ခုထွက်မဲ့ EXO special album မှာ Chinese member ဖြစ်တဲ့ Lay ပါဝင်လာတော့မှာလား

XO အဖွဲ့ထဲက တဦးတည်းသော Chinese member Lay ဟာ ယခုထွက်ရှိမဲ့ “Don’t Fight The Feeling” EXO album မှာ ပါဝင်လာနိုင်ခြေရှိမရှိဟာ ခု Twitter မှာ trending ဖြစ်နေပါတယ်။ Lay ရဲ့ အကြီးစား fanbase တခုဖြစ်တဲ့ “Zhang Yixing Bar” လို့သိကြတဲ့ XingPark ဟာ EXO ရဲ့ ဒီတခေါက် comeback မှာ Lay ပါလာနိုင်ကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။

XingPark ဟာ Lay ရဲ့ တရားဝင် Fan club အဖြစ် Weibo မှာ verification ပါ ရ ထားတာမို့ ဒီသတင်းဟာ လုံးဝဖြစ်နိုင်ခြေရှိပါတယ်။ XingPark ကတော့ SM entertainment ကနေ May လ 26 ရက် ၇နာရီမှာ Lay ရဲ့ teaser ကို ထုတ်ပေးလိမ့်မယ်လို့ ခုလိုပြောထားပါတယ်။ “May 26 ရက် 7pm မှာ EXO အဖွဲ့ရဲ့ staff တွေက Zhang Yixing ရဲ့ teaser ဓာတ်ပုံတွေ တင်ပေးလိမ့်မယ်။ ဒါပေမဲ့ Covid19 အခြေအနေတွေကြောင့် Yixing ဟာ korea ကို သွားလို့မရတဲ့အတွက် အဖွဲ့နဲ့ တူတူပူးပေါင်းရိုက်ကူးထားတာမျိုးတော့ ရှိမှာမဟုတ်ဖူး”

XingPark ဟာ သူတို့ရဲ့ ခန့်မှန်းချက်မှားခဲ့ရင်လည်း Lay ကို အားပေးထောက်ပံ့တာတွေ လျော့သွားမှာမဟုတ်ကြောင့် ခိုင်ခိုင်မာမာနဲ့ lay ကိုအားပေးနေမည်ဖြစ်ကြောင်း ကြေညာချက်လည်း ထုတ်ထားပါသေးတယ်။ SM entertainment ကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှ အတည်မပြုသေးပါဖူး။ ခု June လ 7 ရက်နေ့မှာ ထွက်ရှိမဲ့ EXO special album အတွက် D.O., Xiumin, Kai, Baekhyun, Chanyeol, Sehun တို့ရဲ့ teaser image ကတော့ တင်ပြီးထားပြီ ဖြစ်ပါတယ်။

Lay ဟာ “Don’t mess up my tempo” album ထွက်ရှိတုန်းကတော့ ပါဝင်ခဲ့ဖူးပါတယ်။ ထို album ဟာ member 9 ယောက်လုံး ပါဝင်ရိုက်ကူးခဲ့တာမို့ EXO အဖွဲ့စုံစုံလင်လင်ပါတဲ့ album လို့ဆိုရမှာပါ။ ခုချိန်မှာတော့ suho နဲ့ chen ဟာ စစ်မှုထမ်းနေတဲ့အတွက် ခု album ဟာ 6 ယောက်ဘဲပါတဲ့ album ဖြစ်မလား Lay ပါ ပါတဲ့ 7 ယောက် album ဖြစ်မလားဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ။

Source: Koreaboo
Written: Violet

Share