“Butter” Music Video ထဲမှာ ကြည့်​ကောင်း​နေ​စေဖို့ ၅ ရက်ကြာ အစာအငတ်ခံခဲ့တဲ့ Jungkook

BTS အဖွဲ့ဝင်​တွေဟာ သူတို့ရဲ့ music video အသစ်​တွေထွက်လာတိုင်း ဝိုင်းဖွဲ့ပြီး ကြည့်ရှုကြ​လေ့ရှိပါတယ်။ ထိုထုံးစံအတိုင်းပဲ ယခု အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ ဒုတိယ​မြောက်သီချင်း “Butter” ထွက်ရှိလာချိန်မှာလည်း အဖွဲ့ဝင်​တွေအားလုံး ဝိုင်းဖွဲ့ပြီး ကြည့်ရှုကာ တုံ့ပြန်ချက်​ပေးခဲ့ကြပါတယ်။ ထို့အပြင် တစ်ကမ္ဘာလုံးက ပရိသတ်​တွေနဲ့အတူ comeback ပြုလုပ်တာကို ဆင်နွှဲဖို့အတွက် V Live အပ်ပလီ​​ကေးရှင်းက​နေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအစမှာ အဖွဲ့ဝင်တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြပြီး “Butter” သီချင်းအ​ပေါ် သူတို့ရဲ့အမြင်ကို မျှ​ဝေခဲ့ကြပါတယ်။ Jin က ဒီသီချင်းကို သူတို့ နား​ထောင်တာ ၂ လရှိပြီဖြစ်​​သော်လည်း ယခုထိ နား​ထောင်လို့ ​​ကောင်း​နေဆဲဖြစ်​ကြောင်း သူ့ရဲ့ အမြင်ကို ​ပြောပြခဲ့ပါတယ်။ ထို့​နောက် အဖွဲ့ဝင်​တွေဟာ music video ကို စတင်ကြည့်ရှုကြပြီး Jungkook ရဲ့ ရုပ်ရည်နဲ့ပတ်သက်လို့ အကို​တွေက ချီးမွမ်းခဲ့ကြသလို music video ဟာ ရိုးရှင်း​ပေမဲ့ ဆွဲ​ဆောင်မှုရှိ​ကြောင်း ​ပြောဆိုခဲ့ကြပါတယ်။

ထိုသို့ music video ကြည့်ရှု​နေစဉ်အတွင်း Jungkook ဟာ music video ရိုက်ကူး​နေတဲ့ ၅ ရက်အတွင်း အစာလုံးဝမစားခဲ့​ကြောင်း ထုတ်​ဖော်​ပြောဆိုခဲ့ပါတယ်။ J-Hope က “Jungkook မင်းရဲ့ ပါးပြင်မှာ အဆီလုံးဝမရှိဘူးပဲ” လို့ Jungkook ရဲ့ မျက်နှာ​သေးသွယ်​​​နေပုံကို ​ထောက်ပြ​ပြောဆိုခဲ့ပြီး ထိုအခါ Jungkook က “ကျွန်​တော် ၅ ရက်လုံး ​ရေပဲ​သောက်ခဲ့တယ်” လို့ ပြန်လည်​​ဖြေကြားခဲ့ပါတယ်။ Jungkook ဟာ music video ထဲမှာကြည့်​ကောင်း​နေ​စေဖို့နဲ့ ​မျက်နှာ​သေးသွယ်​အောင်လို့ အစွမ်းကုန်ကြိုးစားခဲ့ပုံ​ပေါ်ပါတယ်။ Jungkook က သူ့ရဲ့ ​ချော​မောတဲ့ ရုပ်ရည်နဲ့ ပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့​ပေမဲ့ ပရိသတ်​တွေက​​တော့ ဒီအ​ကြောင်းကို ကြားသိပြီး Jungkook ရဲ့ ကျန်းမာ​ရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။

Source : Allkpop
Photo : Facebook, Twitter
Written : ZL

Share