နာမည်ကြီး အနုပညာရှင်များနဲ့အတူ JTBC ရဲ့ variety show အသစ်မှာ ပါဝင်ရိုက်ကူးသွားမယ့် Rosé

BLACKPINK အဖွဲ့ဝင် Rosé ဟာ ​နောက်လထဲမှာ ထုတ်လွှင့်မယ့် JTBC ရဲ့ variety show အသစ်မှာ ဧည့်သည်အ​နေနဲ့ ပါဝင်သွားမယ်လို့ JTBC ရုပ်သံလိုင်းရဲ့ တာဝန်ရှိသူ​တွေက အတည်ပြု​ပြောကြားလိုက်ပါတယ်။ ထို variety show ရဲ့ အမည်က​တော့ “The Sea I Desire” ဖြစ်ပြီး ဒီအစီအစဉ်မှာဆိုရင် ဝါရင့်အဆို​တော် Yoon Jong Shin, မင်းသမီး Lee Ji Ah, မင်းသား Lee Dong Wook, SHINee အဖွဲ့ဝင် Onew, မင်းသမီး Kim Go Eun, နဲ့ AKMU ရဲ့ Lee Suhyun တို့က အမြဲတမ်း အဖွဲ့ဝင်အ​နေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

“The Sea I Desire” မှာဆိုရင် လှပတဲ့ ပင်လယ်​နံဘေးမှာ တည်ရှိတဲ့ bar ကို လာ​ရောက်တဲ့ ဧည့်သည်​တွေကို နာမည်​ကျော် အနုပညာရှင်​တွေက သူတို့ရဲ့ ​တေးဂီတ​တွေနဲ့ ​ဖျော်​ဖြေပြီး သူတို့ ကိုယ်တိုင်လက်စွမ်းပြထားတဲ့ ဟင်းလျာ​တွေ၊ အ​ဖျော်ယမကာ​တွေနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ Bar ကို လာ​ရောက်လည်ပတ်တဲ့ ဧည့်သည်​တွေဟာ သူတို့ရဲ့ ​နေ့စဉ်ဘဝက​နေ ရုန်းထွက်ပြီး ပင်လယ်​ကမ်း​ခြေမှာ ဂီတရယ် အရသာရှိတဲ့ အစားအ​သောက်​တွေရယ်နဲ့ အပန်း​ဖြေအနားယူနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ​ရေငုပ်ခြင်း၊ ​ရေလွှာ​လျှောစီးခြင်းတို့လို လှုပ်ရှားမှု​တွေကိုလည်း လုပ်​ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ နာမည်​ကျော် ​တေးသံရှင်​တွေကလည်း ရံဖန်ရံခါ ဧည့်သည်အဖြစ်လာ​ရောက်ပြီး bar ကို လာ​ရောက်တဲ့သူ​တွေကို မတူညီတဲ့ ​တေးဂီတ​တွေနဲ့ ​​ဖျော်​ဖြေ​တင်ဆက်ပေးသွားမှာပါ။ Rosé အပြင် Zai.ro နဲ့ MeloMance ရဲ့ Jung Dong Hwan တို့ကလည်း ဧည့်သည်အဖြစ် ဒီအစီအစဉ်မှာ ပါဝင်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ “The Sea I Desire”အစီအစဉ်ကို​​တော့ “Begin Again” variety show ရဲ့ ထုတ်လုပ်​ရေးဒါရိုက်တာ Song Gwang Jong က ရိုက်ကူးသွားမှာဖြစ်ပြီး ဇွန်လ ၂၉ ရက်​နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram, Pinterest
Written : ZL

Tags: K-Pop Update