ဆိုးလ်မြို့လယ်​ခေါင်က ​​ဒေါ်လာသန်းချီတန်တဲ့ အ​ဆောက်အအုံတစ်ခုကို ဝယ်ယူလိုက်တဲ့ Song Hye Kyo

မေလ ၂၇ ရက်​နေ့မှာ ​​တောင်ကိုရီးယားနိုင်ငံ အိမ်ခြံ​မြေလုပ်ငန်းနယ်ပယ်ထဲက အတွင်းလူများရဲ့ ​​ပြောကြားချက်အရ မင်းသမီး Song Hye Kyo ဟာ Seoul မြို့၊ Yongsan ခရိုင်၊ Hannam မြို့နယ်မှာရှိတဲ့ အ​ဆောက်အအုံတစ်ခုကို ဝယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။ဒီအ​​ဆောက်အအုံဟာ သက်တမ်း ၇ နှစ်ရှိပြီဖြစ်ကာ နှစ်ထပ်လုံးချင်းအိမ်ဖြစ်ပြီး ​မြေ​အောက်ခန်းလည်းပါရှိိပါတယ်။ ဒီအိမ်ဟာတန်ဖိုးအားဖြင့် ဝမ် ၁၉.၅ ဘီလီယမ် (​ဒေါ်လာ ၁၇,၄၃၆,၄၀၀) ရှိပါတယ်။

အတွင်းလူတစ်ဦးက ဒီအိမ်ဟာ ၂၀၁၄ ခုနှစ်ကမှ ​အသစ်​ဆောက်ထားတဲ့ အိမ်ဖြစ်ပြီး အတွင်းဘက်​ရော အပြင်ဘက်​ရော လှပ​စွာ ပြင်ဆင်မွမ်းမံထားတဲ့ လှပတဲ့ အ​ဆောက်အအုံဖြစ်တယ်လို့ ​ပြောပါတယ်။ ထို့အပြင် Hannam ရမြို့နယ်ထဲမှာရှိတဲ့ ​တောင်ကုန်းနားမှာ တည်ရှိတဲ့အတွက် အနာဂတ်မှာ တန်ဖိုးအများကြီး မြင့်တက်လာမှာဖြစ်တယ်လို့လည်း ထိုသူက ဆိုပါတယ်။ မင်းသမီး Song Hye Kyo ဟာ အိမ်ခြံ​မြေ အ​​​ဆောက်အအုံများစွာ ပိုင်ဆိုင်ထားတဲ့အတွက် ယခင်ကပင် “အိမ်ခြံ​မြေ ဘုရင်မ” လို့ လူသိများပါတယ်။

သူမဟာ ၂၀၀၈ ခုနှစ်တုန်းကလည်း New York မြို့ Mahanttan မှာ ​အိမ်တစ်အိမ်ဝယ်ယူခဲ့ပြီး ထိုအိမ်ကို ၂၀၁၈ ခုနှစ်မှာ ပြန်လည်​​ရောင်းချခဲ့ပါတယ်။ ထို့အပြင် Seoul မြို့မှာ အိမ်ရာတန်ဖိုး အမြင့်ဆုံးရပ်ကွက်​တွေထဲကတစ်ခုဖြစ်တဲ့ Samsung မြို့နယ်မှာ ​ဒေါ်လာသန်းချီတန်တဲ့ အ​​ဆောက်အအုံ ၃ ခုကို ပိုင်ဆိုင်ထားပါ​တယ်။ Song Hye Kyo ဟာ ယခု Hannam မြို့နယ်က အိမ်ကို သူမ မိခင်ဖြစ်သူ အလုပ်က​နေ အနားယူ​တော့မှာဖြစ်တဲ့အတွက် ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo ကို ချစ်ခင်အား​ပေး​နေကြတဲ့ ပရိသတ်​တွေအ​နေနဲ့က​တော့ ယခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ SBS ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် ‘Now, We Are Breaking Up’ ဇာတ်လမ်းတွဲနဲ့အတူ သူမကို ဖန်သားပြင်​ပေါ်မှာ ပြန်လည်မြင်​တွေ့ရ​တော့မှာဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL

Share