Kai ဟာ idol တွေရဲ့ စံပြတစ်ယောက်ပါလို့ ဆိုလိုက်တဲ့ SEVENTEEN အဖွဲ့ Seungkwan

EXO အဖွဲ့ဝင် Kai ဟာ Channel S ရဲ့ ကလေးအစီအစဉ်ဖြစ်တဲ့ “Job Dongsan” show ကို ဧည့်သည်အဖြစ် သွားရောက်ပါဝင်ခဲ့ပါတယ်။ Show မှာက ကလေးတွေအပြင် SEVENTEEN အဖွဲ့ဝင် Seungkwan လည်းရှိနေခဲ့ပါတယ်။ Seungkwan ဟာ SuperJunior အဖွဲ့ဝင် Eunhyun နဲ့ ဒီ show ရဲ့ MC အဖြစ် လုပ်နေတာဖြစ်ပါတယ်။

Kai ဟာ ရိုက်ကွင်းထဲကို ရောက်လာတဲ့အချိန်မှာအစီအစဉ်က ကလေးတွေရော Seungkang ရော သူတို့ရဲ့ စိတ်လှုပ်ရှားမှု ကို မထိန်းနိုင်ခဲ့ကြပါဖူး။ ချစ်ဖို့ကောင်းတဲ့ကလေးလေး Minchan ဆိုရင် Kai ကို အပြင်မှာ လူကိုယ်တိုင်ခုလိုတွေ့ရတဲ့အတွက် ငိုတောင်ငိုချခဲ့ပါတယ်။

Minchan လိုဘဲ Seungkwan က လည်း Kai နဲ့ ပက်သက်ပြီး လေးစားသမှုကို ပြခဲ့ပါတယ်။ Eunhyuk က Kai ကို “The role model of Many Idols” ဆိုပြီး အစီအစဉ်စစချင်းမှာ မိတ်ဆက်ပေးခဲ့တဲ့အခါမှာ Seungkwan ကလည်း ခုလိုထောက်ခံခဲ့ပါတယ်။

“ကျွန်တော် ပွဲဦးစထွက်တဲ့ အချိန်မှာ EXO အဖွဲ့ဟာ ဒိတ်ဒိတ်ကျဲအောင်မြင်နေတာပါ။ ခုလို Sunbae Kai ကို မိတ်ဆက်ပေးရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်အတွက်တော့ Sunbae Kai ဟာ Idol တွေရဲ့ idol ဖြစ်ပါတယ်။ သူက Kpop industry ထဲမှာရှိတဲ့ trainee တွေအားလုံးရဲ့ စံပြလည်း ဖြစ်ပါသေးတယ်”

Seungkwan ဟာ သူ့စီနီယာကို လေးစားမှုပြရာမှာ စကားနဲ့တင်မဟုတ်ပါဖူး။ Kai က သူ့ရဲ့ solo သီချင်း “Mmmh” နဲ့ အစီအစဉ်မှာ ကပြဖျော်ဖြေတဲ့အခါမှာလည်း Seungkwan က fanboying လုပ်ပြီး ဘေးကနေအားပေးနေခဲ့ပါတယ်။

Source: Allkpop
Written: Violet

Share