ပရိသတ်​​တွေ ဗီလိန်ဇာတ်ရုပ်နဲ့ မြင်​တွေ့ချင်ကြတဲ့ ကိုရီးယားမင်းသား ၇ ဦး

ကိုရီးယားဇာတ်လမ်းတွဲ​တွေထဲက ​ခေါင်းဆောင်မင်းသား​တွေဟာ ​ပုံမှန်အားဖြင့် ချော​မောပြီး ဆွဲ​ဆောက်မှုရှိပြီး စိတ်ထား​ကောင်းတဲ့ ဇာတ်ရုပ်​တွေကိုသာ သရုပ်​ဆောင်​လေ့ရှိကြပါတယ်။ ပရိသတ်​တွေကလည်း ဒီလိုမျိုး ဇာတ်ရုပ်​တွေ​မှာ ​ကြွေဆင်းတတ်ကြပါတယ်။ ဒါ​ပေမဲ့ ဗီလိန်​တွေက ​ခေါင်း​ဆောင်မင်းသားထက်ပိုပြီး စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ ဇာတ်လမ်းမျိုး​တွေလည်း ရှိပါတယ်။ ယခု​ဖော်ပြ​ပေးသွားမယ့် ကိုရီးယားမင်းသား​တွေက​တော့ ပရိသတ်​တွေအ​နေနဲ့ ဗီလိန်ဇာတ်ရုပ်မှာ သရုပ်​ဆောင်တာကို မြင်​တွေ့ချင်ကြတဲ့ မင်းသား​တွေပဲဖြစ်ပါတယ်။

1. Jung Hae In

မင်းသား Jung Hae In ကို ဗီလိန်ဇာတ်ရုပ်နဲ့ အနီးစပ်ဆုံး မြင်​တွေ့ခဲ့ရတာက​တော့ “Prison Playbook” ဇာတ်လမ်းတွဲထဲက ကပ္ပတိန် Yoo Jung Woo ဇာတ်ရုပ်နဲ့ ဖြစ်ပါတယ်။ အဲ့တုန်းက ဇာတ်ရုပ်ဟာ လုံးဝကြီး ဗီလိန်မဟုတ်​ပေမဲ့ ဗီလိန်နဲ့ဆင်တူပြီး သူ့ရဲ့ သရုပ်​ဆောင်ချက်​​တွေက အထင်ကြီးစရာ​ကောင်းသလို ရင်ထဲမှာ စွဲကျန်ရစ်​စေခဲ့ပါတယ်။ Jung Hae In ကိုယ်တိုင်ကလည်း အနာဂတ်မှာ ဗီလိန်အဖြစ် သရုပ်​​ဆောင်ဖူးချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ​ဖြေကြားခဲ့ဖူးပါတယ်။

2. Seo In Guk

မင်းသား Seo In Guk က​တော့ “The Smile Has Left Your Eyes” ဇာတ်လမ်းထဲက Kim Moo Young ဇာတ်ရုပ်နဲ့ ဗီလိန်ဆန်တဲ့ သရုပ်​​ဆောင်ချက်​တွေကို ပြသခဲ့ဖူးပါတယ်။ ထိုဇာတ်ရုပ်ဟာ ပုံမှန်မြင်​တွေ့​နေကြ ဗီလိန်​တွေလိုမဟုတ်ပဲ ယုံကြည်စရာမ​ကောင်းတဲ့သူအဖြစ်သာ မြင်​တွေ့ရမှာဖြစ်ပြီး ​ဇာတ်လမ်းရဲ့ ​နောက်ဆုံးပိုင်း​တွေမှာ သူ့ရဲ့ အတိတ်အ​ကြောင်းကို ပြန်လည်ရှင်းပြထားပါတယ်။ Seo In Guk သာ ဗီလိန်ဇာတ်ရုပ်မှာ သရုပ်​ဆောင်မယ်ဆိုရင် ကြက်သီးထ​လောက်​အောင် ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။

3. Lee Min Ho

အချစ်ဇာတ်လမ်းတွဲ​တွေနဲ့ မြင်​တွေ့​နေကြဖြစ်တဲ့ မင်းသား Lee Min Ho ကို ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်အဖြစ် မြင်​တွေ့ရမယ်ဆိုရင်​တော့ တကယ်ကို သစ်လွင်တဲ့ အလှည့်အ​ပြောင်းတစ်ခုဖြစ်မှာ အ​သေအချာပါပဲ။ ဒီလိုမျိုး ကွဲထွက်​နေတဲ့ ဇာတ်ရုပ်ကိုလည်း Lee Min Ho က​တော့ ကျွမ်းကျင်စွာ သရုပ်​ဆောင်ပြနိုင်မှာပါပဲ။ ဒီအချက်ကို Lee Min Ho ဟာ “Gangnam Blues” ဇာတ်လမ်းထဲမှာ ဂိုဏ်းစတားအဖွဲ့ရဲ့ အဖွဲ့ဝင်အ​နေနဲ့ သရုပ်​ဆောင်ခဲ့ပြီး သက်​သေပြခဲ့ပြီးသားဖြစ်ပါတယ်။

4. Jung Kyung Ho

ပုံမှန်အားဖြင့် ချိုသာပြီး ချစ်စရာအမူအရာ​တွေ လုပ်ပြတတ်တဲ့ မင်းသား Jung Kyung Ho ဟာ ဗီလိန်ဇာတ်ရုပ်ကိုသာ သရုပ်​ဆောင်မယ်ဆိုရင် ဘယ်လို​နေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ သူဟာ “Heartless City” ဇာတ်လမ်းထဲမှာ ရက်စက်ပြီး ခက်ထန်မာ​ကျောတဲ့ Jung Shi Hyun ဇာတ်ရုပ်ကို သရုပ်​ဆောင်ခဲ့ဖူးပါတယ်။ သူဟာ ဇာတ်လမ်းတွဲ ​တော်​တော်များများမှာ ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်​တွေကို သရုပ်​ဆောင်ဖူးပြီး သူနဲ့ လိုက်ဖက်လွန်းတာ​ကြောင့် ဗီလိန်စစ်စစ် ကာရိုက်တာနဲ့ သူ့ကို မြင်​တွေ့လိုစိတ်ကို ပိုပြီး တိုးပွား​စေပါတယ်။

5. Lee Je Hoon

မင်းသား Lee Je Hoon က​တော့ အ​မှောင်သူရဲ​ကောင်းဇာတ်ရုပ်​တွေနဲ့ မစိမ်းတဲ့သူဖြစ်ပါတယ်။ ယခုပြသ​နေဆဲဖြစ်တဲ့ “Taxi Driver” ဇာတ်လမ်းတွဲမှာလည်း Lee Je Hoon ဟာ ယုတ်မာတဲ့လူ​တွေကို လိုက်ပြီး ပညာ​ပေးတဲ့ တက်စီကားသမားအဖြစ် သရုပ်​ဆောင်ထားပါ​သေးတယ်။ သူဟာ “Time To Hunt” ဇာတ်လမ်းတွဲမှာလည်း ရာဇဝတ်သားအဖြစ် သရုပ်​ဆောင်ထားဖူးတာ​ကြောင့် ​​နောက်ထပ် ဇာတ်လမ်းတွဲ​တွေမှာ စိတ္တဇလူသတ်သမားဇာတ်ရုပ်မျိုး သရုပ်​​ဆောင်ရင်လည်း အလွန်လိုက်ဖက်လို့ ထင်မြင်မိပါတယ်။

6. Park Seo Joon

မင်းသား Park Seo Joon က​တော့ သူသရုပ်​ဆောင်တဲ့ ဇာတ်ရုပ်တိုင်းမှာ ပရိသတ်​တွေကို စိတ်မပျက်​စေတဲ့သူဖြစ်ပါတယ်။ သူသရုပ်​ဆောင်တဲ့ ဇာတ်ရုပ်​​တော်​တော်များများဟာ မိန်းက​လေး​တွေ ​ကြွေဆင်းသွား​လောက်တဲ့ ​နွေး​ထွေးပြီး သြဇာတိက္ကမရှိတဲ့ ဇာတ်ရုပ်​တွေဖြစ်ပါတယ်။ ထို့​ကြောင့် ​အေးစက်ပြီး ယုတ်မာ​​ကောက်ကျစ်တဲ့ ဗီလိန်ဇာတ်ရုပ်မျိုး ဒါမှမဟုတ် စိတ္တဇဇာတ်ရုပ်မျိုး သရုပ်​ဆောင်မယ်ဆိုရင် ကြီးမားတဲ့ အလှည့်အ​ပြောင်းဖြစ်မှာ အ​သေအချာပါပဲ။ Park Seo Joon ဟာ ဘယ်ဇာတ်ရုပ်ကိုမဆို ခံစားချက်ထည့်ပြီး ပိုင်နိုင်စွာ သရုပ်​ဆောင်နိုင်တာ​ကြောင့် ဒီလိုဇာတ်ရုပ်ကိုလည်း အပိုအလိုမရှိ သရုပ်​ဆောင်နိုင်မယ်ဆိုတာ သံသယဝင်စရာ​တောင် မလိုပါဘူး။

7. Lee Joon Gi

မင်းသား Lee Joon Gi က​တော့ စစ​တွေ့ချင်းမှာ ချစ်ရမလား မုန်းရမလား မသိတဲ့ နားလည်ရခက်တဲ့ ဇာတ်ရုပ်​တွေကို သရုပ်​​ဆောင်ရာမှာ အထူးကျွမ်းကျင်ပိုင်နိုင်ပါတယ်။ “Flower Of Evil” ဇာတ်လမ်းတွဲထဲမှာဆိုရင် ​​စိတ္တဇ​​ရောဂါရှိ​နေတဲ့ ငွေပန်းထိမ်ပညာရှင် Baek Hee Sung အဖြစ် သရုပ်​ဆောင်ခဲ့ပြီး နားလည်ရခက်ကာ လှို့ဝှက်ဆန်းကြယ်တဲ့ ဒီဇာတ်ရုပ်ကို ​ကျောချမ်း​​လောက်​အောင် ကျွမ်းကျင်စွာ သရုပ်​ဆောင်သွားတာကို ​တွေ့ရမှာဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲထဲမှာ​တော့ သူဟာ စိတ္တဇ​ရောဂါရှိ​ပေမဲ့ ဗီလိန်မဟုတ်ခဲ့ပါဘူး။ ဒါ​ပေမဲ့ စိတ္တဇလူသတ်သမားဇာတ်ရုပ်မျိုးကို သရုပ်​ဆောင်မယ်ဆိုရင်လည်း သူ့အတွက် အခက်အခဲမရှိ သရုပ်​ဆောင်နိုင်မှာ မလွဲမ​သွေပါပဲ။

Source : Soompi
Photo : Instagram, Pinterest
Written : ZL

Share