“မဖြစ်နိုင်ဘူး” လို့ထင်ရတဲ့အရာတွေကို ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ARMY တွေအား ကျေးဇူးတင်လိုက်တဲ့ Jimin

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ရဲ့ထိပ်ဆုံးမှာရောက်ရှိနေတဲ့ Kpop အဖွဲ့ကတော့ BTS ပါပဲ။ မြောက်မြားစွာသောအောင်မြင်မှုတွေကို လက်ဝယ်ရရှိထားသလိုပဲ အဆိုပါအောင်မြင်မှုတွေအတွက် အမာခံထောက်ပံ့အားပေးနေတဲ့ ARMY တွေကိုလည်း ကျေးဇူးတင်ဖို့အတွက် BTS အဖွဲ့ကတော့ လုံးဝမမေ့ခဲ့ပါဘူး။

2021 Billboard Music Awards မှာတော့ BTS အဖွဲ့ဟာ “Top Selling Song,” “Top Duo/Group,” “Top Song Sales Artist” နဲ့ “Top Social Artist” ဆိုတဲ့ ဆု ၄ ဆုအတွက် စကာတင်ဝင်ခဲ့ပြီး အဆိုပါ ဆု ၄ ခုလုံးကိုလည်း ဆွတ်ခူးရရှိပြန်ပါတယ်။ ဒီဆု ၄ ခုကိုတော့ အနောက်နိုင်ငံရဲ့ Pop သီချင်းအကျော်အမော်များဖြစ်ကြတဲ့ Cardi B, Justin Bieber နဲ့ Megan Thee Stallion အစရှိသဖြင့် အနုပညာရှင်ပေါင်းများစွာကို ကျော်လွန်ပြီးမှ ဆွတ်ခူးရရှိခဲ့တာပါ။

ဒီအတွက် မေလ ၂၅ ရက်နေ့မှာတော့ Jimin ဟာ သူ့ရဲ့ selfies ပုံ ၂ ပုံနဲ့အတူ ကျေးဇူးတင်စကားကိုပါ Twitter မှာ တင်ပေးခဲ့ပါတယ်။ ပုံထဲမှာတော့ “Butter” သီချင်းထဲက သူ့ရဲ့သက်တန့်ရောင် ဆံပင်ပုံစံနဲ့လွန်စွာကိုမိမိုက်နေတာဖြစ်ပါတယ်။ စာထဲမှာတော့ Jimin ဟာ BTS အဖွဲ့ရဲ့အောင်မြင်မှုတွေအတွက် ARMY တွေကို ကျေးဇူးတင်တဲ့အကြောင်း လေးနက်စွာရေးသားရင်း ပြောပြခဲ့ပါတယ်။ စာလေးကတော့… “မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာတစ်ခုက တကယ်ကြီးကိုဖြစ်လာခဲ့ပါပြီ။ အဲ့ဒီ့အတွက် ARMY အားလုံးတို့ရဲ့ ကြီးမားတဲ့အထောက်အပံ့တွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ ဒီလိုမျိုးကြီးမားတဲ့ပံ့ပိုးမှုတွေကို မမေ့မလျော့အောင် နှလုံးသားထဲမှာကမ္ဗည်းထိုးထားပြီး အားလုံးအတွက်အမြဲတမ်းကြိုးစားနေပါဦးမယ်။ ကျေးဇူးတင်ပါတယ်။ အားလုံးကိုချစ်တယ်” ဆိုပြီး Twitter မှာ ရေးသားတင်ပေးခဲ့တာကြောင့် ARMY တို့ခမျာ နှလုံးသားအရည်ပျော်ကျရင်း BTS အဖွဲ့အတွက် နောက်ထပ်အောင်မြင်မှုတွေရအောင်ပံ့ပိုးပေးဖို့ အားအင်သစ်တွေ ပေါ်ပေါက်နေပါတော့တယ်။

Source: Koreaboo
Photos: BTS official
Written: Julia

Share