လက်ထပ်ခြင်းနဲ့ စိတ်ကူးထားတဲ့ဘဝလက်တွဲဖော်ပုံစံကို “Running Man” မှာ ပြောပြခဲ့တဲ့ Song JiHyo

Running Man ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့အပိုင်းမှာတော့ မင်းသမီး Song Ji Hyo ဟာ လက်ထပ်ခြင်းနဲ့ သူမစိတ်ကူးထားတဲ့ ဘဝလက်တွဲဖော်ပုံစံအကြောင်းကို Running Man ရဲ့ နောက်ဆုံးထုတ်လွှင့်ထားတဲ့အပိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

အသက် ၄၀ ကျော်ဖြစ်ပေမယ့်လည်း ယခုအချိန်ထိနုပျိုနေဆဲဖြစ်သူ Song Ji Hyo ကတော့ Date လုပ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်းတို့ကို သိပ်ပြီးစိတ်မဝင်စားပေမဲ့လည်း သူမရဲ့ ဘဝလက်တွဲဖော်နဲ့ပတ်သက်ပြီး အတွေးအမြင်ကတော့ ပုံစံကျလှပါတယ်။

Jihyo ဟာ တစ်စုံတစ်ယောက်နဲ့ အစီအစဥ်ချပြီး blind date လုပ်ရတာမျိုးကို သိပ်ပြီးသဘောမတွေ့ဘူးလို့ဆိုပါတယ်။ ဂျီဟိုက “Blind Date လုပ်တဲ့အခါ ကသိကအောက်နိုင်တဲ့ခံစားချက်ကြီးကို မကြိုက်ပါဘူး။ Blind Date လုပ်တဲ့နေရာကိုရောက်ပြီး ထိုင်ခံပေါ်ထိုင်လိုက်တာနဲ့ အိမ်ကိုပြန်ချင်တာပဲသိတော့တယ်။

ကျွန်မလိုမျိုးအသက်အရွယ်ရောက်နေတဲ့အမျိုးသမီးတော်တော်များများကလည်း အိမ်ထောင်ပြုဖို့အချိန်တန်ပြီလို့တွေးကြမိလိမ့်မယ်။ ဘဝလက်တွဲဖော်တွေနဲ့ပတ်သက်ပြီး တွေးတောဝေမျှစရာတွေလည်းရှိတယ်။ တချို့က အိမ်ထောင်ကျပြီး တအိုးတအိမ်ထူထောင်ပြီးကြပြီ။

ဒီတော့… (ထိုအချိန်မှာပဲ ဂျီဟိုအနေနဲ့ date မလုပ်တာတော်တော်ကြာပြီဆိုတော့ တကယ်လို့မျိုး ကိုယ်စိတ်တိုင်းကျတဲ့သူနဲ့များတွေ့ရင် တန်းပြီးလက်ထပ်ဖြစ်မလား..ဆိုပြီး Lee Yong Jin က ဖြတ်မေးလိုက်ပါတယ်) ကျွန်မအနေနဲ့ အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လို့ လက်ထပ်လိုက်ရတာမျိုး မလုပ်ပါဘူး။

ကျွန်မမှာ ဘဝလက်တွဲဖော်နဲ့ပတ်သက်ပြီး တိတိကျကျကြီးမျှော်လင့်ထားတာမရှိပါဘူး။ “right guy” ဆိုတဲ့ ဘဝလက်တွဲဖော်အစစ်အမှန်ကိုနဲ့ပတ်သက်ပြီး ကျွန်မလက်ခံထားတဲ့ခံယူချက်က “တောင်းပန်နိုင်စွမ်းရှိတဲ့သူ” ပါပဲ။ ဒီတစ်ချက်တည်းနဲ့ပဲ ကျွန်မတွေးတောကြည့်ချင်တယ်။ ကျွန်မရဲ့ အနာဂတ်က လက်တွဲဖော်ဟာ ဘယ်အချိန်မှာ တောင်းပန်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်နိုင်ဖို့မျှော်လင့်နေပါတယ်။ ဒီလောက်ပါပဲ” ဆိုပြီး ရှင်းလင်းစွာဖြေဆိုပေးခဲ့ပါတယ်။

အပိုင်းသစ်ပြသပြီးနောက်မှာတော့ Song Ji Hyo ရဲ့ ပရိသတ်တွေဟာ ဂျီဟိုအတွက် အားပေးစကားတွေပြောပေးခဲ့ကြပြီး အနာဂတ်မှာလည်း သူမကိုတကယ်အထောက်အပံ့ပေးနိုင်ပြီး ပျော်ရွှင်အောင်ထားနိုင်မယ့် ဘဝလက်တွဲဖော်တွေ့နိုင်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ အားလုံးချစ်ရတဲ့ Running Man ရဲ့ Ace ဖြစ်သူ ဂျီဟိုလေးရဲ့အချစ်ရေးသတင်းကိုတော့ Runners တိုင်းက စောင့်မျှော်နေကြပါပြီ။

Source: Koreaboo
Photos: Creativegrouping
Written: Juila

Share