2021 BillBoard Music Awards မှာ ဇကာတင်ဝင်ထားတဲ့ ဆု ၄ ဆုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ BTS

​မေလ ၂၃ ရက်​နေ့မှာ ၂၀၂၁ ခုနှစ်အတွက် Billboard Music Awards ဆု​ပေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီနှစ်အတွက် ဆုရရှိတဲ့သူ​တွေကို ထုတ်​ဖော်​ကြေငြာခဲ့ပါတယ်။ ဆု​ပေးပွဲမစခင်မှာလည်း Billboard Music Awards ရဲ့ Twitter စာမျက်နှာကတစ်ဆင့် ဆုရရှိသူအချို့ကို ကြိုတင်​ကြေငြာ​ပေးခဲ့သလို ကျန်ရှိတဲ့ ဆု​ရရှိသူတွေကို ဆု​ပေးပွဲမှာ ဆက်လက်​ကြေငြာ​ပေးခဲ့ပါတယ်။

BTS အဖွဲ့က​တော့ ဒီနှစ်အတွက် ဇကာတင်ဝင်ထားတဲ့ ဆု ၄ ဆုလုံးကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဆု​ပေးပွဲမစခင်မှာပဲ ဇကာတင်စာရင်း ဝင်ထားတဲ့ Top Duo/Group, Top Song Sales Artist နဲ့ Top Social Artist စတဲ့ ဆု ၃ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆု​ပေးပွဲ စတင်ပြီး​နောက် ကျန်ရှိ​နေတဲ့ဆု​တွေကို ဆက်လက်​ချီးမြှင့်ခဲ့ရာမှာ​တော့ ကမ္ဘာ​ကျော် “Dynamite” သီချင်းနဲ့ Top Selling Song ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို့​ကြောင့် BTS အဖွဲ့ဟာ ဒီနှစ်အတွက် ဆု ၄ ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး Billboard Music Awards မှာ ဆုအများဆုံး ရရှိတဲ့နှစ်အဖြစ် ကိုယ်ပိုင်စံချိန်သစ်ကို တင်လိုက်နိုင်ပြီဖြစ်ပါတယ်။

ယခုနှစ်ဟာ BTS အဖွဲ့အတွက် Top Song Sales Artist ဆုကို ရရှိတဲ့ ပထမဆုံးနှစ်ဖြစ်ပြီး Top Duo/Group ဆုကို​တော့ ၂၀၁၉ ခုနှစ်မှာ ရရှိပြီး​နောက် ယခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ Top Social Artist ဆုကို​တော့ ယခုနှစ်နဲ့ဆို ၅ နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ထို့အပြင် BTS အဖွဲ့ဟာ Gabby Barrett နဲ့ Charlie Puth တို့ရဲ့ “I Hope,” Cardi B နဲ့ Megan Thee Stallion တို့ရဲ့ “WAP,” The Weeknd ရဲ့ “Blinding Lights” နဲ့ Megan Thee Stallion ရဲ့ “Savage” သီချင်း​တွေကို ​ကျော်ဖြတ်ပြီး “Dynamite” သီချင်းနဲ့ Top Selling Song ဆုကိုပါ ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Congratulations ပါ BTS!

Source : Soompi
Photo : Twitter
Written : ZL

Share