မင်းသား Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ တကယ်ဘဲ Date နေကြပြီလား

ဒီမနက်မှာတော့ သရုပ်ဆောင်မင်းသား Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ တွဲနေကြတာ တစ်နှစ်လောက်ရှိပြီလို့ သတင်းတွေ တက်လာခဲ့ပါတယ်။ အသက်အရွယ်အားဖြင့် 5 နှစ်လောက် ကွာတဲ့ သူတို့နှစ်ယောက်ဟာ Golf ရိုက်ကစားရင်းနဲ့ တွေ့ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း Date ဖြစ်သွားတယ်လို့ သတင်းဌာနအသီးသီးက ဖော်ပြခဲ့ကြပါတယ်။

Media တွေဟာ Lee Sung Gi ဒီနှစ်မှာ ရိုက်ကူးခဲ့တဲ့ tvN Drama “Mouse”ကားရဲ့ ရိုက်ကွင်းမရှိတဲ့နေ့ရက်တွေမှာ နှစ်ယောက်သားကို အတူမြင်ရလေ့ရှိတယ် လို့လည်း ဖွင့်ချခဲ့ပါတယ်။ Lee Seung Gi, Lee Da In တို့နဲ့ အတွင်းကျကျခင်မင်ရင်းနှီးတဲ့သူတွေကလည်း သူတို့ရဲ့ Relationship ကို တဖြည်းဖြည်းနဲ့ တည်ဆောက်နေကြတယ် လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

1987 born ဖြစ်တဲ့ Lee Seung Gi ဟာ “The Dream of a Moth” album နဲ့ 2004 ခုနှစ်မှာ Debut ခဲ့တာဖြစ်ပြီး နောက်ပိုင်း သရုပ်ဆောင်မင်းသား အဖြစ် ဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့ပါတယ်။ 1992 born ဖြစ်တဲ့ မင်းသမီး Lee Da In ကတော့ 2014 ခုနှစ်မှာ Web drama တခုမှာ ပါဝင်သရုပ်ဆောင်ပြီး ပွဲဦးထွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်း K drama ဇာတ်လမ်းတွေကို ဆက်ရိုက်ခဲ့ပါတယ်။ သူမဟာ မင်းသမီးကြီး Kyun Mi Ri ရဲ့သမီး Lee Yu Bi ရဲ့ ညီမဖြစ်ပါတယ်။

Lee Seung Gi ဟာ သူရဲ့ ideal type ဟာ စိတ်ဝင်စားဖို့ကောင်းပြီး တည်ငြိမ်တဲ့သူ ဖြစ်ပါတယ်လို့ 2018 ခုနှစ်တုန်းက Variety Show အစီအစဉ် တခုမှာ ပြောဖူးပါတယ်။ Lee Da In ကလည်း လူမှုဆက်ဆံရေးကောင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူမျိုးကို သဘောကျပါတယ်ဆိုပြီး media တွေမှာ ပြောဖူးပါတယ်။

ခုလိုသူတို့နှစ်ယောက် Date ဖြစ်သွားတာ မဆန်းပါဖူးနော်။ တစ်ယောက်အကြိုက်နဲ့ တစ်ယောက် ထပ်တူကျသွားလို့ Date ဖြစ်တယ်လို့ မင်မင်ကတော့ ထင်ပါတယ်။ မင်းသမီး Lee Da In ရဲ့ အေဂျင်စီ 9ATO Entertainment ကလည်း သူတို့ရဲ့ Dating ကို ခုလို အတည်ပြုပေးခဲ့ပါတယ်။

“Lee Da In နဲ့ Lee Seung Gi တို့ဟာ ဒီအနုပညာလောကထဲမှာ သိကျွမ်းလာတာ လွန်ခဲ့တဲ့ ငါးလ ခြောက်လ ဝန်းကျင်လောက်က ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း တစတစ ရင်းနှီးလာကာ ခုဆို တစ်ယောက်နဲ့တစ်ယောက် ပိုပိုနားလည်ဖို့ ဂရုတစိုက် ခံစားချက်တွေဖလှယ်နေကြပါတယ်။ သူတို့နှစ်ယောက်ကို ထောက်ခံပံ့ပိုးပေးကြဖို့ ပရိတ်သတ်တွေကို တောင်းဆိုပါတယ်။ ဒါမှ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီး တွေ့နိုင်ကြမှာဖြစ်ပါတယ်”

Source: Koreaboo , Soompi
Written: Violet

Share