အသက် ၁၆ နှစ်မပြည့်ခင်မှာပဲ ပွဲဦးထွက်ခဲ့ကြတဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် K-Pop Idol များ

ပရိသတ်​တွေ သိကြတဲ့အတိုင်းပဲ K-Pop Idol တစ်​ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲပြီး အချိန်​တွေအများကြီး ​ပေးဆပ်ရပါတယ်။ ဆက်​ကျော်သက်အရွယ်တည်းက သင်တန်းသားအ​နေနဲ့ ​လေ့ကျင့်မှု​တွေ လုပ်ခဲ့ရပြီး သာမန်လူ​တွေလို ​နေထိုင်ဖို့ အချိန်မရှိသ​လောက်ပါပဲ။

K-Pop Idol ​တွေထဲမှာ အ​ကြောင်းအမျိုးမျိုး​ကြောင့် အသက်ကြီးမှ ပွဲဦးထွက်ရတဲ့သူ​တွေလည်း ရှိသလို တစ်ချို့က​တော့ အရွယ်နဲ့ မလိုက်​အောင် အရည်အချင်းပြည့်ဝ​​နေတာ​ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲဦးထွက်ရတဲ့သူ​တွေလည်းရှိပါတယ်။ အခု​ဖော်ပြ​ပေးချင်တာက​တော့ အသက် ၁၆ နှစ်မပြည့်ခင် ပွဲဦးထွက်ခဲ့ကြတဲ့ K-Pop Idol ​တွေပဲဖြစ်ပါတယ်။

1. Jungkook

၁၉၉၇ ခုနှစ်မှာ ​မွေးဖွားခဲ့တဲ့ BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ အသက် ၁၃ ​နှစ်​​လောက်မှာ Big Hit Entertainment ရဲ့ သင်တန်းသား စဖြစ်ခဲ့ပါတယ်။ ထို့​နောက် ၂၀၁၃ ခုနှစ်မှာ BTS အဖွဲ့ဝင်​အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး ထိုစဉ်က Jungkook ရဲ့ အသက်ဟာ ၁၅ နှစ်သာရှိပါ​သေးတယ်။

2. Suzy

Suzy ဟာ JYP Entertainment လက်​အောက်မှာ သင်တန်းချိန် ၆ လသာ ကြာမြင့်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ Miss A အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

3. Zelo

B.A.P အဖွဲ့ဝင်​ဟောင်းတစ်​ယောက်ဖြစ်တဲ့ Zelo က​တော့အသက် ၉ နှစ်အရွယ်​လောက်တည်းက သင်တန်းသားဘဝကို ဖြတ်သန်းခဲ့ပြီး အသက် ၁၅ နှစ်မှာ B.A.P အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

4. Minzy

​နောက်ထပ်တစ်ဦးက​တော့ 2NE1 အဖွဲ့ဝင်​ဟောင်း Minzy ဖြစ်ပါတယ်။ သူမဟာလည်း ၂၀၀၉ ခုနှစ် 2NE1 အဖွဲ့နဲ့ ပွဲဦးချိန်မှာ အသက် ၁၅ နှစ်သာရှိပါ​သေးတယ်။

5. IU

နာမည်​ကျော် solo artist တစ်​​ယောက်ဖြစ်တဲ့ IU ဟာလည်း ပွဲဦးထွက်ချိန်မှာ အသက် ၁၅ နှစ်သာ ရှိပါ​သေးတယ်။ သူမဟာ ၂၀၀၈ ခုနှစ်မှာ “Lost Child” ဆိုတဲ့ သီချင်းနဲ့ စတင်ပွဲဦးထွက်ခဲ့ပါတယ်။

6. Jang Wonyoung

၂၀၀၄ ခုနှစ်ဖွား Wonyoung က​တော့ ၂၀၁၈ ခုနှစ်မှာ IZ*ONE အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ထိုစဉ်က သူမရဲ့ အသက်ဟာ ၁၄ နှစ်သာရှိပါ​သေးတယ်။

7. Hayoung

APINK အဖွဲ့ဝင် Hayoung ဟာ အသက် ၁၄ နှစ်မှာ သင်တန်းသူအဖြစ် PLAY M Entertainment ကို ဝင်​ရောက်ခဲ့ပြီး ထိုနှစ်မှာပဲ ပွဲဦးထွက်ခဲ့ပါတယ်။

8. Taemin

SHINee အဖွဲ့ဝင် Taemin က​တော့ SM Entertainment လက်​အောက်မှာ သင်တန်းသားအဖြစ် ၃ နှစ် ​လေ့ကျင့်ခဲ့ပြီး အသက် ၁၄ နှစ်မှာ SHINee အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

9. Changjo

TEEN TOP အဖွဲ့ရဲ့ အသက်အငယ်ဆုံးနဲ့ main dancer ဖြစ်တဲ့ Changjo ဟာ ၂၀၁၀ ခုနှစ်မှာ TOP Media လက်​အောက်က​နေ TEEN TOP အဖွဲ့ဝင်အဖြစ် ပွဲဦးစထွက်ခဲ့ပြီး ထိုအချိန်မှာ Changjo ရဲ့ အသက်က ၁၄ နှစ်သာရှိပါ​သေးတယ်။

10. Krystal

f(x) အဖွဲ့ဝင်​ဟောင်း Krystal က​တော့ ၂၀၀၆ ခုနှစ်မှာ SM Entertainment နဲ့လက်တွဲခဲ့ပြီး သင်တန်းသူအဖြစ် ၃ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ ထို့​နောက် ၂၀၀၉ ခုနှစ်၊ သူမ အသက် ၁၄ နှစ်မှာ f(x) အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

11. Jiheon

Fromis 9 အဖွဲ့ဝင် Jiheon ဟာလည်း အသက် ၁၄ နှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ ​နောက်ထပ် idol တစ်ဦးဖြစ်ပါတယ်။ သူမကို ၂၀၀၃ ခုနှစ်မှာ ​မွေးဖွားခဲ့ပြီး Fromis 9 ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်မှာ “Idol School” ဆိုတဲ့ survival program ကို ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။

12. Jiyoung

KARA အဖွဲ့ဝင်​ဟောင်းတစ်​ယောက်ဖြစ်တဲ့ Jiyoung က​​တော့ DSP Media လက်​အောက်မှာ ၂ ပတ်သာ ​လေ့ကျင့်​ရေးဆင်းခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာ “Break It” သီချင်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ထိုစဉ်က သူမရဲ့ အသက်က ၁၄ နှစ်သာရှိပါ​သေးတယ်။

13. Jisung

NCT အဖွဲ့ဝင် Jisung က​တော့ မူလတန်း​ကျောင်းသားဘဝ၊ အသက် ၁၀ နှစ်​လောက်မှာ သင်တန်းသားဖြစ်ခဲ့ပြီး ၄ နှစ်ကြာ ​လေ့ကျင့်​ရေးဆင်းခဲ့ပါတယ်။ ထို့​နောက် အသက် ၁၄ နှစ်မှာ NCT Dream အဖွဲ့နဲ့ စတင် ပွဲဦးထွက်ခဲ့ပါတယ်။

14. Jinsol

၂၀၀၁ ခုနှစ်မှာ ​မွေးဖွားခဲ့တဲ့ Jinsol ဟာ APRIL အဖွဲ့ရဲ့ main vocalist တစ်​ယောက်ဖြစ်ပြီး DSP Media လက်​အောက်မှာ ၆လကြာ ​လေ့ကျင့်​ရေးဆင်းကာ ၂၀၁၅ ခုနှစ်မှာ APRIL အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ ထိုအချိန်က သူမရဲ့ အသက်ဟာ ၁၃ နှစ်သာရှိပါ​သေးတယ်။

15. BoA

Solo Artist တစ်​ယောက်ဖြစ်တဲ့ BoA ဟာလည်း အသက် ၁၃ နှစ်မှာ SM Entertainment လက်​အောက်က​နေ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၁ နှစ်မှာ သင်တန်းသူဘဝကို စတင်ခဲ့ပြီး အဆိုအကအပါအဝင် အင်္ဂလိပ်စာ၊ ဂျပန်စာ​တွေကို သင်ကြားခဲ့ရကာ ၂ နှစ်ကြာပြီး​နောက် ၂၀၀၀ ခုနှစ်မှာ ID; Peace B album နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

Source : KStarLive
Photo : Pinterest
Written : ZL

Share