲ့ ကြည့်တတ်တယ်လို့ ဆိုပါတယ်။

Kimmy Kimberly

မင်းသမီးချောလေး Kimmy ကတော့ အားလပ်ချိန်ရရင် မီးဖိုချောင်ထဲဝင်ပြီးချက်ပြုတ်လေ့ရှိသလို ပန်းပင်လေးတွေစိုက်ပျိုးပြုစုစောင့်ရှောက်တာမျိုးအပြင် သီချင်းနားထောင်တာနဲ့ ဇာတ်ကားကြည့်ရတာမျိုးကိုလည်း လုပ်ကိုင်ရတာကြိုက်သူလေးတစ်ယောက်ပါပဲ။

Preem Ranida

Preem Ranida ကတော့ စိတ်ငြိမ်အေးချမ်းမှုကိုနှစ်သက်ပုံပေါ်ပါတယ်။ အနားယူတဲ့အချိန်မှာ အေးဆေးစွာနဲ့ သီချင်းလေးနားထောင်တာမျိုးလုပ်တတ်သလို စာအုပ်ကောင်လေးတစ်အုပ်ကိုဖတ်ရင်း အနားယူလေ့ရှိပါတယ်တဲ့။

Mint Chalida

မင်းသမီး​လေး Mint Chalida ကတော့ တခြားမင်းသမီးလေးတွေနဲ့မတူတဲ့ဝါသနာတစ်ခုရှိနေပါတယ်။ အများနည်းတူ ဇာတ်ကားကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သီချင်းဆိုခြင်းတို့အပြင် ထူးထူးခြားခြားအနေနဲ့ scuba diving လို့ခေါ်တဲ့ အသက်ရှူစက်ကိုကျောပိုးပြီး ရေငုပ်ရတာမျိုးကိုလည်း ကြိုက်နှစ်သက်သူလေးတစ်ဦးဖြစ်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share