JYP ကနေ ထွက်ခွာခဲ့ပြီးနောက် ပမထဆုံးအနေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလာတော့မယ့် GOT7’s BamBam

JYP ENTERTAINMENT နဲ့ ၂၀၂၁ အစောပိုင်းတုန်းက လက်တွဲဖြုတ်ခဲ့တဲ့ GOT7 အဖွဲ့ဟာ အဖွဲ့ဖျက်သိမ်းခြင်းမရှိသလို တစ်ယောက်ချင်းစီအနေနဲ့လည်း တကိုယ်တော်အနုပညာလှုပ်ရှားမှုတွေ ရှိနေပါတယ်။ အဖွဲ့ရဲ့ ထိုင်းနိုင်ငံသားဖြစ်သူ BamBam ကလည်းပဲ ပထမဆုံးတကိုယ်တော်အနုပညာလှုပ်ရှားမှုနဲ့အတူ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။

မေလ ၂၄ ရက်နေ့ ညပိုင်းလောက်တုန်းက BamBam ဟာ ဇွန်လအတွင်း သူ့ရဲ့ Solo Comeback နဲ့ပတ်သက်ပြီး တရားဝင်ကြေညာပေးခဲ့ပါတယ်။ GOT7 အဖွဲ့ဝင် BamBam အနေနဲ့ အချိန်အကြာကြီးလက်တွဲခဲ့တဲ့ JYP Entertainment မှ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးပြုလုပ်မယ့် comeback တစ်ခုလည်းဖြစ်ပါတယ်။ တရားဝင်ကြေညာချက်အရ BamBam ရဲ့ သီချင်းသစ်ဟာ ဇွန်လ ၁၅ ရက်နေ့မှာ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။

အဆိုပါကြေညာချက်နဲ့အတူ တကိုယ်တော် comeback အတွက် BamBam ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပထမဆုံးသော teaser ကိုပါ ပြသခဲ့ပါတယ်။ GOT7 အဖွဲ့ဝင်တစ်ယောက်ချင်းစီက ကိုယ်ပိုင်အနုပညာအရည်အချင်းတွေရှိတာကြောင့် BamBam ရဲ့ တီထွင်ဖန်တီးမှုဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျမယ်လို့လည်းထင်ပါတယ်။

Source: Soompi
Photos: Soompi
Written: Julia

Share