JTBC ရဲ့ လူဝင်စားအ​ကြောင်း ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Song Joong Ki

မေလ ၂၇ ရက်​နေ့မှာ Sports Donga သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသား Song Joong Ki is ဟာ JTBC ရဲ့ ဇာတ်လမ်းတွဲအသစ် “A Chaebol Family’s Youngest Son” မှာပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရှိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အွန်လိုင်းဝတ္ထု​ပေါ်မှာ အ​ခြေခံထားတာဖြစ်ပြီး သူ​ဌေးမိသားစုတစ်စုကို ၁၀ နှစ်​​ကျော်ကြာ သစ္စာရှိရှိ အလုပ်အ​ကျွေးပြုခဲ့​ပေမဲ့ ပိုက်ဆံအလွဲသုံးစားလုပ်တယ်လို့ မှားယွင်းစွပ်စွဲခံရပြီး လုပ်ကြံခံလိုက်ရတဲ့သူတစ်​ယောက်အ​ကြောင်းကို ရိုက်ကူးပုံ​ဖော်သွားမယ့် ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ထိုသူဟာ ​နောက်ပိုင်းမှာ ထိုသူ​ဌေးမိသားစုရဲ့ အငယ်ဆုံးသားအဖြစ် လူပြန်ဝင်စားပြီး ထိုမိသားစု ပိုင်ဆိုင်သမျှ အရာအားလုံးကို ပျက်စီး​အောင် လက်တုံ့ပြန်မှာဖြစ်ပါတယ်။

“A Chaebol Family’s Youngest Son” ဇာတ်လမ်းတွဲကို မူလက ၂၀၁၉ ခုနှစ်မှာ ပြသဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စာချုပ်စာတမ်းကိစ္စ​တွေနဲ့ သက်ဆိုင်ရာ မူပိုင်ခွင့် ပြဿနာ​တွေ မပြီးပြတ်​သေးတာ​ကြောင့် ထုတ်လုပ်​ရေး ​နောက်ကျခဲ့ရတာဖြစ်ပါတယ်။ Song Joong Ki ဟာ ဒီဇာတ်လမ်းရဲ့ ​ခေါင်း​ဆောင်မင်းသား​နေရာအတွက် ကမ်းလှမ်းခံရတဲ့ ပထမဆုံးမင်းသားဖြစ်ပြီး ပရိသတ်​တွေက Kim Soo Hyun နဲ့ Park Bo Gum တို့လို နာမည်ကြီးမင်းသား​တွေကိုလည်း ​ခေါင်း​ဆောင်မင်းသားအဖြစ် ခန့်မှန်း​နေကြပါတယ်။ Song Joong Ki ရဲ့ ​အေဂျင်စီဖြစ်တဲ့ HiSTORY D&C က​တော့ ဒီဇာတ်လမ်းကို လက်ခံရိုက်ကူးဖို့ စဉ်းစား​ဆုံးဖြတ်​နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“A Chaebol Family’s Youngest Son” ဇာတ်လမ်းတွဲကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ထုတ်လွှင့်နိုင်ဖို့ ကြိုးစား​လျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲကို MBC ရုပ်သံလိုင်းရဲ့ “W”, “I’m Not a Robot” နဲ့ “She Was Pretty” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာ Jung Dae Yoon က ရိုက်ကူးသွားမှာဖြစ်ပြီး tvN ရုပ်သံလိုင်းရဲ့ “Designated Survivor: 60 Days” နဲ့ KBS ရုပ်သံလိုင်းရဲ့ “The Great King, Sejong” ဇာတ်လမ်းတွဲ​တွေရဲ့ ဇာတ်ညွှန်း​ရေးဆရာမ Kim Tae Hee က ဇာတ်ညွှန်း​ရေးသားထားတာဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Share