‘School 2021’ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ မင်းသား Kim Young Dae

၂၀၁၇ ခုနှစ်မှာ ‘Secret Crushes’ web drama နဲ့ စတင်ပွဲဦးထွက်ခဲ့ပြီး ‘Extraordinary You’, ‘I’ll Gp To You When The Weather Is Nice’, ‘Cheat On Me If You Can’ နဲ့ ‘Penthouse’ စတဲ့ နာမည်​ကျော် ဇာတ်လမ်းတွဲ​တွေနဲ့ တစ်ဟုန်ထိုး​အောင်မြင်လာပြီး ပရိသတ်​တွေရဲ့ ချစ်ခင်အား​ပေးမှုကို ရရှိထားတဲ့ တက်သစ်စမင်းသား Kim Young Dae ဟာ KBS ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ ‘School 2021’ မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး ယခုအခါမှာ​တော့ Kim Young Dae ဘက်က ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

KBS ဟာ ‘School’ ဇာတ်လမ်းတွဲ​တွေကို ၁၉၉၉ ခုနှစ်မှာ Jang Hyuk နဲ့ Choi Kang Hee တို့ အဓိကပါဝင်ထားတဲ့ ‘School 1’ နဲ့စတင်ခဲ့ပြီး ‘School 2013’, ‘School 2015’, ‘School 2017’ တို့အပါအဝင် Season 7 ခုထိ ဆက်လက်ရိုက်ကူးခဲ့ကာ Ha Ji Won, Im Soo Jung, Gong Yoo, Jo In Sung, Lee Jong Suk, Kim Woo Bin နဲ့ Nam Joo Hyuk စတဲ့ နာမည်ကြီးသရုပ်​ဆောင်များစွာကို ​မွေးထုတ်​ပေးနိုင်ခဲ့ပါတယ်။

Kim Young Dae ကတော့ ယခု ‘School 2021’ မှာ Gong Ki Joon (Kim Yo Han) နဲ့ အတိတ်ဇာတ်​ကြောင်း​တွေရှိပြီး ​ကျောင်း​ပြောင်းလာတဲ့ ​ကျောင်းသားသစ် Jung Young Joo ဇာတ်​ကောင်အတွက် ပါဝင်သရုပ်​​ဆောင်သွားမှာဖြစ်ပါတယ်။

Kim Young Dae ဟာ ဒီဇာတ်​ကောင်အတွက် ကမ်းလှမ်းခံရချိန်မှာ ဝမ်းသာပီတိဖြစ်​ကြောင်း ​ဖော်ပြခဲ့ပါတယ်။ သူက “အစဉ်အလာကြီးမားတဲ့ ‘School’ ဇာတ်လမ်းတွဲဖြစ်တာ​ကြောင့် ကြည့်ရှုသူ​တွေအားလုံး နှစ်ခြိုက်​စေဖို့ အ​ကောင်းဆုံးကြိုးစားသွားပါမယ်။

ကျွန်​တော် သရုပ်​ဆောင်ရမယ့် ဇာတ်​ကောင် Jung Young Joo နဲ့ ကျွန်​တော်နဲ့ ဆက်နွယ်​နေတယ်လို့ ခံစားရတယ်။ ဘာလို့လဲဆို​တော့ သူ့မှာ အတိတ်ဇာတ်​ကြောင်းရှိပြီး သူ့ကို ကျွန်​တော် ဂရုဏာသက်မိတယ်။ သူ့ရဲ့ ​​​ဒေါသ​တွေနဲ့ စိတ်ဒဏ်ရာ​တွေကတစ်ဆင့် ရင့်ကျက်လာဖို့ ​မျှော်လင့်တယ်” လို့လည်း ​ပြောကြားခဲ့ပါတယ်။

KBS 2TV ရဲ့ ‘School 2021’ ဇာတ်လမ်းတွဲမှာ WEi အဖွဲ့ဝင် Kim Yo Han ကလည်း ယခင်က တိုက်ကွမ်ဒိုလက်​ရွေးစင်ဖြစ်ခဲ့ပြီး အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ အနာဂတ်မှာ သူ​မျှော်မှန်းထားတဲ့ အလုပ်ကိုရဖို့ ကြိုးစား​နေတဲ့ ​ကျောင်းသား​လေး Gong Ki Joon ​နေရာက ပါဝင်သရုပ်​ဆောင်ဖို့ အတည်ပြုထားပြီး မင်းသမီး Choi Yi Hyun က​တော့ အဓိက ဇာတ်​ဆောင်မင်းသမီး​နေရာက​နေ ပါဝင်သရုပ်​ဆောင်ဖို့ ​ဆွေး​နွေး​နေဆဲဖြစ်ပါတယ်။ ​လော​လောဆယ်မှာ​တော့ Kim Young Dae ဟာ ဇွန်လ ၄ ရက်​နေ့မှာ ထုတ်လွှင့်မယ့် ‘Penthouse 3’ ကို ရိုက်ကူးလျက်ရှိပါတယ်။

Source : Allkpop
Photo : Naver
Written : ZL

Share