ဇာတ်လမ်းသစ်တွေရိုက်ကူးမယ့်အကြောင်း အရိပ်အမြွက်ပေးခဲ့တဲ့ နာမည်ကြီးထိုင်းမင်းသားများ

Advertisements

နာမည်ကြီးမင်းသားတွေရဲ့ဇာတ်လမ်းတွေကိုတော့ ကြည့်ရှုပြီးတိုင်း စွဲငြိစမြဲဖြစ်လို့ သူတို့ရဲ့ဇာတ်လမ်းသစ်ထွက်ဖို့ကို စောင့်မျှော်နေကြရပါတယ်။ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသား ၃ ယောက်ကလည်းပဲ မကြာခင်မှာဇာတ်လမ်းသစ်တွေထွက်လာမယ့်အကြောင်း အရိပ်အမြွက်တွေပေးကာ ပရိသတ်တွေကို စောင့်စားစေခဲ့ပါပြီ။

Tor Thanapob

ပရိသတ်တွေရဲ့အသည်းစွဲ မင်းသား Tor Thanapob ကတော့ မကြာသေးခင်က YouTube အစီအစဥ်တစ်ခုဖြစ်တဲ့ ‘The Driver’ ကို တက်ရောက်ခဲ့ပြီး ONE 31 နဲ့အတူလက်တွဲပြီး ဇာတ်လမ်းသစ်တစ်ကားရိုက်ကူးဖို့ရှိတဲ့အကြောင်း အရိပ်အမြွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းသစ်နာမည်နဲ့ အတူတွဲဖက်သရုပ်ဆောင်ရမယ့်မင်းသမီးကို ဖော်ပြပြောဆိုခဲ့ခြင်းမရှိတာကြောင့် ဘယ်သူလေးဖြစ်မလဲဆိုပြီး အားလုံးကသိချင်နေကြပါပြီ။

Mark Prin

Advertisements

Remake အက်ရှင်-ဒရမ်မာဇာတ်လမ်းတွဲ “Game Lah Torrachon” ကို ရိုက်ကူးပြီးစီးထားတဲ့ နာမည်ကြီးမင်းသား Mark Prin ဟာ မကြာခင်မှာဇာတ်လမ်းတွဲသစ် ၂ခု ရိုက်ကူးမယ့်အကြောင်း ထုတ်ပြောပေးခဲ့ပါတယ်။ သူရဲ့ဇာတ်လမ်းသစ်နဲ့ပတ်သက်ပြီး Mark Prin က သူနဲ့တစ်ခါမှတွဲဖက်သရုပ်ဆောင်ဖူးခြင်းမရှိသေးတဲ့မင်းသမီးတွေနဲ့အတူ ရိုက်ကူးသွားမယ့်အကြောင်း သဲလွန်စပေးခဲ့ပါတယ်။

Donut Phattarapon

တိကျတဲ့သတင်းရင်းမြစ်တစ်ခုရဲ့ပြောပြချက်အရ မင်းသား Donut Phattarapon ဟာ ချစ်စရာကောင်းတဲ့မင်းသမီးလေး Meimei Thanyawee နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရပေမဲ့လည်း ဇာတ်လမ်းနာမည်ကတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ လတ်တလောမှာတော့ Donut က “Rarng Ruk Prang Jai” နဲ့ “Sao 5” ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Julia

Advertisements
Share