‘Maya Awards 2021 – Popular Leading Actor’ ဆုအတွက် စကာတင်စာရင်းဝင်လာတဲ့ မင်းသား ၁၀ ဦး

နှစ်စဥ်ခြိမ့်ခြိမ့်သဲသဲကျင်းပတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ‘Maya Awards 2021’ ကတော့ ဒီနှစ်အတွက် ‘Popular Leading Actor’ ဆုစာရင်းဝင် စကာတင်မင်းသား ၁၀ ဦးကို ဖော်ပြခဲ့ပါတယ်။ စကာတင်စာရင်းဝင်မင်းသား ၁၀ ဦးကတော့…

Jes Jespipat

“Leh Luang” ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုပြသခဲ့သူ Jes Jespipat ကတော့ ၂၀၂၁ ဆုပေးပွဲကြီးမှာ ‘Popular Leading Actor’ ဆိုတဲ့ခေါင်းစဥ်မှာပဲ စကာတင်စာရင်းဝင်လာခဲ့ပါတယ်။

Pope Thanawat

ထိပ်တန်းမင်းသား Pope Thanawat ကတော့ ဒီနှစ်အတွက် ရေပန်းအစားဆုံးခေါင်းဆောင်မင်းသားဆုကို “Roy Leh Marnya” ဇာတ်လမ်းတွဲထဲက သူ့ရဲ့ကျော်ကြားမှုနဲ့ စကာတင်စာရင်းဝင်ဖြစ်လာခဲ့တာပါ။

Mik Thongraya

စကာတင်စာရင်းဝင်နောက်ထပ်မင်းသားကတော့ Mik Thongraya ပါ။ သူကတော့ “Jark Sadtroo Soo Huajai” ဇာတ်လမ်းတွဲမှာ စီနီယာမင်းသမီး Aum Patchrapa နဲ့ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုအလုံးအရင်းရရှိခဲ့ပါတော့တယ်။

Great Warintorn

“Dao Khon La Duang” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Great Warintorn ကလည်းပဲ သူ့ရဲ့ကျော်ကြားမှုနဲ့အတူ စကာတင်စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။

Kem Hussawee

တက်သစ်စမင်းသားချော Kem Hussawee ကတော့ “So Wayree” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေအများအပြားရရှိထားပြီး အောင်မြင်ကျော်ကြားလာတာကြောင့် ယခုလိုမျိုးစကာတင်စာရင်းဝင်မင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Weir Sukollawat

ထိပ်တန်းမင်းသား Weir Sukollawat ကတော့ ဒီနှစ်အတွက် ရေပန်းအစားဆုံး အဓိကဇာတ်လိုက်မင်းသားဆုကို “Marn Bang Jai” ဇာတ်လမ်းတွဲနဲ့ စကာတင်စာရင်းဝင်ဖြစ်လာခဲ့ပါပြီ။

Mike Pattaradet

ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲ “Ku Kaen San Ruk” နဲ့အတူ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့သူကတော့ မင်းသား Mike Pattaradet ပါပဲ။ ဒီဇာတ်လမ်းတွဲကြောင့်ပဲ ယခုလိုမျိုးစကာတင်စာရင်းဝင်မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။

Pong Nawat

“Wanthong” ဇာတ်လမ်းတွဲနဲ့ အကြီးအကျယ်အောင်မြင်မှုရရှိခဲ့သူ ခေါင်းဆောင်မင်းသား Pong Nawat ကတော့ ‘Maya Awards 2021’ မှာ ရေပန်းအစားဆုံးအဓိကဇာတ်လိုက်မင်းသားအဖြစ် စကာတင်စာရင်းဝင်လာခဲ့ပါတယ်။

Boy Pakorn

မင်းသားချော Boy Pakorn ကတော့ “Barb Ayuttitham” ဇာတ်လမ်းတွဲမှာ စိန်ခေါ်မှုများခဲ့တဲ့ဇာတ်ကောင်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးနိုင်ခဲ့တာကြောင့် ‘Popular Leading Actor’ ဆုစာရင်းဝင်မင်းသားတစ်ဦးဖြစ်ခဲ့ပါပြီ။

Mark Prin

နာမည်ကြီးမင်းသား Mark Prin ကလည်းပဲ “My Forever Sunshine” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကို ဆွဲဆောင်သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်တာကြောင့် ယခုလို ရေပန်းအစားဆုံးအဓိကဇာတ်လိုက်မင်းသားအဖြစ် စာရင်းဝင်လာခဲ့တာဖြစ်ပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Julia

Share