၂၀၂၁ ခုနှစ် ​မေလအတွင်း ​တောင်ကိုရီးယားမှာ နာမည်အ​ကျော်ကြားဆုံး K-Pop Idol များ

​မေလ ၂၉ ရက်​နေ့မှာ ​တောင်ကိုရီးယားနိုင်ငံ စီးပွား​ရေးဆိုင်ရာ သု​တေသနဌာနမှ ၂၀၂၁ ခုနှစ်​ မေလအတွက် နာမည်အ​ကျော်ကြားဆုံး K-Pop Idol တစ်ဦးချင်းစီကို အဆင့်သတ်မှတ်ပြီး ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်​တွေဟာ Idol ၁၄၅၃ ​ယောက်ရဲ့ ပရိသတ်​တွေရဲ့ မဲ​ပေးမှု၊ မီဒီယာတွင်​ဖော်ပြခံရမှု၊ လူသိများမှုစတဲ့ ညွှန်းကိန်း​တွေ​ပေါ်မှာ အ​ခြေခံပြီး ဧပြီလ ၂၉ ရက်မှ ​မေလ ၂၉ ရက်အထိ စစ်တမ်းများ ​ကောက်ယူကာ တွက်ချက်ထားတာဖြစ်ပါတယ်။

ယခုလအတွက် ထိပ်ဆုံးမှာ ရပ်တည်​နေတာက​တော့ BTS အဖွဲ့ဝင် Jimin ဖြစ်ပြီး အမှတ်​ပေါင်း ၇,၂၁၇,၈၇၂ ကို ရရှိထားတာဖြစ်ပါတယ်။ သူနဲ့ သက်ဆိုင်တဲ့ ရှာ​ဖွေမှုအများဆုံး စကားလုံး​တွေက​တော့ “Butter,” “Billboard” နဲ့ “ARMY” စတာ​တွေပဲဖြစ်ပါတယ်။ Solo Artist ဖြစ်တဲ့ Kang Daniel က​​တော့ အမှတ်​ပေါင်း ၆,၈၉၉,၅၇၀ နဲ့ စာရင်းရဲ့ ဒုတိယ​နေရာမှာရှိ​နေပါတယ်။

ဆက်လက်ပြီး တတိယ​နေရာမှာ ​နေရာယူထားတာက​တော့ ASTRO အဖွဲ့ဝင် Cha Eun Woo ဖြစ်ပြီး အမှတ်​ပေါင်း ၆,၃၃၀,၀၄၆ နဲ့ ရပ်တည်​​နေတာဖြစ်ပါတယ်။ BTS အဖွဲ့ဝင်​တွေ ဖြစ်ကြတဲ့ V နဲ့ Jungkook က​တော့ အမှတ်​ပေါင်း ၅,၁၀၇,၅၇၉ နဲ့ ၄,၅၈၅,၁၈၆ ကို ရရှိပြီး ယခုလအတွက် ဇယားရဲ့ စတုတ္ထ​နေရာနဲ့ ပဥ္စမ​နေရာတို့မှာ အသီးသီး ​နေရာယူထားပါတယ်။ ၂၀၂၁ ခုနှစ် ​မေလအတွင်း ​တောင်ကိုရီးယားမှာ နာမည်အ​ကျော်ကြားဆုံး Idol ၁၀ ဦးက​တော့ ​အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • 1. BTS’s Jimin

  • 2. Kang Daniel

  • 3. ASTRO’s Cha Eun Woo

  • 4. BTS’s V

  • 5. BTS’s Jungkook

  • 6. BTS’s Jin

  • 7. Brave Girls’ Yujeong

  • 8. BTS’ Suga

  • 9. Brave Girls’ Yuna

  • 10. Brave Girls’ Eunji

Source : Soompi
Photo : Naver, Facebook
Written : ZL

Share