Variety show တွေ အရမ်းရိုက်နေတဲ့ Kai ခုလည်း “Sixth Sense” Season 2 မှာ ပါဝင်မှာဖြစ်

EXO အဖွဲ့ဝင် Kai ဟာ ပြောတာဆိုတာ အမှားတခုခုပါမှာဆိုလို့ Variety show တွေကို သိပ်မသွားပါဖူးလို့ ပြောဖူးပါတယ်။ ဒါပေမဲ့ Kai ဟာ Variety show တွေနဲ့ ကံစပ်နေသလား အောက်မေ့ရအောင် သူ အစီအစဉ် တစ်ခုသွားတိုင်း သူ့အပိုင်းဟာ အမြဲ hit ဖြစ်သွားပါတယ်။

ဥပမာဟာဖြင့် Knowing Brother အစီအစဉ်မှာ Kai ပြောခဲ့တဲ့ “2 Words in panty” ဆိုတဲ့ စကားကြောင့် ကြည့်ရှူသူ လူကြီးလူငယ်မရွေး ပွဲကျခဲ့ပြီး ထိုအပိုင်းဟာ viewers တွေအများကြီးရခဲ့ပါတယ်။ ထိုအပိုင်းကြောင့် ပရိသတ်တွေ အများကြီးထပ်ရခဲ့တဲ့ Kai ကတော့ ခုချိန်မှာ variety show တွေ သွားဖို့ ယုံကြည်ချက်ရှိနေပြီ လို့ဆိုပါတယ်။

Kai ဟာ ဒီနှစ်ဦးပိုင်းမှာ Solo album ထုတ်ပြီး soloist အနေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ထိုနောက်ပိုင်း Kai ဟာ variety show တွေကို သွားတာ စိပ်လာပါတယ်။ ဒီလထဲမှာဆိုရင် “Job Dongsan”kid’s show , “Amazing Saturday” Variety show စတာ တွေရိုက်ကူးထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ခု လတ်တလောမှာတော့ tvN Variety show “Sixth Sense” Season 2 အတွက် ရိုက်ကူးနေတယ်လို့ May 25 တုန်းက media တွေကပြောပါတယ်။

Sixth Sense အစီအစဉ်ဟာ MCတွေနဲ့ Guest တစ်ယောက်ဟာ မတူညီတဲ့ နေရာသုံးမျိုးကို သွားရောက်ရတာဖြစ်ပါတယ်။ ထိုနေရာ ၃ခုထဲက တစ်ခုက fake ဖြစ်ပြီး MC တွေနဲ့ Guest က ထိုနေရာကို ဖော်ထုတ်ရတာဖြစ်ပါတယ်။ Season 1 တုန်းကတော့ Yoo Jae Suk ပါဝင်ပြီး ခု တစ်ခေါက် Season 2 မှာတော့ Jae Suk အစား “Lee Sang Yup” က Host MC လုပ်မှာဖြစ်ပါတယ်။

တခြား MC တွေ ဖြစ်တဲ့ Jessi, Lovelyz အဖွဲ့ဝင် Mijoo, မင်းသမီး Oh Na Ra နဲ့ Jeon So Min တို့ကတော့ ခု Season 2 မှာလည်း ဆက်ပါသွားမှာဖြစ်ပါတယ်။ Kai ဧည့်သည်အဖြစ် ပါဝင်မဲ့အပိုင်းကတော့ June လ 25 ရက်နေ့မှာ ထုတ်လွှင့်သွားမယ် လို့သိရပါတယ်။

Source: Allkpop
Written: Violet

Share