Rosé ဟာ သူမရဲ့ ​ရွှေအို​ရောင်ဆံနွယ်​လေးကို ပုံမပျက်​အောင် ဘယ်လိုကြိုးစားထိန်းသိမ်းရလဲ

ကိုရီးယား YouTube Channel တစ်ခုဖြစ်တဲ့ Sunbae TV က ​မေလ ၂၇ ရက်​နေ့မှာ ဗီဒီယိုအသစ်တစ်ခု တင်ခဲ့ပါတယ်။ အဲ့ဗီဒီယိုထဲမှာဆိုရင် တင်ဆက်သူ ၂ ​ယောက်ဟာ BLACKPINK အဖွဲ့ရဲ့ Hairstylist ဖြစ်တဲ့ Cha Cha နဲ့​တွေ့ဆုံပြီး BLACKPINK အဖွဲ့ဝင် Jennie နဲ့ Lisa တို့ရဲ့ ဆံပင်စတိုင်ကို လိုက်လုပ်ခဲ့ကြပါတယ်။ ထို့အပြင် BLACKPINK အဖွဲ့ဝင်​တွေရဲ့ ဆံပင်အ​ရောင်၊ ဆံပင်ပုံစံ​တွေနဲ့ ပတ်သက်ပြီး​တော့လည်း ​မေးမြန်းခဲ့ကြပါတယ်။ ဦးစွာ BLACKPINK ရဲ့ Hairstylist က Jisoo နဲ့ Jennie ဟာ အသားအရမ်းဖြူတဲ့အထဲမပါတဲ့အတွက် ​မှောင်တဲ့ အ​ရောင်​တွေကိုသာ ဆိုး​လေ့ရှိပြီး ထိုမှသာ အသားအ​ရောင်က ဝါတဲ့ဘက်ကို မ​​ရောက်သွားမှာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ထို့အပြင် Jisoo ဟာ ယခု ဇာတ်လမ်းတွဲ ရိုက်ကူး​နေတဲ့အတွက်​ကြောင့် သဘာဝဆန်တဲ့အ​ရောင်ကိုသာ ဆိုးထားပြီး Jennie ဆိုရင်လည်း သူမနဲ့ လိုက်ဖက်တဲ့ နှစ်အ​တော်ကြာ ash brown အ​ရောင်ကိုသာ ဆိုးခဲ့ကြောင်း ​ပြောပြခဲ့ပါတယ်။ ဒီလို​မှောင်တဲ့အ​ရောင်​တွေဟာ သိပ်ပြီး ပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်တဲ့အတွက် Jennie ဆို တစ်လကို တစ်ခါ​လောက်သာ ဆိုင်ကို လာ​ရောက်ပြီး ထိန်းသိမ်းမှု​တွေ ပြုလုပ်​လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။ သို့​သော်လည်း Rosé ရဲ့ ​ရွှေအို​ရောင်ဆံနွယ်​လေးအတွက်​တော့ အထူးတလည် ပြုပြင်ထိန်းသိမ်းမှု​တွေ ပြုလုပ်​ပေးရပါတယ်။

Rosé ဟာ ရိုက်ကူး​ရေးတစ်ခုခုရှိတဲ့​နေ့တိုင်း ဆိုင်ကို လာ​ရောက်ကာ ဆံပင်အ​​ရောင်ခွျတ်ရပြီး တစ်ခါတစ်​လေ တစ်ပတ်အတွင်းကို ၃ ကြိမ်လောက် အ​​ရောင်ချွတ်ရတာ ဖြစ်ပါတယ်။ ထို့​ကြောင့် Rosé BLACKPINK အဖွဲ့ဝင်​တွေထဲမှာ ဆံပင်နဲ့ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းမှု အလုပ်ရဆုံးသူလည်း ဖြစ်ပါတယ်။ ထို့အပြင် Rosé အပါအဝင် အနုပညာရှင်အများစုဟာ ပိတ်ရက်​တွေမှာ လာ​လေ့မရှိပဲ ကြားရက်ထဲမှာသာ ဆိုင်ကို လာ​ရောက်ပြီး ဆံပင်ပြုပြင်ထိန်းသိမ်းတာ​တွေ လုပ်​လေ့ရှိတယ်လို့ ထိုသူက ​​​​ပြောပြခဲ့ပါတယ်။ ထိုသို့လာ​​ရောက်ရာမှာလည်း တစ်ခြားအလုပ်ကိစ္စ​တွေ ​နောက်မကျ​စေဖို့အတွက် အာရုံတက်အချိန်မှာသာ လာ​ရောက်​လေ့ရှိပြီး သူတို့ကို​ တွေ့ချင်တဲ့ ပရိသတ်​တွေဟာလည်း ထိုအချိန်မှာ ဆိုင်​ရှေ့ကို လာ​ရောက်​စောင့်ဆိုင်း​လေ့ရှိကြတယ်လို့လည်း ​​ပြောပြခဲ့ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Share