အဖွဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်အတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ထားတဲ့ BTS

BTS အဖွဲ့ဟာ အဖွဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်အတွက် အထူးအစီအစဉ်တစ်ခု ​ရေးဆွဲထားပါတယ်။ အဲ့ဒါက​တော့ ၂၀၂၁ ခုနှစ်အတွက် “Muster” ကို ကျင်းပပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ “Muster” ဆိုတာက​တော့ BTS အဖွဲ့ နှစ်စဉ်ကျင်းပပြုလုပ်​လေ့ရှိတယ် fan meeting ကို ဆိုလိုတာဖြစ်ပါတယ်။

BTS ရဲ့ fandom နာမည်က “ARMY” ဖြစ်တဲ့အတွက် သူတို့ရဲ့ fan meeting ​တွေကို “Muster” (စစ်သားတွေ စု​ဝေးတဲ့ ညီလာခံ) လို့ အမည်​ပေးထားတာ ဖြစ်ပါတယ်။ BTS ရဲ့ ​နောက်ဆုံး “Muster” ကို​တော့ ၂၀၁၉ ခုနှစ် ဇွန်လတုန်းက ဘူဆန်မြို့နဲ့ ဆိုးလ်မြို့တို့မှာ “Magic Shop” ဆိုတဲ့ concept နဲ့ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ ကိုဗစ် ၁၉ ကပ်​​ရောဂါ ဖြစ်ပွားခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ်အတွက် “Muster” ကို​တော့ မကျင်းပဖြစ်ခဲ့ပါဘူး။ ဒါ​ပေမဲ့ မေလ ၂၂ ရက်​နေ့မှာ BTS က Weverse နဲ့ Facebook တို့က​တော့ တစ်ဆင့် ၂၀၂၁ ခုနှစ်အတွက် “Muster” ကို ကျင်းပပြုလုပ်သွားမယ်လို့ အသိ​ပေး​ကြေငြာလိုက်ပါတယ်။ ဒီပွဲကို​တော့ “Sowoozoo” ဆိုတဲ့ အမည်နဲ့ အဖွဲ့ ၈ နှစ်ပြည့် အထိမ်းအမှတ်အတွက် အွန်လိုင်းက​နေ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Fan Meeting ကို လာမယ့် ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်​နေ့​တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး ၁၄ ရက်​နေ့မှာ​တော့ နိုင်ငံခြားဘာသာနဲ့ သီဆိုထားတဲ့ သီချင်း​တွေကိုပါ ဖျော်​ဖြေသွားမယ့် “World Tour” version နဲ့ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ HYBE က​တော့ ပွဲကျင်းပမယ့်အချိန်မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်း​​တွေ ​လျော့​ပေါ့​ပေးပြီး အခွင့်အ​ရေးရမယ်ဆိုရင် လူကိုယ်တိုင်လာ​ရောက်ကြည့်ရှုလို့ရ​အောင်လည်း စီစဉ်​နေတယ်လို့ ဆိုပါတယ်။

သစ

Source : Soompi
Photo : Facebook
Written : ZL

Share