အွန်လိုင်းအသုံးပြုသူတွေရွေးချယ်ခဲ့ကြတဲ့ ရှေးဟောင်းဝတ်စုံနဲ့အလိုက်ဖက်ဆုံးသော မင်းသမီး ၁၀ ဦး

မကြာသေးခင်ကမှ တရုတ်အွန်လိုင်းအသုံးပြုသူတွေဟာ သူတို့ရဲ့တရုတ်ရှေးဟောင်းဇာတ်လမ်းတွဲတွေထဲက ရှေးခေတ်ဝတ်စုံတွေနဲ့လိုက်ဖက်တဲ့မင်းသမီးတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုအရ “တရုတ်ရှေးဟောင်းဝတ်စုံတွေနဲ့ အလိုက်ဖက်ဆုံးသော နတ်ဘုရားမ ၁၀ ဦး” ထွက်ပေါ်လာခဲ့ပါတယ်။ အဆင့် ၁၀ မှ အဆင့် ၁ အထိ ကြီးစဥ်ငယ်လိုက်ဖော်ပြပေးသွားမှာဖြစ်တာကြောင့် အပိုင်း ၁ ထဲမှာပါဝင်လာသူတွေကတော့…

10. Yuan Bingyan

မင်းသမီးချော Yuan Bingyan ကတော့ “Love & Redemption” ဇာတ်လမ်းထဲက Xuan Ji ဇာတ်ကောင်ကို အကောင်းဆုံးရိုက်ကူးနိုင်ခဲ့တာဖြစ်လို့ ပရိသတ်တွေရဲ့ရင်ထဲမှာ ယခုအချိန်ထိ အမှတ်ရနေဦးမှာပါ။ ရှေးဟောင်းဝတ်စုံနဲ့ ကျက်သရေရှိနေတဲ့မင်းသမီးလေးကတော့ Yuan Bingyan ကတော့ အဆင့် ၁၀ မှာ နေရာယူထားပါတယ်။

9. Li Qin

ရှေးဟောင်းဝတ်စုံနဲ့လိုက်ဖက်တဲ့မင်းသမီးစာရင်းထဲမှာ အဆင့် ၉ ကနေ စာရင်းဝင်လာသူလေးကတော့ Li Qin ပါပဲ။ ရှေးဟောင်းတရုတ်ဇာတ်လမ်းပေါင်းများစွာကို သေသပ်စွာရိုက်ကူးနိုင်တဲ့ Li Qin ကတော့ လှပတဲ့တရုတ်ဝတ်စုံလေးတွေကိုဝတ်လိုက်တိုင်း ရင်သပ်ရှုမောဖွယ်ကောင်းအောင် တင့်တယ်နေသူလေးပါပဲ။

8. Chen Yao

ရှေးဟောင်းဝတ်စုံဝတ်ထားတဲ့မင်းသမီး Chen Yao ကတော့ အသက်ရှူဖို့မေ့လောက်တဲ့အထိ လှပတဲ့သူလေးဖြစ်တာကြောင့် အဆင့် ၈ နေရာကနေ ပါဝင်လာပါတယ်။ သူများနဲ့မတူတဲ့လှပကျော့ရှင်းမှုကြောင့် ရှေးဟောင်းဝတ်စုံနဲ့လှပတဲ့ နတ်ဘုရားမတစ်ဦးအဖြစ်တောင် တင်စားကြပါတယ်။

7. Song Yi

ရုပ်ရှင်ပြုလုပ်ချက်အထူးကျွမ်းကျင်သူတွေကဆိုရင် ရှေးဟောင်းဝတ်စုံနဲ့အလှဆုံးမင်းသမီးက Song Yi ဖြစ်တယ်လို့ ပြောကြပါတယ်။ ပွဲဦးစထွက်လာကတည်းက နတ်သမီးတစ်ပါးလို တောက်ပတဲ့အလှပိုင်ရှင်ဖြစ်တာကြောင့် နာမည်ကြီးတဲ့ Song Yi ဟာ သူမရဲ့အပြုံးလေးကအစ လှပတယ်လို့ချီးမွမ်းကြတာကြောင့် တင့်တယ်နူးညံ့တဲ့ ရှေးဟောင်းဝတ်စုံသာဝတ်လိုက်ရင် ပြီးပြည့်စုံတဲ့အလှပိုင်ရှင်ဖြစ်နေမှာပါ။

6. Liu Shishi

မင်းသမီးချော Liu Shishi ကတော့ မြောက်မြားစွာသော ရှေးဟောင်းဇာတ်လမ်းတွေရိုက်ကူးဖူးတာကြောင့် ​ရှေးဟောင်းဝတ်စုံဟာ သူမအတွက် အလှတန်ဆာဆင်တဲ့အရာတစ်ခုဖြစ်နေပါတယ်။ အစောပိုင်းနှစ်တွေကတည်းက ရှေးဟောင်းဝတ်စုံနဲ့လိုက်ဖက်တဲ့အလှပဂေးလေးအဖြစ် နာမည်ကြီးတာကြောင့် အဆင့် ၆ နေရာနဲ့ စာရင်းဝင်လာခဲ့တာဖြစ်ပါတယ်။

(အပိုင်း ၂) မှာတော့ အဆင့် ၅ မှ အဆင့် ၁ စာရင်းဝင် မင်းသမီးလေးတွေကို ဆက်လက်ဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။

Source: Weibo
Photos: Weibo
Written: Julia

Share