GOT7 အဖွဲ့ရ​ဲ့ ပထမဆုံး ပွဲဦးထွက် စင်မြင့်ထက်ဖျော်ဖြေမှုမတိုင်ခင်နေ့က ခံစားချက်ကိုပြောပြခဲ့တဲ့ Jay B

Kpop လောကမှာ နေရာတစ်ခုယူနိုင်ခဲ့တဲ့ GOT7 အဖွဲ့မှာလည်း အစောပိုင်းပွဲဦးထွက်ခါစအချိန်တုန်းက အမှတ်တရတွေရှိနေမှာပါ။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Jay B ကတော့ GQ Korea ရဲ့ ဗွီဒီယိုတစ်ခုမှာပါဝင်လာခဲ့ပြီး K-Pop နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာတွေအပြင် GOT7 အဖွဲ့နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုလည်း ဖြေပေးခဲ့ပါတယ်။

ပထမဆုံးမေးခွန်းမှာတော့ ပြီးခဲ့တဲ့ January 16, 2014 – GOT7 အဖွဲ့ရဲ့ ပထမဆုံးသော ပွဲဦးထွက် စင်မြင့်ဖျော်ဖြေမှုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Jay B က တစ်စက္ကန့်လေးတောင် တွေဝေခြင်းမရှိဘဲ ထို Stage Show ဟာ M Countdown မှာ တင်ဆက်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်သီချင်း “Girls Girls Girls” ကို သီဆိုခဲ့ကြောင်း ချက်ချင်းဖြေဆိုနိုင်ခဲ့ပါတယ်။ Jay B အတွက်တော့ ထိုနေ့ဟာ သူ့ဘဝတစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်နေခဲ့ပါတယ်။

ထိုနေ့ကိုပြန်တွေးရင်း Jay B က “အဲ့နေ့ကိုပြန်ပြီးစဥ်းစားကြည့်လိုက်တော့ ပွဲနေ့မရောက်ခင်တညလုံး မအိပ်ခဲ့ပါဘူး။ နောက်နေ့ စင်မြင့်ဖျော်ဖြေမှုကို အကောင်းဆုံးဖြစ်စေချင်တော့ တညလုံးပြင်ဆင်နေခဲ့တာပါ။ Show နဲ့ပတ်သက်ပြီး ပွဲဦးထွက်ခါစ rookie အဖွဲ့ဖြစ်ပေမဲ့ အကောင်းဆုံးတင်ဆက်သွားနိုင်တဲ့ စံပြအဖွဲ့ဖြစ်ချင်တော့ စိတ်ဓာတ်တွေ တက်ကြွနေခဲ့တာလည်းဖြစ်ပါတယ်။ ပွဲဦးထွက်ခါစ rookies တွေက စင်မြင့်ထက်မှာ အမိုက်စားဖြစ်ချင်တဲ့စိတ်တွေ ကိန်းအောင်းနေသလိုမျိုးပေါ့… ‘စင်မြင့်ထက်မှာ ငါကအတော်ဆုံးပဲ’.. ဆိုပြီး အဲ့နေ့တုန်းက တွေးနေခဲ့တာပါ” လို့ ပြန်တွေးရင်း ပြောပြခဲ့ပါတော့တယ်။

အပြိုင်အဆိုင်များတဲ့ Kpop နယ်ပယ်ထဲမှာတော့ ပွဲဦးထွက်ခါစအချိန်ဟာ အဖွဲ့တိုင်းအတွက် အရေးအကြီးဆုံးပါပဲ။ တခြားအဖွဲ့တွေလိုပဲ လက်ရှိမှာ အောင်မြင်နေဆဲဖြစ်တဲ့ GOT7 အဖွဲ့မှာလည်း ရင်ခုန်စရာ ပွဲဦးထွက်ခါစအမှတ်တရတွေရှိနေမှာဖြစ်လို့ “Girls Girls Girls” သီချင်းလေးကိုနားဆင်ကြည့်ရင်း အမှတ်တရတွေဟာ မနေ့တစ်နေ့ကလိုပဲ ခံစားမိသွားမှာဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

 

Share