JTBC ရဲ့ Variety Show အသစ်မှာ ပါဝင်သွားမယ့် Lee Dong Wook, Lee Ji Ah နဲ့ Kim Go Eun

JTBC ရုပ်သံလိုင်းရဲ့ “Begin Again” variety show ကို ရိုက်ကူးခဲ့တဲ့ ထုတ်လုပ်​ရေးအဖွဲ့က “The Sea I Desire” ဆိုတဲ့ variety show အသစ်ကို ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ “The Sea I Desire” မှာဆိုရင် လှပတဲ့ ပင်လယ်​နံဘေးမှာ တည်ရှိတဲ့ bar ကို လာ​ရောက်တဲ့ ဧည့်သည်​တွေကို နာမည်​ကျော် အနုပညာရှင်​တွေက သူတို့ရဲ့ ​တေးဂီတ​တွေနဲ့ ​ဖျော်​ဖြေပြီး သူတို့ ကိုယ်တိုင်လက်စွမ်းပြထားတဲ့ ဟင်းလျာ​တွေနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ ဒီ variety show ကို ပင်လယ်၊ bar နဲ့ ဆန္ဒဆိုတဲ့ အချက် ၃ ချက်​ပေါ်မှာ အ​ခြေခံထားပါတယ်။

Bar ကို လာ​ရောက်လည်ပတ်တဲ့ ဧည့်သည်​တွေဟာ သူတို့ရဲ့ ​နေ့စဉ်ဘဝက​နေ ရုန်းထွက်ပြီး ပင်လယ်​ကမ်း​ခြေမှာ ဂီတရယ် အရသာရှိတဲ့ အစားအ​သောက်​တွေရယ်နဲ့ အပန်း​ဖြေအနားယူနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် Yoon Jong Shin, Lee Ji Ah, Lee Dong Wook, SHINee အဖွဲ့ဝင် Onew, Kim Go Eun, နဲ့ AKMU ရဲ့ Lee Suhyun တို့က အမြဲတမ်း အဖွဲ့ဝင်အ​နေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ သူတို့​တွေဟာ အစားအ​သောက်ချက်ပြုတ်ရုံ၊ ဂီတနဲ့​ဖျော်​ဖြေရုံတင်မကပဲ bar ရဲ့ အတွင်းပိုင် အပြင်အဆင်နဲ့ စီမံခန့်ခွဲမှုပိုင်းကိုပါ လုပ်​ဆောင်သွားမှာဖြစ်ပါတယ်။

ထို variety show အတွက် အချက်အပြုတ်ကျွမ်းကျင်တဲ့ မင်းသမီး Lee Ji Ah က ​ခေါင်း​​ဆောင်စားဖိုမှူးအဖြစ် ​ဆောင်ရွက်ပြီး မီနူးထဲမှာ ထည့်သွင်းဖို့ ဟင်းလျာ​အသစ်​တွေကို ဖန်တီးသွားမှာဖြစ်ပါတယ်။ မင်းသား Lee Dong Wook က​တော့ ယမကာ​ဖျော်စပ်သူအဖြစ် လုပ်​ဆောင်သွားမှာဖြစ်ပြီး ​ရေငုပ်ခြင်းနဲ့ ဟင်းချက်ခြင်းတို့လို အခြားလှုပ်ရှားမှု​တွေမှာလည်း ပါဝင်သွားမှာပါ။ ​ရေငုပ်လိုင်စင်ရှိပြီး ​ပင်လယ်ရေ​အောက်ရဲ့ ​ဂေဟစနစ်ကို စိတ်ဝင်စားတဲ့ မင်းသမီး Kim Go Eun က​တော့ ကမ်း​ခြေ​ရဲ့ လုံခြုံ​ရေးကို တာဝန်ယူမှာဖြစ်ပါတယ်။

ဝါရင့် ​တေးသံရှင် Yoon Jong Shin က​တော့ သူ့ရဲ့ဘဝအ​တွေ့အကြုံ​တွေကို ဂီတက​နေတစ်ဆင့် ​ပြောပြသွားမှာဖြစ်ပြီး Onew က​ မုန့်ဖုတ်ဆရာတာဝန်ကို​ရော ဧည့်သည်​တွေကို ​ဖျော်​ဖြေမယ့်တာဝန်ကိုပါ ​ဆောင်ရွက်မှာဖြစ်ပါတယ်။ ​နောက်ဆုံးတစ်​​ယောက်ဖြစ်တဲ့ Lee Suhyun က​တော့ လာ​ရောက်တဲ့ ဧည့်သည်​တွေကို သူမရဲ့ ထူးခြားလှပတဲ့အသံနဲ့ သီချင်း​တွေ သီဆို​ဖျော်​ဖြေ​ပေးသွားမှာဖြစ်ပါတယ်။ ထို့အပြင် နာမည်​ကျော် ​တေးသံရှင်​တွေကလည်း ရံဖန်ရံခါ ဧည့်သည်အဖြစ်လာ​ရောက်ပြီး bar ကို လာ​ရောက်တဲ့သူ​တွေကို မတူညီတဲ့ ​တေးဂီတ​တွေနဲ့ ​​ဖျော်​ဖြေ​တင်ဆက်ပေးသွားမှာပါ။ “The Sea I Desire”ကို ထုတ်လုပ်​ရေးဒါရိုက်တာ Song Gwang Jong က ရိုက်ကူးသွားမှာဖြစ်ပြီး ဇွန်လ ၂၉ ရက်​နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram, Naver
Written : ZL

Share