MV ထွက်ပြီးတာနဲ့ online ကနေ နည်းပညာမြင့် Special VR ထုတ်လွှင့်ပြသသွားမဲ့ EXO

Covid 19 စဖြစ်ထဲက Kpop အဖွဲ့တွေဟာ online fan meeting, online Concert အစရှိသဖြင့် online ကို အသုံးချပြီး ပရိသတ်တွေနဲ့ ထိတွေ့နိုင်အောင် ကြိုးစားလာကြပါတယ်။ထိုနည်းလမ်းတွေ စတင်လုပ်ခဲ့တာကတော့ SM entertainment ကနေ ဖြစ်ပါတယ်။ EXO Leader Suho ဆိုရင် ပထမဆုံး online fan meeting စလုပ်ခဲ့သူ ဖြစ််ပါတယ်။ ထိုနောက်ကမှ တခြား idol တွေက လိုက်လုပ်ကြတာဖြစ်ပါတယ်။

နည်းပညာနဲ့ ပက်သက်ရင်လည်း idea ကောင်းကောင်းတွေနဲ့ ရှေ့ပြေးနေတဲ့ SM ဟာ ခုလည်း ဆက်သွယ်ရေး Company LGU+ နဲ့ပေါင်းပြီး Special Online virtual reality (VR) exhibition ကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ EXO အဖွဲ့ရဲ့ တစ်နှစ်ခွဲအကြာမှ ထွက်မဲ့ Special album “Don’t Fight The Feeling ” အတွက်ဖြစ်ပါတယ်။

Music Video ဟာ June လ 7 ရက်နေ့မှာ ထွက်မှာ ဖြစ်ပြီး Special VR ကတော့ June လ 17 ရက်နေ့မှာ online ကနေ စတင်ပြသမှာဖြစ်ပါတယ်။ ပြပွဲနာမည်ကိုတော့ “EXO Online Exhibition Hall” လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားပါတယ်။ ထို VR ကိုကြည့်တဲ့သူဟာ music video ရဲ့ behind the scene တွေ လုံးဝမထုတ်ပြရသေးတဲ့ Teaser ပုံတွေကို online ကနေတဆင့် နေအိမ်ကနေဘဲ သက်တောင့်သက်သာ ကြည့်ရှုခံစားရမှာပါ။

ဒီ VR ကို ကြည့်ဖို့အတွက် Korea Ph number နဲ့ ကြိုတင် booking လုပ်ထားရမယ်လို့ သိရပါတယ်။ စာရင်းသွင်းချင်ရင်တော့ EXO official. Website မှာ ဖြစ်ဖြစ် LGU+ ရဲ့ app ဖြစ်တဲ့ U+VR မှာ ဖြစ်ဖြစ် Reservation လုပ်ရမှာ ဖြစ်ပါတယ်။

Source: Koreaboo
Written: Violet

Share